သာမာန် စင်္ကာပူနိုင်ငံသားတွေရဲ့ IQ-103 ရှိချိန် IQ-140 ရှိနေတဲ့ လေးနှစ်သား

သာမာန် စင်္ကာပူနိုင်ငံသားများ၏ အဆင့်အတန်းဟာ (၁၀၃)မှတ် ရှိနေတာမှန်ပေမယ့် စင်္ကာပူနိုင်ငံက Kyler Lim လို့ခေါ်တဲ့ လေးနှစ်သားရဲ့ IQ ဟာ (၁၄၀)အထိ ရှိနေကြောင်း အံ့သြဖွယ်ရာ သိရပါတယ်။
 
(၁၈)လသားအရွယ်မှာ ဧည့်ခန်းထဲ မဂ္ဂဇင်းတွေ  အော်
ဖတ်နေတဲ့ Kyler Lim ရဲ့ မိဘနှစ်ပါးဟာ အတော်အံ့ သြဘနန်း ဖြစ်ခဲ့ရကြောင်း သိရပါတယ်။
 
သူ့မိဘနှစ်ပါးဟာ သူတို့သားကို IQ စစ်ဆေးစေခဲ့ရာမှာ
Kyler Lim ရဲ့ IQ ဟာ (၁၄၀)အထိရှိကြောင်း မျက်မြင်သက်သေများက ဆိုပါတယ်။
 
Kyler Lim ကို အင်တာဗျူးထားတာ ကြည့်ရတဲ့အခါမှာ သူဟာ သာမာန်ကလေးများကို ဆော့ကစားခြင်း၊ စာဖတ်ခြင်း၊ တီဗွီကြည့်ခြင်း နှင့် သီချင်းနားထောင်ခြင်းတို့ကိုလည်း ပြုလုပ်နေပြီး အခြားကလေးများလို လက်တစ်ဖက်တည်း စာရေးတတ်တာမျိုးမဟုတ်ဘဲ လက်နှစ်ဖက်လုံးနဲ့ စာရေးတတ်ကြောင်းလည်း သိရပါတယ်။
Kyler Lim ရဲ့ အင်တာဗျူးကို ဒီမှာ ကလစ်နှိပ်ကြည့်လို့ ရပါတယ်။

0 မှတ်ချက်များ for "သာမာန် စင်္ကာပူနိုင်ငံသားတွေရဲ့ IQ-103 ရှိချိန် IQ-140 ရှိနေတဲ့ လေးနှစ်သား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++