ဥပဒေတို့၏ သဘောသဘာဝ
ယေဘုယျအားဖြင့်
ဥပဒေဆိုသည်မှာ ပြည်သူလူထုလိုက်နာ ဆောင်ရွက်ရန်အတွက် နိုင်ငံ၏
သဘောဆန္ဒ အတိုင်းပြု လုပ် စီမံရသော စည်းကမ်းသတ်မှတ်ချက်အစုအဝေးများဖြစ်၏။
ထိုစည်းကမ်းသတ်မှတ်ချက်များကို မလိုက်နာသော သူတို့ အပေါ်၌
အစိုးရအာဏါပိုင်တို့က အပြစ်ပေးအရေးယူရခြင်း သည်။ ဥပဒေ၏သဘော
သဘာဝပင်ဖြစ်ပါ သည်၊၊
ဥပဒေတို့သည် စုဝေးနေထိုင်ကြသော လူသားတို့လိုက်နာရန် အမိန့်အာဏာတမျိုး
ဖြစ်လေရာ ထိုအမိန့်အာဏာ တို့ ကို လိုက်နာကြရမည်ဟူ၍
နိုင်ငံအစိုးရအာဏာပိုင်တို့က ကြပ်မတ်၍၊ အခိုင်အမာ ပြုရလေသည်၊၊
တနည်းအားဖြင့်ဆိုလျှင်
ဥပဒေများပြဌာန်းရခြင်း၏ ရည်ရွယ်ချက်မှာ အပြစ်ကင်းမဲ့သူကို အကာအကွယ်ပေးရန်
နှင့် အပြစ်ကျူးလွန်သူကို အပြစ်ပေးရန်ပင်ဖြစ်သည်။
ဥပဒေရေးရာတွေးခေါ်
မြော်မြင်မှုသဘောတရားများ နှင့် စပ်လျှဉ်း၍ Natural Law Schools ခေါ်
သဘာဝဥပဒေကို အဓိကထားသော (ဂိုဏ်း) ကျောင်းတော်ကြီး များနှင့် Positive Law
Schools ခေါ် လူသားတို့ပြုလုပ် ပြ ဌာန်းသော ဥပဒေကို အဓိကထားသော (ဂိုဏ်း)
ကျောင်းတော် ကြီးများပေါ်ပေါက်ခဲ့ပြီး၊ ဥပဒေရေးရာ အယူအဆများကို
၎င်းတို့ ၏ရှု့ဒေါင့်အသီးသီးမှ အပြိုင် အဆိုင်ဖေါ်ထုတ်ခဲ့ ကြသည်။
သဘာဝဥပဒေသဘောတရားဂိုဏ်း
ပညာရှင်များက ဥပဒေဟူသည်မှာ သဘာဝတရားမျှတမှု ရရှိမှသာလျှင် ဥပဒေဖြစ်သည်။
သို့မှသာလျှင် ဥပဒေသည် ပြည့်စုံသောတရားမျှတမှု Perfect Justice ကို
ပေးနိုင်မည်၊ ရနိုင် မည်ဖြစ်သည်။ ထို့ကြောင့်
ကိုယ်ကျင့်တရားဆိုင်ရာဥပဒေများ၊ ဘာသာတရားဆိုင်ရာဥပဒေများသည်သာ
ဥပဒေဖြစ် သည်ဟုယူဆပြီး၊ ဖေါ်ထုတ်ခဲ့ကြခြင်းဖြစ်ပေသည်။ အဆိုပါအဖွဲ့ကဖေါ်ထုတ်သော
ဥပဒေအမျိုး အစားကို ကိုယ်ကျင့် တရားဆိုင်ရာဥပဒေ (သို့)
ကိုယ်ကျင့်တရားပညာရပ်ဆိုင်ရာဥပဒေ ဟုလည်းခေါ်ကြ သည်။
ပြုလုပ်ပြဌာန်းဥပဒေ သဘောတရားပညာရှင်များကမူ ဥပဒေဆိုသည်မှာ နိုင်ငံတော်၏
လူမှုစီးပွားစနစ်၊ လူမှု နိုင်ငံရေး စနစ်
အခြေခံပေါ်တွင်ပေါ်ပေါက်လာခြင်းဖြစ်ပြီး၊ ကာလ၊ ဒေသ၊ အခြေအနေကိုလိုက်၍
တိုးတက် ပြောင်း လဲလျှက် ရှိသည့်အခြေအနေနှင့် လိုက်လျှောညီထွေရှိမည့်
ဥပဒေများကို ဥပဒေပြုအာဏါပိုင်အဖွဲ့က ပြုလုပ်ပြဌာန်းပေးရမည်။
ဥပဒေအာနိသင်ရှိစေရန်အတွက် ခေတ်ကာလအခြေအနေနှင့် မကိုက်ညီ မဆီလျှော်
တော့သောဥပဒေများ ကို ပြင် ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ပြဌာန်းခြင်းများကို
ဥပဒေပြုယန္တယားက ပြုလုပ် ဆောင်ရွက်ပေးရမည်၊ ဥပဒေဟူ သည်မှာ
အစဉ်အမြဲရှင်သန်နေရမည်ဟု ယူဆဖေါ်ထုတ်ခဲ့ကြပေသည်။
ပညာရှင်ဂျွန်အော်စတင်
