မွန်စာပေ သင်ကြားရေး ဒေါ်လာတသန်း အစိုးရ ထောက်ပံ့မည်ဟု ဆို
ကျောင်းချိန်ပြင်ပတွင်
တိုင်းရင်းသားစာပေကို သင်ကြားခွင့် ပြု မည် ဖြစ်ပြီး မွန်စာပေသင်ကြားရေးအတွက်
တနှစ်လျှင် ဒေါ်လာ တသန်း ထောက်ပံ့သွားမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်နှင့် ဒီမိုကရေစီ
မိတ်ဆွေများပါတီများမှ ခေါင်းဆောင်များ ဗုဒ္ဓဟူးနေ့ က နေပြည်တော်တွင်
တွေ့ဆုံစဉ် ရထား ပို့ဆောင် ရေးဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။
တိုင်းရင်းသားဒေသများတွင်
ကျောင်းချိန်အတွင်း သင်ခန်းစာများ ကို တိုင်းရင်းသား ဘာသာနှင့် တွဲ၍
သင်ကြားပေးရန် မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ဒု-ဥက္ကဌ
ဒေါက်တာနိုင်လှ အောင်၏ တင်ပြချက်နှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးက သမ္မတ၏
ခွင့်ပြုချက်ဖြင့် ပြန်လည်ဖြေကြား လိုက်ခြင်း ဖြစ်သည် ဟု တွေ့ဆုံရာတွင် ပါဝင်သည့် ရခိုင်တိုင်းရင်းသားများ
တိုးတက် ရေးပါတီ (RNDP) အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။
မဆလ အစိုးရလက်ထက်က ပညာရေးဝန်ကြီးဌာန
ကျောင်းသုံးစာအုပ်ကော်မတီမှ ပုံနှိပ်ဖြန့်ဝေသည့် တတိ ယအကြိမ်ထုတ် သူငယ်တန်း
မွန်ဖတ်စာ မျက်နှာဖုံး “မွန်ပြည်သစ်ပါတီက နေပြီးတော့ မွန်ဒေသမှာ
တိုင်းရင်း သားဘာသာ စာသင်ကျောင်းတွေ အတွက် တင်ပြထားတာ ရှိတယ်။
အလှူရှင်များကလည်း လှူထားတာ ရှိတယ်။
ငြိမ်းချမ်းရေး ဖြစ်မြောက်လို့ရှိရင် အဲဒီလှူထားတာကို ငြိမ်းချမ်း ရေးဒေသတွေမှာ
ပြန်အသုံးချမှာ ဖြစ်တယ်။ မွန်စာသင်ကျောင်းတွေအတွက် တနှစ်ကို ဒေါ်လာတသန်း ပေး မယ်လို့
သူတို့ စီစဉ်ထားတဲ့အကြောင်းကို ဦးအောင်မင်းက ပြောတာပါ” ဟု မဇ္ဈိမကို
ပြောသည်။
AMDP မှ အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ဝန်ကြီး၏ ပြောဆိုချက် ကို စဉ်းစားသုံးသပ်ရန် လိုကြောင်းနှင့် နိုင်ငံတော် အစိုးရအနေနှင့် တိုင်းရင်းသားတိုင်း၏
ပညာရေးဌာနကို ဖွင့် လှစ်ပေးပြီး စာပေယဉ်ကျေးမှု ရေရှည်တည်တံ့အောင် တာဝန်ယူရန်
လိုကြောင်း ပြောသည်။
“အခုပေးပါတယ်ဆိုတဲ့ ဥစ္စာကလည်း
စနစ်တကျ ရေရှည်ပုံစံနဲ့ ပေးတာမဟုတ်ဘူး။ ဒီနှစ်ရပြီး နောင်နှစ်မရ ရင်မရဘူး။ ဒါက လတ်တလော
တောင်းဆိုမှုကို ဖြေသိမ့်တာများ ဖြစ်နေမလား။ ဒါက ကျနော်တို့ စဉ်းစား စရာ။
နိုင်ငံတော် အစိုးရအနေနဲ့ ရိုးရိုးသားသားနဲ့ ဒီလောက် ပွင့်လင်းလာတယ်၊ ဒီလောက်
စေတနာထား လာတယ် ဆိုရင်တော့ အများကြီး ဝမ်းသာပါတယ်” ဟု ဒေါက်တာဗညားအောင်မိုးက
ပြောသည်။
ကျောင်းချိန် ပြင်ပတွင်သာ အတန်းတင်
စာမေးပွဲအတွက် အကြုံးမဝင်သည့် မိခင်စာပေ သင်ကြားခြင်းမှာ တိုင်းရင်းသားကလေးငယ်များအတွက်
