လူငယ် ဂီတသမား များစုပေါင်းတွေ့ စုံ

ဇူလိုင် ၁၆ ရက် ၊နေ့လည်  ၁ နာရီက ရန်ကုန်မြို့၊  Park Royal Hotel မှာ ဂီတလောကမှ လူငယ် ဆို-ရေး-တီး ပညာရှင်များ အရေးပေါ် အစည်းအဝေး တစ်ခု ခေါ်ယူစုဝေးခဲ့ကြပါတယ်။

 တေးသံရှင် ဖြူဖြူကျော်သိန်း၊အနဂ္ဂ၊ သံသာဝင်း တို့ ဦးဆောင်တဲ့ လူငယ် အနုပညာရှင် ၁၀ ဦး ဇူလိုင် ၁၁ ရက်နေ့ ကနေပြည်တော်၊လွှတ်တော်ရုံးခန်းမှာ ဥက္ကဌသူရဦးအေးမြင့် ဦးဆောင်တဲ့ ပြည်သူ့ ဆက် ဆံရေးကော်မီတီနဲ့ တွေ့ဆုံဆွေးနွေးခဲ့မှု များကို ဂီတမောင် နှမများကို ပြန်လည်ရှင်းပြပြီး မကြာမီ အသစ်ရွေးချယ်တော့မယ့် ဂီတအစည်းအရုံး အလုပ် အမှုဆောင်အဖွဲ့သစ်မှာလူငယ်တွေရဲ့ ဂီတသစ် အ လွှာ ကိုတိုးချဲ့ဖွဲ့စည်းရေးကို ပြည်သူ့ ဆက်ဆံရေး
 ကော်မီတီ ရဲ့ထောက်ခံမှုအရ ဆက်လက်ဆောင် ရွက် ကြဖို့ ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ 

ဂီတအစည်းအရုံး ရွေးကောက်ပွဲ ကြီးကြပ်ရေး ကော် မီတီဝင်တစ်ချို့ရဲ့ နှေက် ယှက်ဟန့်တားမှုတွေမျိုးစု နဲ့ကြုံခဲ့ကြရပေမယ့် ဂီတသစ် လူငယ်လေးတွေရဲ့ အံ့မခန်း ညီညွတ်တဲ့စွမ်းအားကြောင့် သူတို့လိုလား တဲ့အရာကိုရရှိခဲ့ပြီဖြစ်ပါတယ်။ 

သူတို့တွေ့ဆုံဆွေးနွေးမှုမပြီးခင်မှာဘဲ မြန်မာနိုင်ငံဂီ တအစည်းအရုံး အလုပ်အမှုဆောင်တစ်ဦးဖြစ် တဲ့
တေးသံရှင်နွဲ့ယဉ်ဝင်း ရဲ့ အဆိုပြုလွှာ ကို ဂီတအ စည်းအရုံး ရွေးကောက်ပွဲ ကြီးကြပ်ရေးကော်မီတီ က ပယ်လိုက်တယ်လို့သတင်းဝင်လာတဲ့အတွက် အစည်းအဝေးကိုရပ်နားပြီး အနုပညာမောင်နှမတွေအားလုံး တာမွေမြို့ နယ်မှာရှိတဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) ကိုစုဝေးကာသွားရောက်ပြီး လက်ရှိ ဂီတအစည်းအရုံး ဥက္ကဌ ကိုပွင့် လင်းစွာဝေဖန်ဆွေးနွေးခဲ့ကြပါတယ်။ မကြခင်ရက်ပိုင်းမှာ ရွေးကောက်ပွဲ ရက်ကြေညာဖို့ရှိပါတယ်။

ဇူလိုင် ၁၇ ရက်မှာ ဂီတသစ်လူငယ်များနဲ့ ဂီတအစည်းအရုံး ရွေးကောက်ပွဲ ကြီးကြပ်ရေးကော်မီတီ အကြေအ လည်ဆွေးနွေးကြမှာဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့ ဂီတမောင်နှမများ လာရောက်လေ့လာဆွေးနွေးကြဖို့လည်း ဂီတသစ်လူငယ်များက ဖိတ်ခေါ်ထားပါတယ်။

ဂီတသစ် အလွှာပေါ်ပေါက်ရေးအတွက် ပါဝင်ထောက်ခံအားပေး ကူညီနေကြ သူတွေထဲမှာ စတီရီယို အလွှာက
တေးရေး-မြင့်မိုးအောင်။ကေ အေ တီ၊ ညီညီသွင်၊နောင်နောင်(ဆန်းဖလားဝါး)၊အောင်နိုင်စန်း၊စောခူဆဲလ်၊ မင်းချစ်သူ တို့အပြင် စတီရီယို တေးသံရှင်တွေဖြစ်ကြတဲ့ ဇော်ပိုင်၊R ဇာနည်၊ L လွန်းဝါ၊J မောင်မောင်၊သားစိုး၊Acid,Big Bag,Metal Zone Band တွေနဲ့ တေးသံရှင် ဟေမာနေ၀င်း၊ကော်နီ၊ကဗျာဘွဲ့မှူး၊အိမ့်ချစ်၊ကာကာ၊သဇင်သင်း၊ သျှီ၊မေစပယ်ညို၊နော်လီဇာ စတဲ့ ထင်ရှားတဲ့ အနုပညာရှင်များစွာပါဝင်ကြပါ တယ်။

Credit: Facebook Shwe Than Zin

0 မှတ်ချက်များ for "လူငယ် ဂီတသမား များစုပေါင်းတွေ့ စုံ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++