လစ်ဗျားသမိုင်းဝင် ရွေးကောက်ပွဲ အကြိုရလဒ်များအရ ကြားဖြတ်ဝန်ကြီးချုပ်ဟောင်းပါတီက အသာရနေ
ဆယ်စုနှစ် လေးခုကျော်အတွင်း လစ်ဗျား၏ ပထမဆုံးအကြိမ် သမိုင်း ၀င်
လွှတ်တော်ရွေးကောက်ပွဲတွင် အကြိုရလဒ်များ ထုတ်ပြန်မှုအရ
ကြားဖြတ်ဝန်ကြီးချုပ်ဟောင်း ဦးဆောင်သော ပါတီက အသာ ရနေေ ကြာင်း သိရသည်။
မာမွတ်ဂျီဘရီလ်၏ National Forces Alliance (NFA)ပါတီသည်
နိုင်ငံ တစ်ဝန်းရှိ ခရိုင် ၁၃ ခုအနက် လေးခုတွင် မဲ ၅၂ ရာခိုင်နှုန်း
ရရှိခဲ့
ကြောင်း ဇူလိုင်လ ၉ ရက်တွင် ထုတ် ပြန်ခဲ့သောအကြိုရလဒ်များအရ သိရသည်။ ယင်းခရိုင်လေးခုအနက် Janzour ၊ Tarhuna နှင့် Zlitan တို့တွင် NFA က ဦးဆောင်နေပြီး မီဆရာတာတွင်မူ ယင်းဒေသ မှ
ခေါင်း ဆောင်တစ်ဦးဖြစ်သော Abdurrah-man Sewehli ၏ Union for the Homeland နောက်တွင် ကပ်လိုက်နေကြောင်း သိရသည်။

၂၀၁၁ ခုနှစ်တွင် ကဒါဖီအစိုးရကို ဖြုတ်ချနိုင်ခဲ့သော
လူထုတော်လှန်ရေးအပြီး လစ်ဗျားကို လွတ်လပ်သော
နိုင်ငံအဖြစ် ကြေညာခဲ့ပြီးနောက် ဂျီဘရီလ်သည် ကြားဖြတ်အစိုးရတွင် ၀န်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့ သည်။
ယခု လွှတ်တော်ရွေးကောက်ပွဲမှာ အမတ်နေရာ ၂၀၀ ရှိသော လွှတ်တော်အတွက်ဖြစ်ပြီး ကိုယ်စားလှယ် ၃၅၀၀ ခန့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကာ မဲပေးခွင့်ရှိသူ ၂ ဒသမ ၈ သန်းအနက် ၆၀ ရာခိုင်နှုန်းခန့် လာရောက် မဲပေးခဲ့ကြောင်း ရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌ နူရီခါလီဖာအယ်အက်ဘာက ပြောကြားခဲ့သည်။

ဇူလိုင်လ ၉ ရက်တွင် ထုတ်ပြန်ခဲ့သော ရလဒ်မှာ မဲ ၁ ဒသမ ၇ သန်းအနက် ၁၀
ရာခိုင်နှုန်းအောက်သာ ရေ တွက်ခဲ့မှု ရလဒ်ဖြစ်သည်။ နောက်ဆုံးရလဒ်ကို
ယခုသီတင်းပတ်ကုန်အထိ ထုတ်ပြန်နိုင်မည်မဟုတ် ဟု နိုင် ငံပိုင်
လာနာသတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
အနိုင်ရသူပေါ်လာပြီး ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့ရန်မှာမူ လနှင့်ချီ
ကြာမြင့်သွားနိုင်ကြောင်း အမေရိကန်-လစ်ဗျားကောင်စီဥက္ကဋ္ဌ ဖာဒယ်လာမင်က
ပြောကြားခဲ့သည်။ ယခုရွေးကောက်ပွဲမှာ တရားဝင်သော
ရွေးကောက်ပွဲတစ်ခုဟူ၍သာ အာမခံနိုင်ကြောင်း လာမင်က ပြောကြားခဲ့သည်။ ပြဿနာများ၊ စိန်ခေါ်မှုများ စွာ စောင့်ကြိုနေကြောင်း သူက ပြော ကြားခဲ့သည်။
ရွေးကောက်ပွဲတစ်ခုဟူ၍သာ အာမခံနိုင်ကြောင်း လာမင်က ပြောကြားခဲ့သည်။ ပြဿနာများ၊ စိန်ခေါ်မှုများ စွာ စောင့်ကြိုနေကြောင်း သူက ပြော ကြားခဲ့သည်။
လစ်ဗျားနိုင်ငံသစ် တည်ဆောက်မှုမှာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာနေပြီး
နှစ်ပေါင်းများစွာ၊ မျိုးဆက်နှင့်ချီ ကြာမြင့်နိုင်ကြောင်း လေ့လာသူများက
သုံးသပ်ခဲ့သည်။
Ref:CNN
Ref:CNN

0 မှတ်ချက်များ for "လစ်ဗျားသမိုင်းဝင် ရွေးကောက်ပွဲ အကြိုရလဒ်များအရ ကြားဖြတ်ဝန်ကြီးချုပ်ဟောင်းပါတီက အသာရနေ"