အင်္ဂလန်ဖျော်ဖြေရေး မသွားခင် ဂစ်တာကြော်ငြာရိုက်ခဲ့တဲ့ မျိုးကြီး

‘တိုက်နှစ်လုံး’ ဂစ်တာ၊ ဂစ်တာကြိုးကြော်ငြာကို ဇူလိုင်လ(၈) ရက်နေ့မှာ ချစ်စမ်းမောင်နဲ့မျိုးကြီးတို့က ဒါရိုက်တာ
အေးဇော်မိုး(စက်မှု)နဲ့အတူ ရိုက်ကူးခဲ့ပါတယ်။

 တိုက်နှစ် လုံး ဂစ်တာကြော်ငြာကိုချစ်စမ်းမောင်နဲ့ အတူရိုက် ကူးခဲ့တဲ့ မျိုးကြီးက ကြော်ငြာရိုက်ကွင်း အတွေ့အကြုံကို အခု လို ပြောပြပါတယ်။ 

”ဒီ’တိုက်နှစ်လုံး’ကြော်ငြာကို ဂစ်တာဆိုင်ကြော်ငြာတာမို့လို့ ရိုက်တာ။ ဂစ်တာဆိုတော့ ကျွန်တော်တို့ ကြော်ငြာချင် တယ်
 လေ။ ကိုယ်လည်း ဂီတသမားဖြစ်နေတော့ ဝါသနာပါတယ်။ 

တခြား ပစ္စည်းတွေတောင် ကျွန်တော်တို့ကြော်ငြာကြသေး တာပဲ။ ဒါကိုလည်းလုပ်သင့်တယ် ထင်လို့လုပ်တာပါ”လို့ ဂစ်တာ၊ ဂစ်တာကြိုးနဲ့ပတ်သက်တဲ့ ကြော်ငြာရိုက်ကွင်း အကြောင်း ပြောပါတယ်။

ဇူလိုင်လ၉ရက်နေ့၊ ညနေမှာ  အင်္ဂလန်နိုင်ငံကိုတစ်ပတ်ကြာ ဖျော်ဖြေရေး ထွက်ခွာသွားပြီဖြစ်ပြီး ပြည် ပဖျော်ဖြေ
 ရေးတွေမှာ အသစ်ထွက်တဲ့ အခွေထဲက သီချင်းတွေကိုအများဆုံး ဖျော်ဖြေပေးကာ ပရိသတ်တွေက သီချင်း အဟောင်းတွေလည်း တောင်းဆိုတာကြောင့် ကိုယ်ပိုင်သံစဉ်ရော၊ ကော်ပီပါမျှပြီး သီဆိုဖြစ်ကြောင်း မျိုးကြီးက ဆိုပါတယ်။ ‘ယူလိုက်’တေးစီးရီးစီဒီထွက်ပြီး ဗီစီဒီကိုမျှော်နေကြတဲ့ ပရိသတ်တွေ အတွက်မျိုးကြီးက”ယူလိုက်ဗီစီဒီက ထွက်ဖို့တစ်လလောက် ကြာဦးမယ် ထင်ပါတယ်။ တစ်လလောက်စောင့်ပြီးရင် ပရိသတ်တွေကြည့်ကြရ မှာပါ”လို့ ပြောပါတယ်။

0 မှတ်ချက်များ for "အင်္ဂလန်ဖျော်ဖြေရေး မသွားခင် ဂစ်တာကြော်ငြာရိုက်ခဲ့တဲ့ မျိုးကြီး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++