ပါကစ္စတန် နိုင်ငံတွင် ခြေထောက် ၆ ချောင်းပါ ကလေးငယ် မွေးဖွား...
ပါကစ္စတန်နိုင်ငံ၊ ဆင်းဒ်ပြည်နယ်၊ ဆွက်ကာဒေသ အရပ်တွင် လွန် ခဲ့ သည့် သောကြာနေ့ ကခြထောက် ၆  ချောင်းပါရှိ သည့်  ကလေး ငယ်တစ်ဦးမွေး  ဖွားခဲ့ သဖြင့် နိုင်ငံ၏ဆေးပညာ အသိုင်းအ၀န်းလော ကတစ်ခုလုံး တုန်လှုပ်ခြောက်ခြားအံ့ သြသွားခဲ့ ရပါတယ်...
စွက်ကာပြည်သူ့ ဆေးရုံတွင်မွေးဖွားခဲ့ သည့် ခြေထောက် ၆ ချောင်းပါ ရှိသည့် သားယောကျာင်္းလေးဟာ ကျန်းမာရေးအခြေ အနေကောင်း မွန်တည်ငြိမ်လျှက်ရှိနေပါတယ်လို့  The Express Tribune သတင်းဌာက က ဖော်ပြခဲ့ ပါတယ်...  
သို့ သော်လည်း ကလေးငယ်၏ပုံသဏ္ဍာန်ချို့ ယွင်း မှုကြောင်း ဆေးရုံ မှသက်ဆိုင်ရာတာဝန်ရှိသူများအနေ ဖြင့် ကလေးငယ် အား ရောဂါ ပိုးမွှားများမကူးစက်နိုင်ရန်အထူးဂရုစိုက်လျှက်ရှိနေပါတယ်....
အမည်မဖော်ပြနိုင်သေးသည့် ကလေးငယ်၏မိခင်ဖြစ်သူလည်း ကျန်း မာရေးကောင်းမွန်လျှက်ရှိပြီး သူမ၏ ပထမဦးဆုံးရင်သွေးငယ်ရဲ့ ပုံသဏ္ဍာချွတ်ယွင်းမှုအတွက် အံ့ သြတုန် လှုပ်လျှက် ရှိနေပါတယ်...
ဆက်လက်ကုသရန်အကြံပြုပြောကြားခဲ့ ပါတယ်...
တစ်လလျှင် ပါကစ္စတန်ငွေ ရူပီး ၆၀၀၀ ( ၆၇ ဒေါ်လာ ) ခန့် သာရသော ၀င်ငွေနည်းပါးသည့် ဓါတ်မှန်ကျွမ်း ကျင်သူ အလုပ်သမားရှိတ်အနေဖြင့် ထိုသို့ ကလေးငယ်အားကုသနိုင်ရန်ကုန်ကျစားရိတ်အတွက် အစိုးရနှင့်  စေတနာ ရှင်များ၏ ကူညီထောက်ပံ့ မှုအား တောင်းဆို၊ ရှာဖွေနေပါတယ်....
မိသားစု၏ငွေကြေးဆိုင်ရာအခက်အခဲများကြောင့် ကလေးငယ်အား ၎င်းတို့ အိမ်သို့ ခေါ်ဆောင်သွားရတော့
မည်ဖြစ်ကြောင်း သတင်းများကဆိုပါတယ်...
ကလေးငယ်၏အပိုခြေထောက်များအား အခက်အခဲသိပ်မရှိပဲ ခွဲစိတ်ဖယ်ရှားပစ်နိုင်မည်ဟု အစ္စလာမ်မာဘတ်မြို့  ရှိ ပါကစ္စတန်ဆေးသိပ္ပံတက္ကသိုလ်မှ ဒေါက်တာ မူဟာမက်ကိုင်ဆာ ကပြောကြားခဲ့ ပါတယ်...
" ဒါဟာပါကစ္စတန်သမိုင်းမှာ ပထမဦးဆုံးခြေထောက် ၆ ချောင်းပါရှိတဲ့ ကလေးဖြစ်ပါလိမ့် မယ်....ဒီဖြစ်ရပ်
ဟာ ဆရာဝန်တွေအတွက် စမ်းသပ်မှုတစ်ခုဖြစ်ပြီး အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့် ပါတယ်..." လို့ 
ကိုင်ဆာ ကပြောကြားခဲ့ ပါတယ်...
0 မှတ်ချက်များ for "ပါကစ္စတန် နိုင်ငံတွင် ခြေထောက် ၆ ချောင်းပါ ကလေးငယ် မွေးဖွား..."
ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။
"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။
++ကယန်းသတင်းစဉ်++