မြန်မာနိုင်ငံရေးမှာ အမျိုးသမီးများ ခွဲခြားဆက်ဆံခံရသည့် ယဉ်ကျေးမှု ပြောင်းဖို့လို

ယခုနှစ်တွေအတွင်း အရှေ့အာရှဒေသ မှာ စီးပွားရေးတိုးတက်မှု အရှိန်ရလာ
ပေမဲ့ ကျားမ တန်းတူရှိမှုမှာ အများကြီး
နောက်ကျနေတာကြောင့်၊ ဘန်ကောက် မှာ ကျင်းပတဲ့ ကမ္ဘာ့စီး ပွားရေး ဖိုရမ်မှာ ‘Asia Women as the Way Forward’
ခေါင်းစဉ်နဲ့ အာရှ အမျိုး သမီးကဏ္ဍကို အလေးထား ဆွေးနွေးခဲ့ကြသည်။

အဲဒီ အစီအစဉ်မှာ ဒေါ်အောင်ဆန်းစု ကြည်က အာရှဒေသဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တစ်ခုထဲနဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည် တိုးတက်ဖို့ မလုံလောက်ဘူး၊ လူ့အဖွဲ့အစည်း ရဲ့ ကဏ္ဍတိုင်းမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ရလာဖို့ ယဉ်ကျေးမှု အပြောင်းအလဲတွေ လုပ်ဖို့ လိုအပ်နေပြီ ဟု ဆွေးနွေးသွားသည်။

ဒေါ်အောင်ဆန်းစုကြည် က “လူတွေက ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံရေးဖွံ့ဖြိုးမှုမှာ အမျိုးသမီးတွေ ပါဝင်နိုင်ပါ့ မ လား၊ ပါဝင်ပြီး သူတို့ ဘာတွေ လုပ်နိုင်မှာလဲလို့ မေးကြတယ်။ ကျမ ပြန်မေးချင်တာက ကျမတို့ အမျိုး သ မီးတွေ ပါဝင်ဆောင်ရွက်ဖို့ကို ဘာကြောင့် ခွင့်မပြုတာလဲ။ အမျိုးသမီးတွေ ကဏ္ဍတိုင်းမှာ လုပ်ဆောင်နိုင် တယ်လို့ ကျမထင်တယ်၊ ဒါပေမဲ့ သူတို့ကို ပါဝင်ခွင့် မပြုကြဘူး” လို့ သူ့အမြင်ကို ပြောခဲ့သည်။

“အဲဒီ ကျားမကွာဟချက်ကို ကျဉ်းသွားအောင်လုပ်ဖို့က စီးပွားရေးဖွံဖြိုးလာရုံနဲ့ မရဘူး။ ယဉ်ကျေးမှု တန်ဖိုး
တွေနဲ့လည်း သက်ဆိုင်နေတယ်။ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို ဘာကြောင့် ခွင့်မပြုကြ သလဲဆို တာကို အဖြေရှာလိုတယ်ဆိုရင် ယဉ်ကျေးမှုကိစ္စတွေကိုလည်း ကိုင်တွယ်ဖို့လိုတယ်လို့ ကျမ ထင်တယ်” ဟု ဆက်ပြောသည်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ စီးပွားရေးမှာ အရေးပါတာကို အထင်အရှား မြင်တွေ့နေကြရပေမဲ့၊  အဲဒီပါဝင် မှုက နိုင်ငံရေးနယ် အထိ တိုးချဲ့မသွားဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။ နိုင်ငံရေးနယ်ထဲမှာ ခွဲခြား ခံရမှု အမြစ်တွယ်နေတာကြောင့် အမျိုးသမီးတွေကလည်း ခေါင်းဆောင်မှုကဏ္ဍကို ယူဖို့ တွန့်ဆုတ်နေတတ် သည်ဟု ဆိုသည်။

“နိုင်ငံရေးနဲ့ ပတ်သက်ရင် ကျမတို့က မကြာခဏ ခွဲခြားဆက်ဆံခံရတယ်။ ဧပြီလ အစောပိုင်း ကြားဖြတ်ရွေး
ကောက်ပွဲ မတိုင်မီ အထိ၊ လွှတ်တော်အမတ် ၆၀၀ကျော်မှာ အမျိုးသမီး ၁၅ ဦးပဲ ပါတယ်။ ဒါ မြန်မာ့နိုင်ငံရေး မှာ အမျိုးသမီးတွေကို အများကြီး ကန့်သတ်ထားတာ မြင်ကြည့်နိုင်တယ်။ ကြားဖြတ်ရွေးကောက်ပွဲပြီးတော့ ကျမတို့ အမျိုးသမီး ၁၃ ဦး ထပ်ပေါင်း ထည့်နိုင်ခဲ့တယ်။ အရေအတွက် နှစ်ဆနီးပါးတော့ တက်သွားတာပေါ့၊ ဒါ မလုံလောက်သေးပါဘူး။ အစိုးရ ကက်ဘိနက်တဖွဲ့လုံးမှာ အမျိုးသမီးဆိုလို့ ဒုဝန်ကြီး နှစ်ဦးပဲ ရှိတယ်” ဟု
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရေးမှာ ကျားမ တန်းတူမရှိမှုကို ဆွေးနွေးခဲ့သည်။

0 မှတ်ချက်များ for "မြန်မာနိုင်ငံရေးမှာ အမျိုးသမီးများ ခွဲခြားဆက်ဆံခံရသည့် ယဉ်ကျေးမှု ပြောင်းဖို့လို"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++