နိုင်ငံရေး လမ်းကြောင်းသစ်တွင် စီးပွားရေး အကျပ်အတည်းကို ကျော်လွှားမည့် အီဂျစ်
အဆုံးမရှိဟု ထင် ရ သော မငြိမ်မသက်မှုများနှင့်
စစ်ဘက်အုပ်ချုပ်ရေးကာလ တစ်နှစ် တာ ဖြတ် သန်းပြီးချိန်တွင် အီဂျစ်နိုင်ငံသည်
နိုင်ငံရေး အ သွင်ကူးပြောင်းမှုကို အားနည်းစေနိုင် သည့် ဆိုး ဆိုးရွားရွား
ဘဏ္ဍာရေးကျပ်တည်းမှု အခြေ အနေနှင့် ရင်ဆိုင်နေရပါသည်။
ယင်းမှာနိုင်ငံကို အုပ်ချုပ်နေသော အစ္စလာမ်မစ် များအတွက်လည်း အလှည့် အပြောင်းဖြစ်စေ
နိုင်သော စိန်ခေါ်မှုဖြစ်နိုင်ပါသည်။
တောင်လိုပုံနေသော ကြွေးမြီများ၊ မဖြစ်စလောက်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံခြား ရန်ပုံငွေ
လျော့ပါးလာမှုလည်း နိုင်ငံတွင် ကြုံတွေ့နေရ၍ စစ်ဘက် အုပ်ချုပ်သူများနှင့် အစ္စ လာမ်မစ်များ ဦးဆောင် သည့် ပါလီမန်သစ်သည် ခက်ခဲသောရွေးချယ်မှုများနှင့် တည့်တည့်တိုးနေပြီဖြစ်သည်။
ပထမဦးဆုံး ကြုံတွေ့ရမည်မှာ အီဂျစ်နိုင်ငံသုံးငွေအား ထပ်မံ၍မဖြစ်မနေ တန်ဖိုးလျှော့ချရ မည့်အရေးဖြစ်ပြီး ယင်းသို့ လုပ်ဆောင်ခဲ့ပါကလည်း စားသောက် ကုန်နှင့် အခြားကုန်ပစ္စည်းများဈေးခေါင် ခိုက်သွားစေနိုင် သည်။
နောက်ထပ် အီဂျစ်အစိုးရက လုပ်ဆောင်ရမည့် အရေးကိစ္စမှာ အစိုးရအသုံးစရိတ်၏ ငါးပုံတစ်ပုံ အထိပါ ၀င်နေသည့် ရေနံနှင့်ဓာတ် ဆီများ ခွဲတမ်းချပေးနေသော စနစ်ကြီးကို အခြေခံမှစ၍ ပြုပြင် ပြောင်း လဲရမည့် အရေးဖြစ်သည်။ အတိတ်ကာလတွင်မူ စားသောက် ကုန်ဈေးနှုန်းများကြီးမြင့်လာခြင်း နှင့် ရေနံနှင့် ဓာတ်ဆီခွဲ တမ်းများ လျှော့ချလိုက်ခြင်းမှာ အဓိကရုဏ်း များကို ဖြစ်ပေါ်လာစေခဲ့ဖူးသည်။
“အခြေအနေက တော်တော့် ကိုဆိုးပါတယ်”ဟု အီဂျစ်စီးပွား ရေးလေ့လာရေးစင်တာမှ အမှုဆောင် ဒါရိုက် တာ မက်ဒါကန် ဒီးလ်ကပြောပါသည်။ မကြာသေးမီက တွေ့လာခဲ့ရသည့် အညွှန်းလက္ခဏာများမှာလည်း ထိတ်လန့် စရာကောင်းသည်ဟု ၎င်းကဆိုသည်။
လက်ရှိအခြေအနေ၏ လေးနက်မှုကိုပြသနေသော လက္ခဏာအဖြစ် နိုင်ငံကို အုပ်ချုပ်နေသည့် စစ်ဘက်
ကောင်စီက ယခင် ရက်သတ္တပတ်အတွင်း ၎င်း၏ မူလရပ် တည်ချက်မှတစ်ဆစ်ချိုးကာ နိုင်ငံ တကာငွေကြေး ရန်ပုံငွေအဖွဲ့ ( IMF ) ထံမှ ကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ ချေးငွေရယူမည့်အစီအ စဉ်ကို ပြန်လည်
