မင်းစုံ တောင်ခြေရှိ တောင်ကုန်းများ အလိုလျောက် မြေလွှာ အက်ကွဲပြိုကျ
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် အရှေ့ဘက် ရှစ်မိုင်အကွာနှင့်
မန္တလေး-မြင်းခြံလမ်းမှ တောအတွင်း
နှစ်မိုင်ခန့်အကွာတွင် ရှိ သည့် မင်းစုံတောင်ခြေရှိ တောင်ကုန်းများ
မိုးရွာခြင်း၊ ငလျင် လှုပ်ခြင်းမရှိဘဲ အလိုလျောက် မြေလွှာအက်ကွဲပြိုကျကာ
စိမ့်ရေ ထွက်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။
ဇူလိုင် ၈ ရက်နေ့က ဖြစ်ပေါ်ခဲ့သော ထိုတောင်ပြိုကျရာ တောင် ကုန်းနေရာတွင်
ယခုအခြေအနေထိ မြေလွှာအက်ကွဲ ကြောင်း များ ဖြစ်ပေါ်လျက်ရှိပြီး သစ်ပင်များ
ပြိုလဲခြင်း၊ ပြိုပျက်ပြီး မြေ သားများမှာ လှိုဏ်ခေါင်းသဖွယ်
ဖြစ်ပေါ်လျက်ရှိခြင်း၊ စိမ့်ရေများထွက်ရှိလျက်ရှိရာ မြေပြိုကျမှုများ ဆက်လက် ဖြစ်ပေါ်နိုင်သည့် အခြေအနေများ ရှိကြောင်းလည်း သိရသဖြင့်
လာရောက်ကြည့်ရှုကြသူများအား သတိပေး စာ ကပ်ထားကြောင်း သိရသည်။
ထိုသို့ တောင်ပြို၍ မြေများပြိုကျရာတွင် အလျားပေ ၃၅၀ခန့် ၊ အနံပေ ၁၃၀
ခန့် ၊ အနက် ၂၅ပေ ခန့်အောက် သို့
မြေကျွံကျခဲ့ခြင်းဖြစ်ပေါ်ကာ မြေအက်ကြောင်းများမှာ ၂ ပေ အကျယ် ပေ ၃၀
ကျော်အထိ ရှည်လျား ကြောင်းလည်း သိရသည်။


0 မှတ်ချက်များ for "မင်းစုံ တောင်ခြေရှိ တောင်ကုန်းများ အလိုလျောက် မြေလွှာ အက်ကွဲပြိုကျ"