အာဖရိက အောင်မြင်မှု ဇာတ်လမ်းတစ်ပုဒ်

အီသီယိုပီးယားနိုင်ငံမြို့တော်အဒစ်  အဘာဘာ မှ
တောင် ဘက်သုံးနာရီခန့်ဝေးသောဒေသတွင်မြေ ယာဟက်တာ ပေါင်းတစ်သိန်းနှစ်သောင်း ရှိသော ကြီးမားကျယ်ပြန့် သည့် ဥယျာဉ်ခြံမြေပေါ် တွင် စပျစ် ပင်များကို ခပ်စိပ်စိပ်တန်းထိုး၍ စိုက်ပျိုး ထား သည်။

အပြာရောင်ဝတ်စုံများနှင့် အလုပ်သမား များက စပျစ် ပင်များကိုပြုပြင်နေပြီး အပင်များတွင် ပိုးကျသည့် လ က္ခဏာရှိ၊မရှိ ကြည့်ရှုစစ်ဆေးနေကြသည်။ 

ထိုအချိန်မှာပင် အချို့အလုပ် သမားများက လေးခွများကိုင်၍ ဆာလောင်နေသော ငှက်များကို မောင်းထုတ်
 နေသည်။

ဤကဲ့သို့သော မြင်ကွင်းမျိုး မှာအီသီယိုးပီးယားနိုင်ငံထက် ပြင်သစ်နိုင်ငံဘော်ဒိုးဒေသ(သို့မဟုတ်) အမေရိ ကန်နိုင်ငံ နာပီချိုင့်ဝှမ်း ဒေသနှင့် ပို၍ ဆက်စပ်ပါသည်။ အီသီယိုပီးယားနိုင်ငံဟု ဆိုလိုက် လျှင် အစာရေစာ ငတ်မွတ်ခေါင်းပါးမှု၊ ဆင်းရဲမွဲတေမှုနှင့် ဖိနှိပ်ချုပ်ခြယ်မှုများသာ စိတ်ထဲပေါ်လာပါသည်။ 

စပျစ်ခြံအား ပြင်သစ်ဝိုင် ကုမ္ပဏီ  Castel   ကပိုင်ဆိုင်ပါ သည်။ ယခုနှစ်တွင်   Castel   ကုမ္ပဏီက အီသီယိုပီး ယားနိုင်ငံတွင် ထုတ်လုပ်သည့် ၀ိုင်ပုလင်းပေါင်း ၇၅၀၀၀၀ ထဲမှ ထက်ဝက်ကို နိုင်ငံ ခြားသို့တင်ပို့ရန် စီစဉ် ထားရာ Castel သည်နိုင်ငံ၏ ပထမဦးဆုံး ၀ိုင်အဓိက တင်ပို့သည့် ကုမ္ပဏီဖြစ်လာမည် ဖြစ်သည်။

ဝိုင်လုပ်ငန်းမှာ အီသီယိုပီး ယားနိုင်ငံ၏ စီးပွားရေးအား ပိုမို  တောင့်တင်းခိုင်မာလာစေသည့် နောက် ဆုံးပေါ် ထွက်လာသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ အာဖရိက စီးပွားရေးအလားအလာ အစီရင်ခံစာကလည်း အီသီ ယို ပီးယားမှာ အာဖရိကတိုက်တွင် အလျင်မြန်ဆုံး စီးပွားရေးတိုးတက်သောနိုင်ငံတစ်နိုင်ငံဟုဖော်ပြသည်။
 
ချည်မျှင်နှင့် အထည်အလိပ်၊ သား ရေလုပ်ငန်းမှသည် ကော်ဖီထုတ် လုပ်ရေးလုပ်ငန်းများကိုပါ တိုးချဲ့ လုပ် ကိုင်လာခဲ့သော စီးပွားရေး ကြောင့် ဖွံ့ဖြိုးတိုးတက်မှု ဖြစ် ပေါ်လာပြီး နိုင်ငံအား အာဖရိက စီးပွားရေး အင်အား ကြီးနိုင်ငံ အဖြစ်ပြောင်းလဲလာစေသည်။

“ကျွန်တော်တို့ရဲ့ သဘာဝအရင်းအမြစ်တွေကို အမှန်တကယ် အဖိုးတန်လာအောင် လုပ်နိုင်လာ တာဒါ ပထမ ဦးဆုံးအကြိမ်ပါပဲ”ဟုမစ္စတာအဒစ်အလီမာရီဟူးက ဆိုပါသည်။ မစ္စတာအဒစ်မှာ တန် ဖိုးမြင့် ကုန်ပစ္စည်းများ တင်ပို့နိုင် ရေးအမေရိကန်အကူအညီအဖွဲ့  USAID  ထောက်ပံ့ငွေဖြင့် လုပ် ဆောင်သည့် စီမံကိန်းများ အရာ ရှိဟောင်းတစ်ဦးဖြစ်သည်။ “ဒီလို လုပ်နိုင်တာဟာ ကျွန်တော်တို့စပြီး လမ်းဖောက်ခဲ့လို့ဖြစ်ပါတယ်”ဟု၎င်းက ဆိုသည်။