က ဥပဒေဆိုသည်မှာ နိုင်ငံတော်ကအသိအမှတ်ပြုထားပြီး တရားသဖြင့် အုပ်ချူပ်ရာ
တွင် အသုံးပြုသည့် အလုံးစုံသော စည်းမျဉ်းများဖြစ်သည်ဟု ဆိုခဲ့သည်။
ဥပဒေစစ်စစ်ဆိုသည်မှာ လူသားတို့ မလိုက်နာ လျှင်မနေရသည့် အမိန့်သာဖြစ်၍
ယင်းအမိန့် မဟုတ်သောဥပဒေသည် ဥပဒေဟုခေါ်သော်လည်း အမှန်စင်စစ်
ဥပဒေစစ်စစ်မဟုတ်ဟု ဆိုထား လေသည်။
တရပ်ဗီဆိုသူ ပညာရှင်က ဥပဒေဆိုသည်မှာ ယေဘုယျဆန်သည်ဖြစ်စေ၊ တိကျသည်ဖြစ်စေ၊
ရေးသားထား သည်ဖြစ်စေ၊ ရေးသားမထားသည်ဖြစ်စေ လူတို့၏ခံစားချက် (သို့မဟုတ်)
ရပိုင်ခွင့် အသိတရားမှပေါ်ပေါက်လာ သည့် အလုံးစုံသော
စည်းမျဉ်းများဖြစ်သည်ဟုဆိုသည်၊၊
သိပ္ပံနည်းကျဆိုရှယ်လစ်ဝါဒကိုဖေါ်ထုတ်သူ
ကားလ်မတ်က ဥပဒေဆိုသည်မှာ နိုင်ငံတော်ကချမှတ်သော ဥပဒေ များနှင့်တကွ
ဥပဒေကဲ့သို့သတ်မှတ်နိုင်သောဓလေ့ထုံးစံတို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။
ဆိုရှယ်လစ်ဥပဒေ ဆိုသည်မှာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအပေါ်
အခြေခြုံပုထားခြင်းဖြစ်သည်ဟု ဖေါ်ထုတ်ခဲ့သည်။
Marx
ဝါဒီတို့၏အလိုအရ ဥပဒေဆိုသည်မှာ နိုင်ငံတော်က ဥပဒေများအဖြစ် ချမှတ်ထားသော
လူ့အပြုအမူ ဆိုင်ရာ စည်းကမ်းချက်များ (သို့) နိုင်ငံတော်က
တနည်းမဟုတ်တနည်းဖြင့် အသိအမှတ်ပြုထားသော လူ့အပြု
အမူဆိုင်ရာ စည်းကမ်းချက်များကို စုပေါင်းထားခြင်းပင်ဖြစ်သည်ဟု ဆိုသည်။
လီနင်ကမူ ဥပဒေဟူသည် အောင်ပွဲခံ၍ နိုင်ငံတော်အာဏာကိုပိုင်ဆိုင်သော လူတန်းစားတို့၏ ဆန္ဒဖေါ်ထုတ် ချက်ဖြစ်သည်ဟူ၍ ဆိုခဲ့သည်၊၊
ထို့ကြောင့် ဥပဒေကိုခွဲခြမ်း စိတ်ဖြာလျှင် -
(၁) နိုင်ငံတော်မှ ပြဌာန်းသည့်ပြဌာန်းချက်ဖြစ်ရမည်၊ (Politically)
(၂) ယင်းပြဌာန်းချက်သည် တိကျသောပြဌာန်းချက်ဖြစ်ရမည်၊ (Politically)
(၃) ယင်းပြဌာန်းချက်သည် နိုင်ငံတနိုင်ငံအတွင်းရှိ လူပုဂ္ဂိုလ်မရွေး၊
အဆင့်အတန်းမရွေး နိုင်ငံသားအားလုံးနှင့် သက် ဆိုင်သည့်ပြဌာန်းချက်ဖြစ်ရမည်။
(Specificity)
(၄) ပြဌာန်းချက်ကိုဖေါက်ဖျက်သည့်အခါ ပြစ်ဒဏ်ပေးမည်ဆိုသည့် ပြဌာန်းချက်ပါရှိရမည်၊ (Uniformity) ဆိုသည့် အချက်များပါရှိသည်ကို တွေ့ရမည်ဖြစ်ပေသည်။
ထို့ကြောင့်
ဥပဒေဟူသည် နိုင်ငံတနိုင်ငံတွင် ဥပဒေပြုအာဏာပိုင်က
နိုင်ငံအတွင်းနေထိုင်သည့် ပြည်သူတို့ လိုက်နာ ကျင့်သုံးရန်အတွက် လူမျိုး၊
ဘာသာ၊ အယူဝါဒ၊ ဇာတ်ခွဲခြားခြင်းမရှိဘဲ ဆောင်ရန် ရှောင်ရန် သတ်မှတ် ထားသည့်
အမိန့် (စည်းကမ်း ) များပင်ဖြစ်ဟု တွေ့ရှိရမည်ဖြစ်သည်၊၊
ဥပဒေရေးရာ
ဒဿနပညာရှင်များနှင့် ဥပဒေပညာရှင်များသည် ဥပဒေဟူသောစကားရပ်ကို
မိမိတို့လေ့လာ တွေ့ရှိ ချက်မှ အယူအဆများ၊ သီအိုရီများအဖြစ်
