မလေးနယ် စပ်မှ မြန်မာ ၂ ဦး အချုပ်ကား အတွင်း သေဆုံး
ထိုင်းနိုင်ငံမှာ
တရားမ၀င်နေထိုင်မှုနဲ့ အဖမ်းခံထား ရတဲ့
မြန်မာပြည်သား ၆၂ ဦးကို မနေ့က နေရပ် ရင်း ပြန်ပို့ရာ မှာ သူတို့ထဲက ၂ ဦး ကားထဲမှာ သေဆုံးသွားပါတယ်။
သေဆုံးသူတွေကတော့ အသက် ၂၅ နဲ့ ၃၆ နှစ် အရွယ် အမျိုးသမီး တဦးနဲ့ အမျိုးသား တဦး ဖြစ်ပါတယ်။
သူတို့ကို ထိုင်း-မလေးရှား နယ်စပ်ကနေ ဖမ်းဆီး ခေါ်
ဆောင်လာတာလို့ ဆိုပါတယ်။
အသက် ၄၃ နှစ်အရွယ် အချုပ်ကားမောင်းသူကို ရဲက စစ်ဆေးတော့ သူက “အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်သွန်မလို့ စောင်ခလာ (Songkhla) မြို့နယ်ကနေ မဲဆောက်မြို့က လ၀က အချုပ်ကို မောင်းလာတယ်၊ ဒါနဲ့ မဲဆောက်ကို ရောက်တော့ လူတွေ အားလုံး ကားပေါ်က ဆင်းတော့ ကားထဲမှာ ၂ ယောက်သေနေတာ တွေ့တော့ အာဏာပိုင်တွေကို သတင်းပို့ခဲ့ပါတယ်” လို့ ပြော ဆိုကြောင်း ထိုင်း မန်နေဂျာ အွန်လိုင်း သတင်းတပုဒ်မှာ ရေးထားပါတယ်။
၂ ယောက် သေဆုံးသွားတဲ့အကြောင်း ကားတစီးထဲ စီးလာတဲ့ လူတွေ သိ၊ မသိ ဆိုတာကိုတော့ သတင်းမှာ ရေး ထားတာ မတွေရပါဘူး။
မဲဆောက်ဆေးရုံ တာဝန်ရှိသူတွေကတော့ ကားထဲမှာ တင်လာတဲ့ လူတွေကများတယ်၊ ကားစီးတဲ့ အချိန်က ကြာ တယ်ဆိုတော့ အပူဒဏ်ကြောင့် ဖျားနာသေဆုံးတာဖြစ်တယ်လို့ ဆိုကြပါတယ်။ပ်အလောင်း ၂ ခု မဲဆောက်ဆေးရုံမှာ ရှိနေတယ်၊ သက်ဆိုင်ရာ မိသားစု နယ်စပ်ရောက်လာရင် ဆေးရုံအာဏာပိုင်တွေကို ဆက်သွယ် ဆောင်ရွက်နိုင်ပါတယ် တဲ့။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး နယ်စပ်အခြေစိုက် KNU တပ်ဖွဲ့ဝင် တဦးက “ထိုင်းအာဏာပိုင်တွေက ပြန်ပို့မယ် ဆိုရင်
ကောင်းကောင်း ပြန်ပို့ရမယ်၊ ဘာလို့လဲဆိုတော့ ပြန်ပို့ရမယ့် ခရီးက ဝေးတယ်၊ နေပူတယ်၊ ကောင်းကောင်း ကြည့် ရှုစောင့်ရှောက်မယ်ဆိုရင် ဒီလို ဖြစ်လာမှာ မဟုတ်ဘူး” ဆိုပြီးတော့ ပြောဆိုကြောင်း ဒီနေ့ dailyworldtoday အင် တာနက် စာမျက်နှာမှာရေးထားပါတယ်။ထိုင်း-မလေးရှားနယ်စပ်က စောင်ခလာ (Songkhla) မြို့ ဆိုတာ ရနောင်း -ကော့သောင်းနဲ့ နီးပါတယ်။ ဒီလောက် ရာသီဥတု ပူပြင်းလွန်းတဲ့ အချိန်မှာ ပိုနီးတဲ့ အဲဒီ နယ်စပ်မြို့ကို မရွေးဘဲ ပိုဝေးတဲ့ မြ၀တီ မဲဆောက်ဒေသကို ရွေးတာ ဘာကြောင့်လဲ ဆိုတာ သတင်းတွေထဲမှာ ရေးမထားပါဘူး။
သေဆုံးမှုမှာ တာဝန်ရှိသူတွေ ဘယ်လို အရေးယူခံရတယ် သို့မဟုတ် မခံရဘူး ဆိုတာလည်း ရေးမထားတဲ့ အကြောင်း တင်ပြလိုက်ရပါတယ်။

0 မှတ်ချက်များ for "မလေးနယ် စပ်မှ မြန်မာ ၂ ဦး အချုပ်ကား အတွင်း သေဆုံး"