စက်မှုလုပ်ငန်းများ ထွန်း ကားလာသော အထောက်အထားများမှာ လျစ်လျူရှုရန် ခက်ခဲပါသည်။ အထည် အ လိပ်နှင့် သားရေထုတ်လုပ်သော စက်ရုံများ နိုင်ငံအနှံ့အပြား ပေါ်ထွက်လာခဲ့ ပြီးမြို့တော်မှ မြို့ပြင်သို့ ထွက် ရာ လမ်းဘေးဝဲယာတစ်လျှောက်တွင် နိုင်ငံခြားသို့ တင်ပို့ရန် ရည်ရွယ်စိုက်ပျိုးထားသော နှင်းဆီခြံများ၊ စတော်ဘယ်ရီ ခင်းများကို မျက်စိ တစ်ဆုံးမြင်တွေ့နိုင်သည်။ ကုန် သွယ်ရေးပြပွဲကြော်ငြာ ဆိုင်းဘုတ် များမှာလည်း ပို၍ဆွဲဆောင်မှုရှိလာနေသည်။ ကိန်းဂဏန်းအချက်အလက်များက မလိမ်ညာပါ။ 

စက်မှုလုပ်ငန်းဝန်ကြီးဌာန၏ အ ဆိုအရ လွန်ခဲ့သော ဆယ်နှစ်အ တွင်းအီသီယိုပီးယားနိုင်ငံ၏ အ ထည်အ လိပ်နှင့် သားရေတင်ပို့မှု ၅၀ ရာခိုင်နှုန်း တိုးလာခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် အီသီယို ပီးယားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ၁၁ ဒသမ ၄ ရာခိုင်နှုန်းရရှိသည်ဟု ပင်ဆို သည်။ (နိုင်ငံတကာ ငွေ ကြေးရန်ပုံငွေအဖွဲ့ကမူ ၇ ဒသမ ၅ ရာခိုင်နှုန်းဟုပြောသည်) ၂၀၁၅ ခုနှစ်တွင် ၀င်ငွေ အလယ်အလတ် အဆင့်ရှိသော နိုင်ငံဖြစ်လာရေး အစိုးရက ဦးဆောင်ကြိုးပမ်းနေ သည့် မဟာဗျူဟာ ရည်မှန်းချက် ကြောင့်လည်း နိုင်ငံ့စီးပွားရေးဤ မျှတိုးတက်လာခြင်း ဖြစ်သည်။
 
 နိုင်ငံခြားသို့ကုန်ပစ္စည်းတင်ပို့မှုအားကောင်းခိုင်မာလာရေးမှာ လည်း ယင်းမဟာဗျူဟာ၏ အစိတ် အပိုင်း တစ်ရပ်ဖြစ်ပြီး အထူးသဖြင့် အီသီယိုပီးယား နိုင်ငံ၏ အဓိကဈေးကွက်များ ဖြစ်သော အရှေ့အလယ်ပိုင်း၊ ဥရောပနှင့် အမေရိကသို့ တန်ဖိုးမြင့်ပစ္စည်း များပိုမိုတင်ပို့နိုင်ရေး ဖြစ်သည်။ ၎င်းရည်မှန်းချက်က နိုင်ငံခြား ငွေ များကိုဆွဲဆောင်နိုင်ခဲ့ပြီး အလုပ်အကိုင်များလည်း ဖန်တီးပေးနိုင် လာသည်။ နိုင်ငံ၏ အခြေခံ အ ဆောက် အအုံများ၌ ရင်းနှီးမြှုပ်နှံမှုကိုလည်း အစိုးရက အားပေး သည်။

“ဒါဟာ ဆင့်ကဲဖြစ်စဉ် အကျိုးဆက်ပါပဲ။ တန်ဖိုးမြှင့်တင် တာကနေ အရင်းအနှီး ဖြစ်ပေါ်လာပြီး အရင်းအနှီး
 ကြောင့်ဖွံ့ဖြိုးတိုးတက်မှုဖြစ်ထွန်းလာပါတယ်”ဟု စက်မှု လုပ်ငန်းပြည်ထောင်စုဝန် ကြီး တီဒက်စီဟေလီက ဆိုသည်။ အရည်အသွေးကောင်းသော ကုန်ပစ္စည်းများ ထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရေး အတွက်လည်း အစိုးရက မက်လုံး များပေးထားသည်။ ယင်းတွင် ငါး နှစ်တာအခွန် ကင်းလွတ်ခွင့်၊ အ ကောက် ခွန်အတွက် အထူးအခွင့် အရေးများနှင့် ၇၀/၃၀ အစီအ စဉ်လည်း ပါဝင်သည်။