ဖော်ထုတ်ဖွင့်ဆိုခဲ့ကြသည်။ ဥပဒေဖွင့်ဆိုချက်များကို ကမ္ဘာ့ ပညာရှင်ကြီး များ၏
ဖွင့်ဆိုချက်များမှာ ခြုံငုံ၍ဖော်ပြရလျှင် ဥပဒေဟူသည်
(၁) အမျှော်အမြင်ကြီးသူ၏ သတ်မှတ်ချက်စည်းမျဉ်းများ၊ (သို့)လူသားများလိုက်နာရမည့် စည်းကမ်းများ၊ (သို့) နှုတ် ခပါဋ် ပညတ်တရားများ။
(၂) ရှေးဟောင်းဓလေ့ထုံးတမ်းများ။
(၃) သဘာဝတရားမှ တွေ့ရှိရယူလာသော လူသားတို့လိုက်နာသင့်သည့် အပြုအမူဆိုင်ရာ မူပိုင်သတ်မှတ် ချက်များ။
(၄) အပြုအမူဆိုင်ရာစည်းမျဉ်းသတ်မှတ်ချက်များ။
(၅) ပြောင်းလဲ၍မရသော (၀ါ) အစဉ်တည်မြဲနေရမည့် ကိုယ်ကျင့်တရားဥပဒေ၏ ကျေညာချက်များ၊ တွေ့ရှိချက်များ
(၆) နိုင်ငံရေးအရ စုစည်းထားသော လူမှုအဖွဲ့အစည်းတခု၏ သဘောတူညီချက်များ။
(၇) အချုပ်အချာ အာဏာပိုင်သူ၏ အမိန့်များ။
(၈) လူသားတို့၏ တဦးချင်းလွတ်လပ်မှုဆိုင်ရာ အခွင့်အရေးများ။
(၉) တဦးချင်းအခွင့်အရေးနှင့် လူ့အဖွဲ့အစည်းတို့၏ ဆက်စပ်မှုပိုင်ခွင့်များ။
(၁၀) လူတန်းစားတရပ်က အခြားလူတန်းစားတရပ်ကို ချုပ်ကိုင်နိုင်ရန်
စည်းကမ်းနည်းဥပဒေ၏ စနစ် (သို့မဟုတ်) နည်းဥပဒေစုများဟူ၍ ဖြစ်သည်ဟု
ဖွင့်ဆိုခဲ့ကြသည်။
ဤသို့
ဖွင့်ဆိုခဲ့ကြသော်လည်း၊ သဘာဝဥပဒေ၏ သီအိုရီသည် (၁၈) ရာစုမှစ၍ ဘုရင်စနစ်
ဖွဲ့စည်းပုံအခြေခံမှ တဦး ချင်း လူ့အဖွဲ့အစည်းဝင်များ၏
ဆက်ဆံရေးအခြေခံဖွဲ့စည်းပုံ တိုးတက်လာခြင်းကြောင့် လူသားတို့၏ ဥပဒေ ရေးရာ
အခွင့်အရေးများး တိုးတက်လာခဲ့ပေသည်။
ထို့အတူ
တိုးတက်နေသည့် လူ့အဆောက်အအုံ၏ လိုအပ်ချက်များဖြစ်သည့် ဥပဒေရေးရာ
သဘာဝအခွင့်အရေး များနှင့် ဥပဒေပြုလုပ်ပိုင်ခွင့်များ၊
နှစ်ဦးနှစ်ဘက်သဘောတူညီမှုဆိုင်ရာ ပိုင်ခွင့်များ တိုးတက်လာသည်။ ပြဌာန်း
လာသည့်ဥပဒေများကို တရားရုံးများကလိုက်နာကျင့်သုံး
အကောင်အထည်ဖေါ်ကြခြင်းဖြင့် သဘာဝဥပဒေနှင့် ဓလေ့ထုံးတမ်းဥပဒေ (သို့)
ဥပဒေပြုခြင်းမှ ထွက်ပေါ်လာသော ဥပဒေများဟူ၍ ကွဲပြားခဲ့ပေသည်။
မြန်မာနိုင်ငံ၏ ဥပဒေပညာရှင်များကလည်း “ဥပဒေကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။
မြန်မာနိုင်ငံ၏ ဥပဒေပညာရှင်ကြီး တဦးဖြစ်သော ဒေါက်တာ ဘဟန်သည် ၎င်း၏
“မြန်မာနိုင်ငံနှင့် အိန္ဒိယဥပဒေသမိုင်း” စာအုပ်တွင်“ ဥပဒေဟူသည် နိုင်ငံသူ
နိုင်ငံသားတို့၏ အခွင့်အရေးများနှင့် တာဝန်တို့ကို သတ်မှတ်ပေးသည့်
စည်းကမ်းနည်းဥပဒေစုပင်ဖြစ်သည်။
ယင်းတို့၏ တာဝန်နှင့် အခွင့်အရေးကို
နိုင်ငံနှင့်ဆက်သွယ်သော အခါ ဖြစ်စေ၊ နိုင်ငံသားအချင်းချင်း
ဆက်သွယ်သော အခါဖြစ်စေ၊ အခွင့်အရေးနှင့်တာဝန်ကို ဖော်ပြထားခြင်း ဖြစ် သည်” ဟု
လည်းကောင်း - - -
