ချင်း တက္ကသိုလ်ေ ကျာင်းသားများက ငြိမ်းချမ်းေ ရးကိစ္စ တွေ့ဆုံေ ဆွးနွေးေ စချင်

ပခုက္ကူ တက္ကသိုလ်ရှိ ချင်းကျောင်းသားများက လက်ရှိ ချင်းအမျိုးသားတပ်ဦး နှင့် အစိုးရအကြား ငြိမ်းချမ်းရေးေ ဆွးနွေးမှု နှင့် ပါတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုပြုလုပ်ေ ပးစေချင်ကြောင်း သတင်းရရှိသည်။

“ စီအဲန်အက်ဖ် နဲ့ အစိုးရတို့ ငြိမ်းချမ်းရေး သဘောတူညီချက် ထဲမှာ Public Consultation ကို ချင်းပြည်သူထံ ပြုလုပ်ဖို့ဆို တာရှိတယ်၊ အဲဒီအတွက် ကျတော်တို့ ပခုက္ကူချင်းတက္က သိုလ်ကျောင်း သားတွေထံ ပြုလုပ်ပေး စေချင်တာဖြစ်တယ်” ဟု ချင်းတက္ကသိုလ်ကျောင်းသား ခေါင်းဆောင် ဘီးဇကျိုးက ခိုနုမ်းထုန်ကို ယနေ့ ပြောသည်။

ပခုက္ကူတက္ကသိုလ်သည် ချင်းလူငယ်အများဆုံး တက်ရောက်သည့် ကျောင်း ဖြစ်ပြီး ယခုနှစ်တွင် ၄၅၀ ဦးခန့် တက်ရောက် သည်ဟု သိရသည်ဟု ဆက်ဆိုသည်။

ဆက်လက်ပြောသည်မှာ “ ပခုက္ကူ ချင်းတက္ကသိုလ်ကျောင်းသားထဲ မဟုတ်ပဲနဲ့ တပြည်လုံး ချင်းတက္က သိုလ်
ကျောင်း သား တွေထံလည်း ပြုလုပ်သင့်တယ် ”

ချင်းအမျိုးသားတပ်ဦးသည် အစိုးရ နှင့် ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဉ် အတွင်း ချင်းပြည်နယ် ထန်တ လန်၊ မတူပီ၊ ဟားခါးမြို့များတွင် ချင်းပြည်နယ်အစိုးရနှင့် ပူးတွဲပြီး ငြိမ်းချမ်းရေး သဘောတူညီချက်များနှင့် ပါတ်သက်ပြီး လူထု နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ် ခဲ့ပြီးဖြစ်သည်။

အစိုးရနှင့် စီအဲန်အက်ဖ်သည် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် သဘောတူညီချက် (၉) ချက်၊ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် သဘောတူညီချက် (၁၅) ချက်ကို သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြသည်။

နှစ်ဦး နှစ်ဖက်သည် ငြိမ်းချမ်းရေးပြန်လည်ဆွေးနွေးမှုကို ပြုလုပ်မည်ဟု သိရသော်လည်း မည်သည့် အချိန်ပြုလုပ်မည်ကိုမူ မသိရပါ။

0 မှတ်ချက်များ for "ချင်း တက္ကသိုလ်ေ ကျာင်းသားများက ငြိမ်းချမ်းေ ရးကိစ္စ တွေ့ဆုံေ ဆွးနွေးေ စချင်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++