ဆွေးနွေးခဲ့သည်။
ယခင်ကဆိုလျှင် အိုင်အမ်အက်ဖ် ထံမှ ချေးငွေရယူရေးအစီအစဉ်ကို နိုင်ငံတော်အချုပ်အခြာအာဏာ ပိုင်ဆိုင် မှုအကြောင်းပြချက်ဖြင့် ဗိုလ်ချုပ်ကြီးများက ပယ်ချခဲ့သည်။ သို့သော် ယခုအခါတွင် စစ်ဘက် ဦးဆောင်သော အစိုးရအဖွဲ့မှ အရာရှိများက ၎င်းင်းတို့အနေဖြင့် အိုင်အမ်အက်ဖ်ထံမှ ပို၍ကြီးမား သောချေးငွေ ကိုပင် ချေးယူ ရဖွယ် ရှိသည်ဟု ပြောဆိုနေကြပါသည်။
ထို့အပြင် ယခင်က ကြာ ရှည်ကြာညောင်း မတရားအသင်း အဖြစ် ကြေညာခံထားရပြီး ယခု အခါ နိုင်ငံ၏ ပါလီ မန်သစ်ကို ထိန်းချုပ်ထားသည့် အစ္စလာမ်မစ် အုပ်စု မွတ်ဆလင်ဘရားသားဟုဒ် အဖွဲ့ကလည်း အိုင်အမ် အက်ဖ် ကိုယ်စားလှယ်များနှင့် သီးခြား တွေ့ဆုံ၍ ဘဏ္ဍာရေးအကူအညီ ပေးမည့်အစီအစဉ်ကို လက်သင့် ခံမည့် အရိပ်အယောင်ပြသခဲ့ သည်။ ယင်းမှာ နှစ်ပေါင်း ၈၀ ခန့် အနောက်နိုင်ငံများ၏ ကိုလိုနီဝါဒကိုရှုတ်ချ၍ အာရပ်တို့၏ မှီခိုမှုကို ပြစ်တင်ပြောကြားခဲ့သည့် အဖွဲ့ အတွက် စစ်ဘက်ထက် ပို၍အံ့ အားသင့်စရာ တစ်ဆစ်ချိုး ကွေ့မှုပင်ဖြစ်သည်။
မွတ်ဆလင်ဘရားသားဟုဒ် အဖွဲ့ခေါင်းဆောင်များကလည်း နိုင်ငံအား အကျပ်အတည်းမှ ပဲ့ကိုင်သွားရေးမှာ ၎င်းတို့၏ နိုင်ငံ အုပ်ချုပ်ရေးစွမ်းရည်အတွက် စမ်းသပ်မှု ပင်ဖြစ်ကြောင်း ၀န်ခံပြော ကြားကြပါသည်။
စစ်ဘက်အုပ် ချုပ်သူများအား ရာထူးမှ ဖြုတ်ချ ရန် လှုပ်ရှားနေသူများကလည်း စီးပွားရေးအခက်အခဲမှာ ၎င်း တို့၏လှုပ်ရှားမှု အတွက် ကြီးမား သော အတားအဆီးဖြစ်လာပြီး နိုင်ငံသားအများအပြားမှာ တည်ငြိမ်မှုကိုသာ
ပြန်လည်၍လိုလား တောင့်တနေကြပြီဟုပြောသည်။ အချို့ကလည်း လွန်ခဲ့သောတစ်နှစ်က သမ္မတမူဘာ ရက်အား ရာထူးမှပြုတ်ကျသွားအောင် ကန့်ကွက် ဆနပြမှုများဖြစ်ပေါ်စေ ခဲ့သည့် စားဝတ်နေရေးကျပ်တည်း မှုမှာ ယခုအခါ မခံမရပ်နိုင် လောက်အောင် ပိုမိုဆိုးရွားလာ ခဲ့ပြီဟု စိတ်ပျက်လက်ပျက်မှတ် ချက်ချကြသည်။
စီးပွားရေးကျပ်တည်းမှုအား အီဂျစ်မင်္ဂလာဆောင်များမှာထက် ပို၍ သိသာသောနေရာမရှိပေ။