ဥပဒေကို မည်သို့ပင် အဓိပ္ပာယ်ဖွင့်ဆိုကြစေကာမူ၊ အဓိကမှာ နိုင်ငံ၏တာဝန်သည် နိုင်ငံသူနိုင်ငံသား တို့၏
(က) အခွင့်အရေးကို ကာကွယ်ရန်၊
(ခ) တာဝန်ကို သတ်မှတ်ပေးရန်၊
(ဂ)
နိုင်ငံသားအချင်းချင်း ပဋိပက္ခဖြစ်မှုကို မျှတစွာဖြေရှင်းနိုင်မည့် နည်းဥပဒေ
စည်းကမ်းများ သတ်မှတ်ပေးရန် ဖြစ်သည်ဟု လည်းကောင်း - - -
နိုင်ငံသည် ယင်းလုပ်ငန်းတို့ကို ဆောင်ရွက်ရန်အတွက်
အမှားအမှန်နှင့်ပတ်သက်သည့် သဘောတရား များကို
အာဏာသက်ရောက်စေရန်ဆောင်ရွက်ရသည်။ ယင်းစနစ်တွင် အမိန့်၊ တိကျမှု၊ တရားမျှတမှု
တို့သည် အခြေခံလက္ခဏာရပ်များဖြစ်သည်။ ဤသို့ အခြေခံထားသော အမှားအမှန်သဘောတရား
(သို့) အပြုအမူဆိုင် ရာ စည်းကမ်းနည်းဥပဒေများပင် နိုင်ငံ၏ဥပဒေ ဖြစ်သည်ဟု
ဖွင့်ဆိုခဲ့သည်။
၂ - ၂။ ဥပဒေကိုလက်တွေ့ကျင့်သုံးဆောင်ရွက်ခြင်း Enforcement of Law
လူတို့၏ယဉ်ကျေးမှုများ ထွန်းကားလာသည်နှင့်အတူလိုက်၍ ဥပဒေစနစ်များနှင့် ဥပဒေ
များလည်း ပေါ်ပေါက်ခဲ့ပေ သည်။ နိုင်ငံရေး၊ စီးပွားရေး နှင့်
လူမူရေးအခြေအနေအမျိုးမျိုးအောက်၌ လိုက်လျှောညီထွေရှိမည့်
ဥပဒေအမျိုးမျိုးကို လူသားတိြု့ပလုပ်ပြဌာန်းခဲ့ကြပေသည်။ မည်သို့ပင်
ဥပဒေစနစ်များကွဲပြားစေကာမူ၊ ဥပဒေ အမျိုးမျိုးကွဲပြားစေကာမူ
ဥပဒေတခုဖြစ်ရန်အတွက်လိုအပ်သော အခြေခံအင်္ဂါရပ်များရှိရန်လိုပါသည်။ ထိုအခြေခံ
အင်္ဂါရပ်များပြည့်စုံနိုင် သမျှ
ပြည့်စုံလေလေ ဥပဒေ၏လေးနက်မှုပိုရှိလေဖြစ်သည်။ တနည်းအားဖြင့်ဆိုလျှင် ဥပဒေ၏အခြေခံအင်္ဂါရပ်များပြည့်စုံ နိုင်သမျှ ပြည့်စုံသည်နှင့်အမျှ ဥပဒေကိုလက်တွေ့ ကျင့်သုံးဆောင်ရွက် အကောင်အထည်ဖေါ်ရာတွင် ထိရောက်ပီပြင် မှုရှိသည်ကို တွေ့ရမည်ဖြစ်ပေသည်။
ပြည့်စုံလေလေ ဥပဒေ၏လေးနက်မှုပိုရှိလေဖြစ်သည်။ တနည်းအားဖြင့်ဆိုလျှင် ဥပဒေ၏အခြေခံအင်္ဂါရပ်များပြည့်စုံ နိုင်သမျှ ပြည့်စုံသည်နှင့်အမျှ ဥပဒေကိုလက်တွေ့ ကျင့်သုံးဆောင်ရွက် အကောင်အထည်ဖေါ်ရာတွင် ထိရောက်ပီပြင် မှုရှိသည်ကို တွေ့ရမည်ဖြစ်ပေသည်။
ဥပဒေများကိုမည်သူတွေက မည်သို့မည်ပြုံပလုပ်၍ မည်သူတွေကို
မည်သို့မည်ပုံလိုက်နာစေသည်ကို ခွဲခြမ်းစိတ်ဖြာ ကြည့်လျှင်
ဥပဒေပြုပိုင်ခွင့်ရှိသော အာဏာပိုင်အဖွဲ့အစည်းတရပ်ရပ်က စည်းနှောင်အားရှိသော
ပြဌာန်းချက် (ဥပဒေ) များကြိုပလုပ်၍ ယင်းဥပဒေများသက်ဝင်လှုပ်ရှားစေမည့်
အစီအမံများဖြင့် သက်ဆိုင်ရာ လူထု၊ လူတန်းစား (သို့) နိုင်ငံသားများကို
လိုက်နာစေခြင်းဖြစ်ကြောင်း တွေ့ရမည်ဖြစ်ပေသည်။
၂ - ၂ - ၁၊၊ ဥပဒေပြူပိုင်ခွင့်ရှိသော အဖွဲအစည်း (Legislative body)
နိုင်ငံတနိုင်ငံတွင် အချုပ်အခြာအာဏာကြီး (၃) ရပ်ဖြစ်သည့် ဥပဒေပြုအာဏာ၊
