ထိုင်းနိုင်ငံ ဘန်ကောက် မြန်မာသံရုံး၏ ဆက်သွယ်ရန် လိပ်စာ
ဘန်ကောက် မြန်မာသံရုံးကို ဖုန်းဆက်မယ် ဆိုရင် သက်ပြင်းချပြီးမှ ဆက်ရပါတယ်။ ဖုန်းကိုင်မှာ မဟုတ် ဘူး ဆိုပြီး ကြိုတင် ရင်မောရတဲ့အတွက် သက်ပြင်းချရတာပါ။ ဘယ်နံပါတ် ဆက်ဆက် ဖုန်းမြည်သံပဲ ကြားနေရ တယ်၊ ပြန်ဖြေသံ ကြားရဖို့တော့ အင်မတန် ရာခိုင်နှုန်း နည်းပါလိမ့်မယ်။
မကြာသေးခင်က ဘန်ကောက်က ဖြစ်ရပ်တခုအကြောင်း ဧရာဝတီမှာ သတင်းတပုဒ် ရေးတော့ "သံရုံးက တာဝန်မယူပေးဘူး" ဆိုတဲ့ မြန်မာပြည်သား တယောက်ရဲ့ စကားကို ကိုးကားထားပါတယ်။
သတင်း ဖော်ပြပြီး မိနစ်ပိုင်းအတွင်းမှာပဲ သံအရာရှိကြီးတယောက်က ဧရာဝတီကို ဖုန်းဆက် ဆက်သွယ် ပါတော့ တယ်။
အဲဒီဖြစ်ရပ်မှာ သံရုံးက တာဝန်မယူပေးဘူးဆိုတာ မဟုတ်ပါဘူး၊ တာဝန်ရှိသူတွေ အလုပ်များ၊ ခရီးသွားနေ ကြ လို့ ချက်ချင်း မဆောင်ရွက်ပေးတာပါ လို့ ပြောပါတယ်။ (သူပြောတာကို သတင်းမှာ ဖြည့်စွက် ရေးပေး လိုက်ပါတယ်။ လိုအပ်ရင် မြန်မာသံရုံးကို တိုက်ရိုက် ဆက်သွယ် မေးမြန်းဖို့လည်း သူက ပြောပါတယ်။
သံရုံးဖုန်းတွေက မကိုင်တာများတယ်၊ ကိုင်ပြန်ရင်လည်း လူကြီးမရှိဘူး ဆိုတဲ့ အဖြေပဲ ရတယ်လို့ သူ့ကို ရှင်းပြတော့ သူ့ဆီကို တိုက်ရိုက်ဆက်နိုင်တယ် တဲ့၊ နံပါတ် တခု ပေးပါတယ်။ သူပေးတဲ့နံပါတ် သိမ်းထားလိုက်ပါတယ်။
လိုအပ်တဲ့အခါ သိမ်းထားတဲ့ အဲဒီနံပါတ်ကို ဆက်လိုက်ရင် ပိုဆိုးပါတယ်။ ဟိုဖုန်းတွေကမှ "လူကြီးမရှိဘူး" လို့ ပြန်ဖြေပါသေးတယ်။
ဒီတော့ နည်းလမ်း တခုကို စဉ်းစားမိပါတယ်။ အဲဒါကတော့ - ကိုယ်က သူ့ဆီ ဆက်သွယ်လို့ မရရင် ကိုယ့်ကို သူဆက်သွယ်လာအောင် လုပ်လိုက်ရ ကောင်းမလား ဆိုတာပါပဲး)

0 မှတ်ချက်များ for "ထိုင်းနိုင်ငံ ဘန်ကောက် မြန်မာသံရုံး၏ ဆက်သွယ်ရန် လိပ်စာ"