အသက် ၁၄ နှစ်အောက် အာရှလူငယ် ဘောလုံးပြိုင်ပွဲ ကျင်းပရေးအတွက် ကြိုးပမ်းဆောင်ရွက်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF ဥက္ကဋ္ဌ နှင့်AFC လူငယ် ပြိုင်ပွဲများ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ  ဦးဇော်ဇော် သည် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင် ဇူလိုင်(၁၇)ရက် နေ့က ကျင်းပပြုလုပ်ခဲ့သည့် အာရှဘောလုံးအဖွဲ့ချုပ် AFC အစည်း အဝေးတွင် အသက် ၁၄ နှစ်အောက် အာရှလူငယ် ဘောလုံးပြိုင်ပွဲ ကျင်းပရေးအတွက်  ကြိုးပမ်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ယူ-၁၄ ပြိုင်ပွဲသည် ယခင်က လူငယ်ဘောလုံးပွဲတော် အဖြစ်သာ ကျင်းပခဲ့သော်လည်း လာမည့်နှစ် မှ စတင်ကာ ပြိုင်ပွဲအသွင်ဖြင့် ကျင်းပရန် ဦးဇော်ဇော်၏ ကြိုးပမ်းဆောင်ရွက်ရာတွင် အဖွဲ့ဝင်နိုင်ငံများ အ သီးသီးက သဘောတူ ဆုံးဖြတ် ခဲ့ကြခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လအတွင်း ဗီယက်နမ်နိုင်ငံတွင် ကျင်းပ ခဲ့သည့် ယူ-၁၃ အမျိုးသမီး ပြိုင်ပွဲမှာလည်း ယခင်က ဘောလုံးပွဲတော် အဖြစ်သာ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ပြိုင် ပွဲအသွင် ပြောင်းလဲ ကျင်းပခဲ့သည့်နှစ်တွင် မြန်မာအမျိုးသမီး အသင်းက ဒုတိယရရှိခဲ့သည်။ 

ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပမည့် ယူ-၁၄ ပြိုင်ပွဲ ခြေစစ်ပွဲစဉ်များအား လာမည့် ၂၀၁၃ ခုနှစ်တွင် ယူ -၁၆ ခြေစစ်ပွဲများ မစတင်မီ ကျင်းပသွားမည် ဖြစ်ပြီး နောက်ဆုံးအဆင့် ပြိုင်ပွဲကိုမူ အသင်း(၈)သင်းဖြင့် ၂၀၁၄ ခုနှစ်အတွင်း ကျင်းပမည်ဖြစ် သည်။ ဦးဇော်ဇော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အာရှဘောလုံး အဖွဲ့ချုပ် လူငယ်ပြိုင်ပွဲများ ကျင်းပရေး ဦးစီး ကော်မတီသည် အာရှ ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေး အတွက် ယူ-၁၄၊ ယူ-၁၆၊ ယူ-၁၉ နှင့် ယူ-၂၂ အဆင့် သက်တမ်း အလိုက်ပြိုင်ပွဲများကို သတ်မှတ် ကာလ အတိုင်း ပုံမှန်ကျင်းပပေးလျက်ရှိသည်။

အထက်ပါ အစည်းအဝေးတွင် လာမည့် ယူ-၁၆ နှင့် ယူ-၁၉ ပြိုင်ပွဲများတွင် အိမ်ရှင် ပြုလုပ်မည့် နိုင်ငံအား ခြေစစ်ပွဲကစားရန်မလိုဘဲ တိုက်ရိုက် ပါဝင်ကစားခွင့်ပေးရန် ဆုံးဖြတ်ခဲ့ကြပြီး ကျင်းပ နေသည့် ခြေစစ်ပွဲ အုပ် စု တစ်အုပ်စု (၅)သင်းမှ(၆)သင်းအစား အုပ်စု တစ်စုလျှင် အသင်း(၄)သင်းသာ ပါဝင်ယှဉ်ပြိုင် သည့် စနစ် ကျင့်သုံးရန်လည်း အတည်ပြု ဆုံးဖြတ်ခဲ့ကြသည်။ AFC လူငယ်ပြိုင်ပွဲများ ကျင်းပရေး ကော်မတီ၏ အထက် ပါ ဆွေးနွေးဆုံးဖြတ်ခဲ့မှုများကို AFC အမှုဆောင် ကော်မတီနှင့် ပြိုင်ပွဲများ ကျင်းပရေး ကော်မတီတို့က ဆက် လက် အတည်ပြု ပေးသွားမည်ဖြစ်သည်။

0 မှတ်ချက်များ for "အသက် ၁၄ နှစ်အောက် အာရှလူငယ် ဘောလုံးပြိုင်ပွဲ ကျင်းပရေးအတွက် ကြိုးပမ်းဆောင်ရွက်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++