အုပ်ချုပ်ရေးအာဏာနှင့် တရားစီ ရင်ရေးအာဏာ တို့အနက် ဥပဒေပြုအာဏာသည်
အရေးကြီးဆုံးအာဏာ တခုဖြစ်သည်။ ထိုဥပဒေပြုအာဏာဖြင့် ဥပဒေများကို
ရေးဆွဲပြဌာန်းပြီးမှသာလျှင် အုပ်ချုပ်ရေး၊ တရား စီရင်ရေးစသည့် လုပ်ငန်း
ဆောင်တာများကို လုပ်ကိုင် နိုင်မည်ဖြစ်သည်။ တနည်းအားဖြင့် နိုင်ငံတော်သည်
မိမိမူဝါဒလမ်းစဉ်နှင့်အညီ ပြည်သူတရပ်လုံးအား ထိန်းချူပ်ကွပ် ကဲနိုင်ရန်အတွက်
သင့်လျှော်သည့် ဥပဒေများကို ရေးဆွဲပြဌာန်းရမည် ဖြစ်သည်။
၁၉၄၇ ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ
ဥပဒေဆိုသောစကားရပ်ကို ဖေါ်ပြခြင်းမှာ ပါလီမန် (သို့) ဥပဒေပြုရန်
အခွင့်အာဏာအပြည့်အ၀ရှိသော အာဏာပိုင်အဖွဲ့ကပြဌာန်းသော အက်ဥပဒေကို
ဆိုလိုသည်ဟု တရား ရုံးကထုတ်ဖေါ်ခဲ့သည်။ အမေရိကန် ပြည်ထောင်စု၏
ဥပဒေပြုမှုအာဏာသည် အထက် လွှတ်တော် (Senate) နှင့်
အောက်လွှတ်တော် (House of Representative) တို့ပါဝင်သော အမေရိကန် ပြည်ထောင်စု၏ကွန်ဂရက် (Cong ress) တွင် တည်သည် ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားပါသည်။
အောက်လွှတ်တော် (House of Representative) တို့ပါဝင်သော အမေရိကန် ပြည်ထောင်စု၏ကွန်ဂရက် (Cong ress) တွင် တည်သည် ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားပါသည်။
ဥပဒေပြုပိုင်ခွင့်ရှိသောအဖွဲ့အစည်းအား
နိုင်ငံအသီးသီးတွင် အမည်နာမအမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြသည်။ မည်သို့
ပင်ခေါ်ဝေါ်စေကာမူ ဥပဒေပြုခွင့်အာဏာရှိသည့် အဖွဲ့အစည်းသည် ပြည်သူလူထုမှ
မိမိတို့စိတ်ကြိုက် မဲဆန္ဒဖြင့်
ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များပါဝင်သော ဥပဒေပြုပိုင်ခွင့်ရှိသည့် အဖွဲ့အစည်းမှ ဥပဒေကို
ရေးဆွဲခြင်းဖြင့် ပြည်သူ၏ဆန္ဒအရ ဥပဒေကိုရေးဆွဲရခြင်း ဖြစ်ကြောင်းပေါ်လွင်ပေသည်။ ဥပဒေပြုခွင့်အာဏာ သည် ပြည်သူ၏လက်ထဲတွင်ရှိသည်ဆိုသည့် သဘောပင်ဖြစ်သည်၊၊
ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များပါဝင်သော ဥပဒေပြုပိုင်ခွင့်ရှိသည့် အဖွဲ့အစည်းမှ ဥပဒေကို
ရေးဆွဲခြင်းဖြင့် ပြည်သူ၏ဆန္ဒအရ ဥပဒေကိုရေးဆွဲရခြင်း ဖြစ်ကြောင်းပေါ်လွင်ပေသည်။ ဥပဒေပြုခွင့်အာဏာ သည် ပြည်သူ၏လက်ထဲတွင်ရှိသည်ဆိုသည့် သဘောပင်ဖြစ်သည်၊၊
ဥပဒေပြုပိုင်ခွင့်ရှိသော အဖွဲ့အစည်းများ၏ သမိုင်းကြောင်းကို
သုံးသပ်ကြည်မည်ဆိုပါက ဒီမိုကရေစီ ဟူသော ဝေါ ဟာရကိုစတင်၍ ထင်ရှားစေခဲ့သော
ဂရိစစ်သူကြီး ပေရီကလီ ခေတ်၌ ပေါ်ထွန်းလာခဲ့သော အေသင် မြို့ပြနိုင်ငံ၌
လူထုကောင်စီသည် ဥပဒေပြုခွင့်ရှိသည့် အဖွဲ့အစည်းပင်ဖြစ်သည်။ လူထုကောင်စီတွင်
