ကမ္ဘောဒီးယားနိုင်ငံ၌ ယခုနှစ်ငါးလတာအတွင်း မိုးကြိုးထိမှန်၍ သေဆုံး သူဦးရေ ၄၇ ဦးအထိရှိ

ကမ္ဘာဒီးယားနိုင်ငံအတွင်း၌ ယခုနှစ်ငါးလတာကာလ အ တွင်း မိုးကြိုးထိမှန်၍ သေဆုံးသူဦးရေ ၄၇ ဦးအ ထိ ရှိ ခဲ့ကြောင်း၊ ဒဏ်ရာရသူမှာ ၄၀ ရှိကြောင်း ဌာနဆိုင်ရာ အရာရှိ၍ သေဆုံးသူဦးရေ ၄၇ ဦးအ ထိ ရှိခဲ့ကြောင်း၊ ဒဏ်ရာရသူမှာ ၄၀ ရှိကြောင်း ဌာနဆိုင်ရာ အရာရှိ တစ်ဦး က မေ ၁၉ ရက်တွင် ပြောကြား သည်။ ယခုနှစ် ၂၀၁၂ ခုနှစ်အစောပိုင်းကာလများမှာပင် မိုးကြိုးထိမှန် ၍ သေဆုံး သူဦးရေမှာ ၄၇ ဦးရှိပြီး ဒဏ်ရာရသူဦးရေမှာ ၄၀ ရှိကြောင်းသဘာဝဘေးဆိုင်ရာ
စီမံကိန်းခန့်ခွဲရေးအမျိုးသားကော်မတီမှ ပြော ရေးဆိုခွင့်ရှိသူ ကီဂိုဗိုင်က ပြောကြားခဲ့သည်။ ထို့အပြင် မိုးကြိုးထိမှန်၍ ကျွဲ၊ နွား ၂၇ ကောင်သေဆုံးခဲ့ ပြီး မိုးကြိုးထိ၍ ပျက်စီးသွားသည့် အိမ်သုံးအိမ်ရှိကြောင်း ကီရိုက ဆက်လက်ပြောကြားသည်။ 

  **အီတလီတောင်ပိုင်းတွင် ငလျင်လှုပ်၊ လေးဦးသေဆုံး**
 (ရောမ၊ မေ ၂၀) အီတလီနိုင်ငံမြောက်ပိုင်းတွင် မေ ၂၀ ရက်အစောပိုင်းက အင်အားရစ်ခ်ျတာစကေး ၆ အဆင့်ရှိ ငလျင် လှုပ်ခဲ့ရာ လေးဦးသေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးဝန်ထမ်းများက ပြောကြားသည်။ ငလျင်ဗဟိုချက် မှာ ဘိုလော့ဂါမြောက်၊ အနောက်မြောက် ၃၅ ကီလိုမီတာအကွာ၊ မြောက်အောက်အနက် ၁၀ ကီလိုမီ တာတွင် ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။ ဒေသစံတော်ချိန် နံနက် ၄ နာရီဝန်းကျင် တွင် အဆိုပါ အားပြင်းငလျင် လှုပ်မှုကြောင့် ဘိုဘော့ဂါ၊ မိုဒီနာ၊ ဗင်းနစ်၊ ဖာရာရာ၊ ဗာရှီနာနှင့် မန်ကျူရာ မြို့များတွင် ငလျင်ဒဏ်ကို ကြုံတွေ့ခဲ့ပြီး အိပ်မောကျနေသော လူများစွာမှာလည်း လမ်းပေါ်သို့ ကသုတ် ကရက်ထွက်ပြေးကြကြောင်း သတင်းတွင်ဖော်ပြသည်။

0 မှတ်ချက်များ for "ကမ္ဘောဒီးယားနိုင်ငံ၌ ယခုနှစ်ငါးလတာအတွင်း မိုးကြိုးထိမှန်၍ သေဆုံး သူဦးရေ ၄၇ ဦးအထိရှိ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++