အီဂျစ်နိုင်ငံတွင် မင်္ဂလာဆောင် များမှာ အလွန်ငွေကုန်ကြေးကျ များပြီး တစ်နှစ် တစ်နှစ်လျှင် အမေရိကန်က အီဂျစ်နိုင်ငံအား အကူအညီပေးနေသော ငွေကြေး ပမာဏနှင့်နှိုင်းယှဉ်နိုင်သည်။
မင်္ဂလာဆောင်မည့်စုံတွဲများမှာမင်္ဂလာဆောင် အတွက် ကုန်ကျ စရိတ်ကို လျှော့ချနေကြသဖြင့် တော်လှန်ရေး မတိုင်မီ ဒေါ်လာ ၃၀၀ ခန့်ကုန်ကျမည့် အခမ်းအ နားများကို ဒေါ်လာ ၁၀၀ ခန့်သာ ပေးချေလိုကြသည်ဟု မင်္ဂ လာ ဆောင်ပွဲစီစဉ်သူများကဆိုသည်။ ယခင် တော်လှန်ရေးမတိုင်မီက တစ်လလျှင် ပျမ်းမျှ ဆယ်ပွဲခန့် ဖျော်
ဖြေနေရသော ဒီဂျေများက လည်း ယခုအခါ တစ်လလျှင် မင်္ဂလာဆောင်ပွဲ နှစ်ပွဲ၊ သုံးပွဲ လောက်သာ ရှိတော့
ကြောင်းပြော ပြကြသည်။
“တော်လှန်ရေးပြီးတဲ့နောက် မှာ ဘယ်သူမှ မင်္ဂလာမဆောင်ကြတော့ဘူး”ဟု မင်္ဂလာဆောင်ပွဲ များအတွက် ကားငှားရမ်းခြင်းလုပ် ငန်းလုပ်ကိုင်နေပြီး တွက်ခြေ မကိုက် တော့၍ လုပ်ငန်းရပ်နား လိုက်ရသော အာမေ အယ်လ်ခို ဒါရီကပြောပါသည်။ အသက် ၂၆ နှစ်အရွယ် ဘွဲ့ရတက္ကစီယာဉ် မောင်း အီဘရာဟင်မိုဟာမက်၏ အနေအထား မှာ လေ့လာစရာ နမူနာကောင်းဖြစ်သည်။ တက္ကစီ ငှားခနှုန်းထားများ အလွန်ကျ ဆင်းသွားခဲ့၍ အီဘရာဟင်မှာ သတို့သမီးအတွက် ပေးရမည့် လက်ဝတ်ရတနာလက် ဆောင်၊ မင်္ဂလာပွဲနှင့် မင်္ဂလာဆောင်ပြီး နေထိုင်ရန် အိမ်ခန်းခ၊ အိမ်ထောင် ပရိဘောဂများအတွက် အကြမ်းဖျင်းလိုအပ်သော ကန်ဒေါ်လာ ၇၀၀၀ ခန့်ကို မစုဆောင်းနိုင် တော့ကြောင်းပြောပြသည်။
“တော်လှန်ရေးကြောင့်သာ မဟုတ်ရင် ကျွန်တော် လက်ထပ်နိုင်လောက်ပါပြီ”ဟု အီဘရာဟင်က ဆိုသည်။ အီဘရာဟင်၏ ကံကြမ္မာအတွက် အကြောင်းပြချက်များမှာ တစ်နှစ်ပတ်လုံးတွင် ပိုများလာပါ သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လုံးဝနီးပါးပြတ်တောက်သွားခြင်း၊ ကမ္ဘာလှည့်ခရီးသည်လည်ပတ်မှု ၃၀ ရာခိုင်နှုန်းလျော့ နည်းသွား ခြင်း၊ စီးပွားရေးဖွံ့ဖြိုးမှုရပ်တန့်နေခြင်းတို့အပြင် တရားဝင် အလုပ်လက်မဲ့နှုန်း ၁၂ ရာခိုင်နှုန်းရှိခြင်း တို့ဖြစ်သည်။ လူငယ်များအတွက် အလုပ်လက်မဲ့နှုန်းမှာ ထို့ထက် နှစ်ဆပင် ရှိနိုင်ပါသည်။