အေသင်မြို့ပြ နိုင်ငံရှိလူမျိုး နွယ်စုဆယ်စုမှ တစုလျှင်ကိုယ်စားလှယ် (၅၀)
ကျစီ ရွေးချယ်၍ စုစုပေါင်းကိုယ်စားလှယ် (၅၀၀) ပါ ၀င်လေသည်။
၎င်းကောင်စီသည်
အဓိကအားဖြင့် အေသင်မြို့ပြနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေများ၊ တရားဥပဒေ
များကို အမြဲတမ်း ဆန်းစစ်ကာ ဥပဒေအဟောင်းများကိုရုပ်သိမ်းခြင်း၊
ပြင်ဆင်ခြင်း၊ အသစ်သတ်မှတ်ခြင်းစသည် တို့ကိုပြုလုပ်သည်။ ၎င်းကောင်စီသည်
ဥပဒေပြုခြင်းအပြင်၊ အုပ်ချုပ်ရေးလုပ်ငန်းနှင့် တရားစီရင်ရေး လုပ်ငန်း၌
လည်း ပါဝင်ဆောင်ရွက် ကွပ်ကဲပိုင်ခွင့်ရှိသည်။
သို့ရာတွင်လူထုကောင်စီသည်
အချုပ်အခြာအာဏာပိုင်အဖွဲ့ဖြစ်သော်လည်း အရေးကြီးသော လုပ်ငန်းဟူသမျှ တို့ကို
လူထုအစည်းအဝေးကြီးသို့ အမြဲတင်ပြ၍ ထိုလူထုအစည်းအဝေးကြီးတွင်
လူထု၏ထောက်ခံအတည်ပြုမှု ကို ရယူပြီး မှသာလုပ်ငန်းကို အကောင်အထည်ဖေါ်ရသည်။
ဒီမိုကရေစီ ထွန်းကားခါစအချိန် ဖြစ်လင့်ကစား လူထုကောင်စီသည် မြို့ပြနိုင်ငံ၏
အရေးကြီးဆုံးသောလုပ်ငန်းဖြစ်သည့် တနိုင်ငံနှင့်တနိုင်ငံ စစ်ကြေညာခြင်း၊
စစ်ပြေငြိမ်းခြင်း၊ မဟာမိတ် စာချုပ်ချုပ်ဆိုခြင်း၊ အခွန်ကောက်ခြင်းနှင့်
အထွေထွေဥပဒေများကို ပြုပြင်မွမ်းမံ ပြဌာန်းခြင်းစသော ကိစ္စအရပ်ရပ် တို့ကို
လူထုအစည်းအဝေးကြီးသို့ အတည်ြုပထောက်ခံရန် တင်ပြပြီးမှသာ
ဆောင်ရွက်ခွင့်ရှိသည်။
လူထုဆန္ဒအရ အတည်ြုပပြီးသော လုပ်ငန်းဟူသမျှတို့ကို
လူထုကောင်စီသည် ပြည်သူ တရပ်လုံး၏ကိုယ်စား မိမိ၏ အမည်နာမကိုသုံးစွဲ၍
လုပ်ဆောင်ရသည်။ ထို့ကြောင့် ထိုခေတ်ထိုအခါသမယက ဂရိနိုင်ငံ၏
ဥပဒြေုပပိုင်ခွင့်ရှိသည့် လူထုကောင်စီသည် ဒီမိုကရေစီအပေါ်အခြေခံပြီး
အုပ်ချုပ်စီမံခဲ့ကြောင်း တွေ့ရပေသည်။
ဘီစီ
(၈) ရာစုခန့်၌ပေါ်ပေါက်ခဲ့သော စပါတာမြို့ပြနိုင်ငံတွင် အရွယ်ရောက်ပြီးစ
စပါတန် ယောက်င်္ကျားအားလုံး ပါဝင် သည့် အာပဲလား ခေါ်
ပြည်သူ့လွှတ်တော်တရပ်ရှိပြီး ထိုလွှတ်တော်က မြို့ပြနိုင်ငံ၏
အချုပ်အချာအာဏာကို ပိုင်ဆိုင် သည်။ သို့ရာတွင်ထိုလွှတ်တော်သည်
ဥပဒေပြုခွင့်လုပ်ငန်းကို ဆောင်ရွက်ခွင့်ပေးမထားချေ။ ဥပဒေပြု
လုပ်ငန်းရပ် များအတွက် အသက် (၆၀) ကျော် သက်ကြီးဝါကြီး (၂၈) ဦးကို
ရွေးချယ်ခန့်ထားဖွဲ့စည်းသော ရောန်ရှား ခေါ် ဥပဒေပြုကောင်စီတရပ်ကို
ထားရှိသည်။ ၎င်းကောင်စီအား ဥပဒေပြုခွင့်အာဏာအပ်နှင်း ထားသည်။
ရောမတို့၏
ဥပဒေပြုသမိုင်းကိုလေ့လာလျှင် ဘီစီ (၅၀၉) ခန့်၌ ရောမနိုင်ငံကိုသမတနိုင်ငံ
(Republic) အဖြစ် ပြောင်း လိုက်သည်မှစ၍ ပြောင်းလဲလာသော
အုပ်ချုပ်ရေးစနစ်အပေါ် ဥပဒေပြုမှု အခန်းကဏ္ဍသည်လည်း လူတန်းစားကွာ ဟမှုရှိခဲ့သည်။
