အလုပ်အကိုင် စည်းကမ်းချက် အချို့ကြောင့် အမျိုးသမီးများ အခက်တွေ့

ဖေဖော်ဝါရီလ အစောပိုင်း က နိုင်ငံတော်အစိုးရ သည် ထုတ် ပြန်ထားသော သတ်မှတ်စည်း ကမ်း များဖြင့် ညီညွတ်ပါက မြန် မာအမျိုးသမီးအလုပ် သ မားများကို ပြည်ပတွင် လုပ်ကိုင်ခွင့်ပြုခဲ့ ကြောင်း သိရသည်။

မြန်မာ အမျိုးသမီးများပြည် ပထွက်ခွာအလုပ်လုပ် ကိုင်ခွင့်များ ရရှိမှုကြောင့် ယောက်ျားများနှင့် ရင်
 ဘောင်တန်းပြီး နိုင်ငံခြားငွေ ရှာခွင့်ရရှိခဲ့သော
  ကြောင့် ပြည်ပ အလုပ်အကိုင်ရှာဖွေပေးနေသော တရားဝင် အေဂျင်စီများ၌ လာ ရောက်ဆက်သွယ် အလုပ်အကိုင် ရှာဖွေကြမှုများပြားခဲ့သည်။
 
ယခုဧပြီလအချိန်တွင်းက သက်ဆိုင်ရာမှ ပြည်ပတွင်အလုပ် လုပ်ကိုင်မှု အခြေအနေအမျိုးမျိုး ကြောင့် နိုင် ငံနှင့်နိုင်ငံသားအလုပ် သမားများ နစ်နာမှု၊ နစ်နာခဲ့ရ သော အတွေ့အကြုံများကြောင့် နောက်ဆက် တွဲ ညွှန် ကြားချက် များ ထုတ်ပြန်သတ်မှတ်ပေးခဲ့ရ သည်။
 
အမျိုးသမီးအလုပ်သမားများ အတွက် ပြည်ပမှခေါ်စာတွင် အလုပ်သမားဝန်ကြီးဌာနပြည်ပ အလုပ်သမား ဌာနခွဲတစ်ခုတွင် တင်ပြလျှောက်ထားပြီးမှ ရန်ကုန် အလုပ်သမားဌာန၌ (လေဘာ) ပြုလုပ်ရသည်။  အလုပ် သမား (လေဘာ)လက်မှတ်ပါမှလည်း လေယာဉ်ပေါ်တက်ခွင့်ပြုသည့် ထုံးစံရှိကြောင်းသိရသည်။

ယခု လက်ရှိ အမျိုးသမီးအလုပ်သမား များတွေ့ကြုံရသည့် ပြဿနာမှာ ပြည်ပအလုပ်ခေါ်စာ ကိစ္စဖြစ်သည်။ ထိုအလုပ်ခေါ်စာမှာ အ ကြမ်းအားဖြင့် နှစ်မျိုးရှိသည်ဟု သိရသည်။ တစ်မျိုးမှာ မည်သည့် စက်ရုံတွင်မဆို လုပ်ကိုင်ခွင့်ရခေါ် စာမျိုးဖြစ်ပြီး၊ နောက်တစ်မျိုးမှာ အလုပ်အကိုင်အတွက် စက်ရုံဌာ နတစ်ခုတည်းတွင်သာ လုပ်ကိုင် ခွင့်ရမည့် ခေါ်စာမျိုးဖြစ်သည်။ ယခုနေပြည်တော်ရှိအလုပ်သမား ၀န်ကြီးဌာနမှ အထက်ပါတစ်မျိုး
ဖြစ်သည့် (အောက်ဆိုးစေး)ခေါ် အလုပ် ဌာနသတ်မှတ်မထားသော အလုပ်ခေါ်စာများကို ခွင့်မပြု အသိအ မှတ်မပြုတော့ဟုသိရသည်။
 
အဆိုပါခွင့်မပြုသည့်အလုပ် ခေါ်စာရရှိထားသူများကိုရန်ကုန် အလုပ်သမား (လေဘာ)ဌာနမှ လည်း အလုပ် သမားကဒ်ထုတ်မ ပေးတော့ကြောင်းနှင့် အလုပ်သ မားကဒ်မပါသော ပြည် ၀င်ခွင့် လျှောက်လွှာများ ကို လည်း သံရုံး မှ VISA ထုတ်မပေးသောကြောင့် အမျိုးသမီးအလုပ်သမားအချို့ အလုပ်ခေါ်စာ (အောက် ဆိုးစေး) ကြောင့် ဒုက္ခရောက်နေကြပြီး ခေါ်စာရသော်လည်း အလုပ်သ မားကဒ်မရရှိခြင်း VISA ထုတ်မ ရခြင်းတို့ကြောင့်လေယာဉ်တက် ခွင့်မရဘဲ ပြည်ပအလုပ်အကိုင် အတွက်ရင်းနှီးကြရသောအိမ်ပေါင် ခြံရောင်းအရင်းအနှီး ကလေးများ အဟောသိကံမဖြစ် စေရန်မိမိနှင့် သက်ဆိုင်သော တည်ဆဲဥပဒေ စည်း ကမ်းချက်များကို ကြိုတင် လေ့လာစုံစမ်း သိရှိထားသင့် သည်ဟု ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင် စီတစ်ခုမှဝါရင့် မန်နေဂျာတစ်ဦးက ပြောပြခဲ့ သည်။

0 မှတ်ချက်များ for "အလုပ်အကိုင် စည်းကမ်းချက် အချို့ကြောင့် အမျိုးသမီးများ အခက်တွေ့"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++