၇၀/၃၀ အစီအစဉ်ဆိုသည် မှာ ကုန်ပစ္စည်းထုတ်လုပ်၍ နိုင်ငံ ခြားတင်ပို့မည့် ကုမ္ပဏီများအ တွက် အစိုးရက ၇၀ ရာခိုင်နှုန်းအထိ ကနဦး ချေးငွေထုတ်ပေးခြင်းဖြစ်သည်။ ယင်းဆွဲဆောင်မှုများ နှင့် အီသီယိုပီးယားနိုင် ငံရှိ ဈေးနှုန်းချိုသာသော လုပ်သားထု ပေါင်းစပ်လိုက်သောအခါ ရင်းနှီး မြှုပ်နှံမှုများကို တိုးတက်လာစေ ခဲ့ပြီး၂၀၀၂ ခုနှစ်မှစ၍ နိုင်ငံ၏ ကုန်ပစ္စည်းတင်ပို့မှုကို နှစ်စဉ် ၂၅ ရာခိုင်နှုန်းတိုးတက်လာစေခဲ့သည်။

“ဆယ်နှစ်အတွင်းမှာ နိုင်ငံ ခြားတင်ပို့မှုမှန်မှန်ကြီးတိုးတက်ခဲ့ပါတယ်။ ဒါဟာ ဒီနိုင်ငံအတွက် တောက်ပတဲ့ အ နာဂတ်တစ်ခုပါ ပဲ”ဟုစက်မှုလုပ်ငန်းဝန်ကြီးတီဒက်စီက ဆိုပါသည်။ သို့သော် အားလုံးတောက်ပ နေသည်တာ့ မဟုတ်။ ရင်းနှီးမြှုပ်နှံသူများက စိတ်မချရသော ဆက် သွယ်ရေးလုပ်ငန်း ပြတ်တောင်း ပြတ်တောင်းဖြစ်တတ် သည့် လျှပ် စစ်ဓာတ်အားနှင့် လမ်းပန်းဆက်သွယ်ရေး မလုံလောက်မှုအကြောင်းများကို ငြီးတွားကြသည်။ 

ထို့အပြင် အာဏာပြတတ်သော ဗျူရိုကရေစီနှင့် အစိုးရ၏ ကြားဝင်ကိုင်တွယ်မှုများမှာလည်း အားလျော့စ ရာကောင်းသည်။ ကုန်း တွင်းပိတ်နိုင်ငံနေဖြင့်လည်း အီသီယိုပီးယားတွင် ဆိပ်ကမ်းမရှိပေ။

အီသီယိုပီးယားနိုင်ငံ၏ စီးပွားရေးမှာ ကင်ညာနှင့်နိုင်ဂျီးရီးယားနိုင်ငံများ၏ အဆင့်အထိ မရောက်ရှိသေးသော် လည်း ဖွံ့ဖြိုး တိုးတက်မှု၏ အသီးအပွင့်များကို  ထင်ထင် ရှားရှားမြင်တွေ့နေရ သည်။ အလုပ်အကိုင် ဖန် တီးနိုင်မှု၊ ပညာရေးရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံအဆောက်အအုံ လုပ်ငန်းများ၌ အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုနှင့် တစ်ဦး ချင်း ၀င်ငွေတိုးတက်လာမှုများမှာ ပို့ကုန်စီးပွားရေး လုပ် ငန်းတစ်ဟုန်ထိုးဖွံ့ဖြိုးလာခြင်း၏ ရလဒ်များ ဟု မစ္စတာတီဒက်စီက  ဆိုပါသည်။

သို့သော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကုန်ကျစရိတ် များလည်းရှိပါသည်။ မြေဧက အမြောက်အမြား ကို နိုင်ငံခြားကုမ္ပဏီများကို လွှဲပြောင်းပေးခဲ့ခြင်းအတွက် လူအများအပြား ၎င်းတို့၏ မူလနေရာများမှ
ရွှေ့ပြောင်းရမှုများနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့သည်။ အစိုးရကမူ လူများအား အတင်းအကျပ်ရွှေ့ပြောင်းခြင်းများ ရှိသည်ဆိုခြင်း ကိုငြင်းဆိုပြီး ဥယျာဉ်ခြံမြေကြီးကြီး ကျယ် ကျယ်လုပ်ကိုင်ခြင်းနှင့် စက်ရုံများပေါ်ထွက်လာခြင်းမှနေ၍ နိုင်ငံသား များသာ အကျိုးကျေးဇူးခံစားရမည်ဟု အခိုင်အမာပြောဆိုပါသည်။
 —Ref: Ethiopia moves to diversify exports

0 မှတ်ချက်များ for "အာဖရိက အောင်မြင်မှု ဇာတ်လမ်းတစ်ပုဒ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++