ရောမနိုင်ငံတွင် အဆင့်ပေါင်းများစွာ ကျော်ဖြတ်ခဲ့ရသည်။
ရောမကို
သမတနိုင်ငံအဖြစ် ထူထောင်လိုက်သောအခါ ဦးစွာအိမ်ထောင်စုအလိုက်
စုဝေးနေထိုင်ကြသော လူမျိုးအုပ် စုမှ လူတိုင်းမဲဆန္ဒပေးနိုင်သော
ကော်မတီယားကူးရီယားတား ခေါ် ပြည်သူ့လွှတ်တော်ကြီးကို
အချုပ်အခြာ အာဏာ ပိုင်အဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ ပြည်သူ့လွှတ်တော်မှ
ကွန်စယ် (Consul) ခေါ်သမတနှစ်ဦးကို မူးမတ်များ ထဲမှ
ရွေးကောက်တင်မြှောက်ကြသည်။ ထိုသမတနှစ်ဦးအပြင် အုပ်ချုပ်ရာ၌
သမတကိုကူညီအကြံပေးနိုင်ရန် အမတ် ဦးရေ (၃၀၀) ပါဝင်သော ဆီးနိတ်ခေါ်
အတိုင်ပင်ခံလွှတ်တော်ကိုလည်း ပြည်သူ့ လွှတ်တော်မှ ရွေးကောက်ဖွဲ့ စည်းစေခဲ့သည်။
ရောမနိုင်ငံသည်
သမတနိုင်ငံဖြစ်လင့်ကစား လူနဲစုဖြစ်သောမူးမတ်တို့က အရာရာကို
လွှမ်းမိုးချုပ်ကိုင်လာကြ သည်။ မူးမတ်တို့သည် ကော်မီတီးယား ဆင်ကျူရီးယားတား
ခေါ် အဖွဲ့တခုဖွဲ့၍ ဆီးနိတ်လွှတ်တော်ကို လွှမ်းမိုး နေကြ သကဲ့သို့၊
တရားသူကြီးများမှာလည်း မူးမတ်အနွယ်များဖြစ်ကြ၍ မူးမတ်တို့၏
အကျိုးစီးပွားကို ကာကွယ် ခဲ့ကြသည်။
ထိုစဉ်က ရောမတို့၏ ထုံးတမ်းစဉ်လာ
ဥပဒေမှာ ငွေရှင်ကြေးရှင်တို့ကိုသာ အကာအကွယ်ပေး သော ဥပဒေသာဖြစ် သည်။
ထို့ကြောင့် မခံမရပ်နိုင်တော့သော ဆင်းရဲသားများသည် ဘီစီ (၅၀၀) ခန့်တွင်
ကော်မတီးယား ထရီဘူးတား ခေါ် လွှတ်တော်တရပ်ကို ဖွဲ့စည်းကာ
မှူးမတ်တို့၏လွှတ်တော်နှင့် စင်ပြိုင်ထောင် ခဲ့ကြသည်။
ထိုသို့လူတန်းစားနှစ်ရပ်သည် ပဋိပက္ခဖြစ်လာခဲ့ရာ၊ နောက်ဆုံး၌ ဆင်းရဲသားတို့
တောင်းဆိုသော အခွင့်အရေးကို လိုက်လျှောပေးခဲ့ရသည်။
ထိုသို့လူတန်းစားနှစ်ရပ် ပြန်လည်၍ ပူးပေါင်းလာသဖြင့် ဆင်းရဲသား တို့၏
အဖွဲ့အစည်း များသည်လည်း ရောမနိုင်ငံ၏အုပ်ချုပ်ရေးတွင် အာဏာရရှိလာခဲ့သည်။
ဆင်းရဲသားတို့၏ ကော်မတီးယား ထရီဘူး တား လွှတ်တော်သည်
ဥပဒေပြုလွှတ်တော်ဖြစ်လာခဲ့သည်၊၊
ဘီစီ
၄၅၄ - တွင် ဆင်းရဲသားတို့၏ေ တာင်းဆိုချက်များကို လိုက်လျှောလာရပြီး
ခိုင်မာသောဥပဒေများကို ပြဌာန်းရန် လိုအပ်လာသဖြင့် ဆီးနိတ်လွှတ်တော်မှ
ကော်မရှင်တခုကိုဖွဲ့စည်းစေကာ ဂရိနိုင်ငံသို့ သွားရောက် လေ့လာစေခဲ့ သည်၊၊
ဘီစီ ၄၅၁ - တွင် ဥပဒေလေ့လာရေးကော်မရှင် ဂရိနိုင်ငံမှ ပြန်ရောက်လာသောအခါ
ဆီးနိတ်လွှတ်တော်မှ အဖွဲ့ဝင် (၁၀) ဦးပါသည့် ဥပဒေရေးဆွဲရေးကော်မတီတရပ်ကို
ဖွဲ့စည်းပြီး (၂) နှစ်တိုင်တိုင် ရောမဥပဒေသစ်ကို ရေး ဆွဲစေသည်။
ထိုသို့ရေးဆွဲသော ရောမဥပဒေ (၁၂) ကျမ်းကို ပြည်သူ့လွှတ်တော်သို့
