ပြည်သူအား ကူညီနိုင်ရန် ဒေသ အသီးသီးရှိ ကယန်း လူငယ်များ ပြင်ဆင်
လူနေမှု အဆင့်အတန်းနိမ့်ကျလျှက်ရှိသော ကယန်းဒေ သ ပြည်သူများအား တစ်ဖက်တစ်လှန်းမှ ကူညီနိုင်ရန် အတွက် ဒေသအသီးသီမှ ပညာသင် ကြားေ နသော ကယန်းကျောင်းသားလူငယ် များတို့က ပြင်ဆင်နေ ကြသည်။
ဒီဇင်ဘာလ၁၈ရက် ၂၀၁၁ ခုနှစ်မှာ ဖွဲ့စည်းလိုက်သော ကယန်းလူထုဖွံ့ ဖြိုးတိုးတက်ရေး ဝန်ဆောင်မှု အဖွဲ့ ကို စတင် ဖွဲ့စည်းခဲ့သည်။
အဖွဲ့ ဦးဆောင်သူ ခွန်းနေဆာအောင် (ခေါ်) အိုင် တာနာ ချိုက “ ကယန်းဒေသ လူထုကို တစ်ဖက်တစ်လှမ်း မှ ကူညီပေးနိုင်ရန်အတွက်ကယန်းလူငယ်တစ်ဦးအနေဖြင့် မိမိ၌ ရှိသမျှ ဥာဏ်န၊ ကာယအင်အား ပေးဆပ်ကြဖို့ လိုတဲ့အတွက်ဖြစ်ပါတယ်။
ဆက်လက်ပြီး၎င်းအဖွဲ့ရဲ့ ဦးတည်ချက်နှင့်ပါတ်သက်ပြီး ကယန်းလူငယ်ပညာသင်အရွယ်လူငယ်များ ပညာ တတ်မြောက်စေရန် နှင့် ကယန်းစာပေ တတ်မြောက်ပေးနိုင်ဖို့အတွက်ရယ်၊ကယန်းလူထု တစ်ရပ်လုံး အသိ ပညာဗဟုသုတများ၊ ပိုမိုရင်းကျွှမ်းဝင် မှုများ၊ ဆက်သွယ်ရေးနှင့်ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများ ရရှိနိုင်ရန်အတွက်ရယ်၊ ကယန်းအမျိုးသမီး ဖွံ့ ဖြိုးမှုများ၊ကယန်းဓလေ့ရိုးရာ ဝတ်စားဆင်ယင်မှုများနှင့် မျိုးဆက် လူငယ်များ လည်းဆက်လက် ထိန်းသိမ်းသွားနိုင်ဖို့ အတွက်ရယ် အဓိက ရည်ရွယ် ဖွဲ့စည်းထားပါကြောင်း ဆိုပါသည်။
အဖွဲ့ အစည်း၏ဖွဲ့ စည်းပုံ အခြေခံ စည်းမျဉ်းစည်းကမ်းများနှင့် ကောင်မတီ ဝင်များကို မဲ့ဟောင်ဆောင်မြို့အနီးရှိ ကယန်းကျေးရွာ ကိုယ်စားလှယ်များမှ ရွေးချယ် အတည်ပြုခဲ့သလို စာနှင့်ယဉ်ကျေးမှု၊ ပညာရေးနှင့် အနုပညာ၊ လူမှုရေး၊အားကစား၊ ကျန်းမာရေး၊ ကယ်ဆယ်ရေး စသည့် အဖွဲ့၏ လုပ်ငန်းစဉ်များချမှတ်ခဲ့ကြောင်း သိရသည်။
ကယန်းလူထုဖွံ့ ဖြိုးတိုးတက်ရေး ဝန်ဆောင်မှု (K C D S) အဖွဲ့ ကို လွန်ခဲ့သည့် ဒီဇင်ဘာလ ၁၈ရက် ၂၀၁၁ခုနှစ် ထိုင်းနိုင်ငံ၊ မဲ့ဟောင့်ဆောင်ခရိုင်၊ နန်းဆွယ်ကျေးရွာ၌ ကျင်းပ ပြုလုပ်ခဲ့သောကယန်းအမျိုးသား အကျိုးအတွက် တ်စုံတ်ရာ အကျိုးပြုနိုင်ရေး ညှိနိုင်းအစည်းအဝေးမှာ စတင်ဖွဲ့ စည်းခဲ့ခြင်း ဖြစ်သည်။


0 မှတ်ချက်များ for "ပြည်သူအား ကူညီနိုင်ရန် ဒေသ အသီးသီးရှိ ကယန်း လူငယ်များ ပြင်ဆင်"