စစ်ဘက်အုပ်ချုပ်ရေးမှူးများမှာ ဘဏ္ဍာရေးအကျပ်အတည်းကို ဖင်ခုထိုင်ထားရသည်။ ငွေကြေးဖောင်းပွ မှုနှုန်းမှာ ဆယ်ရာခိုင်နှုန်းကျော်လာခဲ့ပြီး နိုင်ငံသုံးငွေအီဂျစ် ပေါင်မှာလည်း အကြီးအ ကျယ် ဖိအားပေးခံနေ ရသည်။ အီဂျစ်ငွေ ပေါင်တန်ဖိုးကို တွန်း တင်ထားနိုင်ရန် ကြိုးပမ်းရင်း အစိုးရက တစ်လလျှင် ကန်ဒေါ် လာနှစ် ဘီလီယံခန့် အသုံးပြုနေရ ရာ နိုင်ငံခြားအရန်ငွေများ သိသိ သာသာ လျော့ကျလာသည်။
တော်လှန်ရေးမတိုင်မီ ကန်ဒေါ်လာ ၃၆ ဘီလီယံရှိခဲ့သော နိုင်ငံခြားအရန် ငွေမှာ ပေးချေစရာများ ဖယ်ထား ပြီးချိန်တွင် ၁၀ ဘီလီယံသာ ရှိ တော့သည်။
ဇွန်လအတွင်း အိုင်အမ် အက်ဖ်ထံမှ ချေးငွေယူရန်ရှောင် ရှားခဲ့သော အီဂျစ်စစ်ဘက်အုပ် ချုပ်သူများကြောင့် လည်း အခြေ အနေပိုဆိုးခဲ့ကြောင်း စီးပွားရေးပညာရှင်များ ကပြောကြားပါ သည်။ ထိုအစား စစ်ဘက်အစိုးရ က ပြည်တွင်း၌ပင် လှည့်ပတ်ချေးယူခဲ့သည်။ “ပြည်တွင်းဈေးကွက်ကပဲ ဆက်ပြီး ငွေချေးနေ တာကတော့
ဒေ၀ါလီ ခံရမယ့်မူဝါဒပါပဲ”ဟု ယခု အခါ ကိုင်ရိုမြို့တွင် ရောက်ရှိနေ သော မင်နီဆိုတာတက္ကသိုလ်အီဂျစ်လူမျိုး စီးပွားရေးပညာရှင် ရက်ဂူရီအာဆတ်ကဆိုပါသည်။
နောက်ဆုံးတွင် အီဂျစ်ငွေတန်ဖိုး လျှော့ချရုံမှလွဲ၍ ရွေးချယ်စရာမရှိ ဖြစ်လာနိုင်သည်ဟု ၎င်းကပင် ဆိုပါ သည်။ မည်သို့ပင်ဖြစ်စေ အီဂျစ်နိုင် ငံသည် စီးပွားရေးပြိုလဲနိုင်မှုအခြေအနေမှ ရုန်းထွက်နိုင်သေး ကြောင်း အချို့စီးပွားရေးပညာ ရှင်များက အခိုင်အမာပြောကြားကြသည်။ စစ်ဘက်ဦးဆောင် သော အစိုးရက နိုင်ငံ၏ ဘတ်ဂျက် လိုငွေအား ကန်ဒေါ်လာ ၃၀ ဘီလီယံမှ လေးဘီလီယံ လျှော့ချနိုင်မည့် အစီအစဉ်များ ကြေညာ ခဲ့ခြင်းကို ၎င်းတို့က ထောက်ပြကြသည်။
ထို့အပြင် လွှတ်တော်ကို ချုပ်ကိုင်ထားသော မွတ်ဆလင်ဘရားသား ဟုဒ်အဖွဲ့ကလည်း လွတ်လပ် သောဈေး ကွက်စနစ်ကို ထောက်ခံပြီး လက်တွေ့ကျသော ပြုပြင် ပြောင်းလဲမှုများကိုလုပ်ဆောင် ရန် စိတ်အားထက် သန်ကြောင်းလည်းဆိုနေကြရာ ဒယ်အိုးထဲမှ မီးပုံထဲသို့ ခုန်ဆင်းခဲ့ကြသောအီဂျစ်နိုင်ငံ သားများ သက်သာ ရာရတော့မည်လား ဆိုသည်မှာ ...။
—Ref: Economic Potholes Add Dangers on Egypt's New Political Path.

0 မှတ်ချက်များ for "နိုင်ငံရေး လမ်းကြောင်းသစ်တွင် စီးပွားရေး အကျပ်အတည်းကို ကျော်လွှားမည့် အီဂျစ်"