တင်ပြရာလူအများကလက်ခံ၍ အတည်ြုပကြသည်။ ရောမပြည်သူပြည်သားများက
အညီအညွတ်လက်ခံသော ထိုဥပဒေ (၁၂) ကျမ်းပါ အချက်အ လက်များကို ပြည်သူများစုဝေးရာ
ဖိုရမ် ခေါ် မြေကွက်လပ်ကြီး၌ လူတိုင်း ဖတ်ရှုနိုင်ရန် အက္ခရာတင်ထားခဲ့ကြသည်။
အဆိုပါ ရောမဥပဒေ (၁၂) ကျမ်း သည် ကမ္ဘာ့သမိုင်းတွင် ပထမ ဦးဆုံးအကြိမ်
လူသားတို့က အများဆန္ဒဖြင့် စံနစ်တ ကျ ရေးဆွဲပြဌာန်းခဲ့သော ဥပဒေဖြစ်ခဲ့ပေသည်၊၊
အချုပ်အခြာအာဏာဟုဆိုရာ၌
ဥပဒေပြုခွင့်အာဏာသည် အရေးကြီးကြောင်းဖေါ်ပြခဲ့ပြီးဖြစ်သည်၊၊ ဥပဒေ
ပြုခွင့်ရှိ သည့်အဖွဲ့အစည်းကို နိုင်ငံများစွာတို့တွင်
နာမည်အသီးသီးခေါ်ဆိုရာ၌ ပါလီမန်စံနစ်ကျင့်သုံးသော နိုင်ငံတွင် ပါလီမန်
(လွှတ်တော်) သည် အချုပ်အခြာအာဏာဖြစ်သည်ဟုခေါ်ကြသည်။ အကြောင်းမှာ ပါလီမန်
သည် ဥပဒေ ထုတ်ပြန်ခြင်းအရာ၌ အချုပ်အခြာဖြစ်ပြီး ဥပဒေကိုပြဌာန်းနိုင်ခြင်း၊
ပယ်ဖျက်နိုင်ခြင်းရှိသော ဌာနဖြစ် သည်။
၎င်းဌာနမှတပါး ဥပဒေများကို မည်သူမျှ
ပြောင်းလဲ၍မရချေ၊ ၎င်းအပြင် ထိုဌာန၏ တန်ခိုးအာဏာကို မည်သူတဦး တယောက်မျှ
ဖီဆန်ခြင်းငှာမစွမ်းနိုင်သောကြောင့် (သို့) တရားဥပဒေကို မလိုက်နာဘဲမနေရဟု
အတင်းအကြပ်ပြု နိုင်သောကြောင့် (sovereign defacto) အချုပ်အခြာအာဏာအစစ်ဟု
ခေါ်ဆိုရလေသည်၊၊
ယခုခေတ်ကာလတွင် (sovereign people) ခေါ် အချုပ်အခြာပြည်သူဟူ၍ရှိလာသည်။
တိုင်းနိုင်ငံတို့တွင် နိုင်ငံရေး အရာ၌ ပြည်သူလူထုသည် အချုပ်အခြာဟူ၍
ခေါ်ဆိုရခြင်းမှာ နိုင်ငံရေး ကိစ္စနှင့်ပတ်သက်၍ ခေါ်ခြင်း ဖြစ်သည်။
ဥပဒေကိုထုတ်ပြန်သောအစွမ်းသတ္တိကြောင့် ခေါ်ခြင်းမဟုတ်၊
ဥပဒေကိုထုတ်ပြန်သူများ အား ရွေးကောက်ပေး နိုင်သောကြောင့်ဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာ
နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာသဘောတူစာချုပ် အပိုဒ် (၂၅)
(က) တွင် နိုင်ငံသား တိုင်းသည် မည်သည့်ခွဲခြားကန့်သတ်ချက်မျှမရှိစေဘဲ
ပြည်သူလူထုရေးရာတွင် ကိုယ်တိုင်သော် လည်းကောင်း၊ လွတ်လပ်စွာရွေးချယ်ထားသော
မိမိ၏ကိုယ်စားလှယ် မှတဆင့်သော်လည်းကောင်း ပါဝင်
ဆောင်ရွက်ခွင့်ရှိကြောင်းပြ ဌာန်းထားပါသည်။ အချုပ်အားဖြင့်
အာဏာရှင်စံနစ်ကျင့်သုံးသော နိုင်ငံများမှလွဲ၍ ဒီမိုကရေစီနိုင်ငံများတွင်
အချုပ် အခြာအာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်ရမည်ဖြစ်သောကြောင့် နိုင်ငံတော်၏
အချုပ်အခြာအာဏာကြီး (၃) ရပ်အနက် အရေးကြီးဆုံးဖြစ်သော ဥပဒေပြုခွင့်အာဏာကို
ပြည်သူ လူထုကသာကျင့်သုံးဆောင်ရွက် ရမည် ဖြစ်ပေ သည်။
မြန်မာနိုင်ငံ ရှေ့ နေများကောင်စီ မှ

0 မှတ်ချက်များ for "ဥပဒေတို့၏ သဘောသဘာဝ"