ဝန်ထုပ်ဝန်ပိုးဖြစ်လာစေနိုင်သည်သာမက ရေရှည်အကျိုးဖြစ်ထွန်းမှု နည်းပါးသည့်အတွက်
ကျောင်းချိန် တွင်းတွင်သာ စာမေးပွဲစနစ်ဖြင့် သင်ကြားလိုကြောင်း တိုင်းရင်းသားနိုင် ငံရေး
ခေါင်းဆောင်များက ပြောသည်။
“ကျောင်းပြင်ပဆိုတာ ကလေး ကစားချိန်၊
မလေးနက်တဲ့အချိန်။ အဲဒီတော့ ကျောင်းပြင်ပချိန်ကို စာသင်ခွင့် ပေးတယ် ဆိုတာ တိုင်းရင်းသားတွေကို
လုံးဝ ဂရုမစိုက်တဲ့ သဘောမျိုးလို့ မြင်ပါတယ်။ ဒါက ကောင်းစေချင် တဲ့ သဘောမျိုး
မဟုတ်ဘူး။ ဝတ်ကျေတန်းကျေ လုပ်တဲ့သဘောမျိုး။
ဒါ့ကြောင့် ကျနော်တို့ပါတီက ကျောင်း ပြင်ပချိန်ကို လက်မခံတာ” ဟု ဒေါက်တာဗညားအောင်မိုးက
ပြောသည်။
ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ်ပါတီ (SNDP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်း ဝါနုက “ကျောင်းချိန် အတွင်းကာယအချိန်မှာပဲ ဖြစ်ဖြစ်
ထည့်သွင်းပြီး သင်ကြားစေချင်ပါတယ်။ ဖြစ်နိုင်ရင်တော့ အတန်းတင် စာမေးပွဲမှာ လည်း ဖြေစေချင်တာပေါ့နော်။
အဲဒီတော့မှ ကျမတို့အတွက် လည်း ပိုပြီးတော့ အဓိပ္ပါယ် ရှိလာမယ်။ ကျမတို့
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက်ကော အဓိပ္ပါယ် ရှိလာမယ်” ဟု ဆိုသည်။
တိုင်းရင်းသားစာပေကို လွတ်လပ်ရေးအကြိုခေတ်တွင် စိတ်ကြိုက် ဘာသာရပ်အဖြစ်လည်းကောင်း၊ ပါလီ မန် ဒီမိုကရေစီခေတ်တွင်
မူလတန်းအောက်အဆင့်၌လည်းကောင်း၊ မဆလအစိုးရလက်ထက်တွင် ပညာ ရေး လက်တွေ့ ဖွံ့ဖြိုးရေးအချိန်၌လည်းကောင်း
သင်ကြားခွင့်ရခဲ့သော်လည်း အတန်းတင်အစီအစဉ်တွင် ပါဝင်ခြင်းမရှိသည့်အတွက် ထိုက်သင့်သလောက်
အကျိုးမရှိခဲ့ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ပြောသည်။
ကျောင်းချိန်ပြင်ပတွင်သာ
တိုင်းရင်းဘာသာကို သင်ကြားပေးရန် လျာထားကြောင်းကို ပညာရေးဝန်ကြီးဌာ နေပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြအေးကလည်း ဇွန်လ ၁၅ ရက်နေ့တွင် နေပြည်တော် ပညာရေးဝန်ကြီး ဌာန
အစည်းအဝေးခန်းမ၌ ကျင်းပသည့် တိုင်းရင်းသားဘာသာ သင်ကြားရေးအစည်းအဝေးတွင်
ပြောကြားခဲ့ဖူးသည်။
မိခင်ဘာသာ သင်ခန်းစာများကို
တိုင်းရင်းသားဆရာ/ဆရာမများ၊ တိုင်းရင်းဘာသာ ကျွမ်းကျင်သူများ ဝိုင်း ဝန်းစုပေါင်းပြုစုရမည်
ဖြစ်ပြီး သင်ခန်းစာနှင့် ဆရာ့လက်စွဲများကို အခြေခံပညာ သင်ရိုးညွှန်းတမ်း၊
သင်ရိုးမာ တိကာနှင့်ကျောင်းသုံး စာအုပ် ကော်မတီက ဦးဆောင်၍ တိုင်းရင်သားစာပေနှင့်
ယဉ်ကျေးမှု အသင်း (သို့မ ဟုတ်) တိုင်းရင်းသားစာပေ ပြန့်ပွားရေးအဖွဲ့တို့မှ
ပူးပေါင်းရေးဆွဲမည်ဖြစ်ကြောင်း ဒေါက်တာမြအေးက ပြော ဆိုသွားသည်။


0 မှတ်ချက်များ for "မွန်စာပေ သင်ကြားရေး ဒေါ်လာတသန်း အစိုးရ ထောက်ပံ့မည်ဟု ဆို"