အင်းလေးကန် ရေရှည်တည်တံ့နိုင်ရေး ဆုံးဖြတ်ချက်များချမှတ်
အင်းလေးကန် ရေရှည်တည်တံ့နိုင်ရေးအတွက် ကန်အ တွင်းမှာ ကျေးရွာတွေ၊ အိမ်တွေ၊ ကျွန်းမျှောတွေအပြင် ဟိုတယ်နဲ့ စားသောက်ဆိုင်တွေ ထပ်မံတိုးချဲ့ တည်
ဆောက်တာတွေကို တားမြစ်တော့မှာဖြစ်တယ်လို့ သိ ရပါတယ်။
ဒီလ ၁၂ ကနေ ၁၄ ရက်နေ့အထိ ရှမ်းပြည်နယ်၊ တောင် ကြီးမြို့မှာ ပြုလုပ်ခဲ့တဲ့ အင်းလေးကန် ပြန်လည် ထူ
ထောင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ဒီအချက်
တွေနဲ့အတူ အခြားအချက် ၃၀ ကျော်ပါတဲ့ ဆုံးဖြတ် ချက်တွေကို ချမှတ်နိုင်ခဲ့ပါတယ်။

ဒီလိုဆုံးဖြတ်ခဲ့တာ တွေနဲ့ပတ်သက်ပြီး အင်းလေးကန် ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့
FREDA လိုခေါ်တဲ့ ‘သစ်တောရင်းမြစ် သဘာဝပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က ဒု-ဥက္ကဋ္ဌ ဦးအုန်း က အခုလိုပြောပါတယ်။
FREDA လိုခေါ်တဲ့ ‘သစ်တောရင်းမြစ် သဘာဝပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က ဒု-ဥက္ကဋ္ဌ ဦးအုန်း က အခုလိုပြောပါတယ်။
“ကျွန်းမျောတွေ မတိုးချဲ့ဖို့ ဒါတွေလည်းပါတယ်။ အဲဒီတော့ မတိုးချဲ့တော့လည်း သူတို့ရဲ့ စားဝတ်နေရေးအတွက် ကတော့ စဉ်းစားပေးရမှာပေါ့။ အဲဒီတော့ သူတို့ကိုနေရာတကာလည်း အကျပ်ကိုင်လို့မရဘူး၊ လွှတ်ထားလို့လည်း မရဘူး၊ ထိန်းထိန်း သိမ်းသိမ်း လုပ်ရမှာပေါ့နော်၊ အဲဒါတွေရှိတယ်။”
ဒီဆွေးနွေးပွဲကို သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးပညာရှင်တွေနဲ့အတူ ဒေသခံတွေ၊ စီးပွားရေးလုပ်ငန်းရှင်
တွေနဲ့ အာဏာ ပိုင်တွေ ပါဝင်ဆွေးနွေးခဲ့ကြပြီး ပညာရှင်တွေက အင်းလေးကန်နဲ့ပတ်သက်တဲ့ စာတမ်းပေါင်း ၃၀ ကိုဖတ်ကြားခဲ့ပြီး ဒေသခံတွေလည်း တက်တက်ကြွကြွ ပါဝင်ခဲ့ကြတယ်လို့လည်း ဦးအုန်းက ပြောပါတယ်။ ဒီဆွေးနွေးပွဲက ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တွေကိုလည်း ဦးအုန်းက အခုလို ရှင်းပြပါတယ်။

“ကျနော်တို့က နိုင်ငံခြားကိုပဲ အားကိုးလို့မဖြစ်ဘူး။ ပြည်တွင်းအားနဲ့လည်း ကျနော်တို့အင်းလေးကန်ကြီး ထူထောင်ရမယ်။ ဟိုတယ်နဲ့တိုးရစ်က (ခရီးသွားလုပ်ငန်း) ကရတဲ့ ငွေကလည်း ပေးရမယ်။ ကျွန်းမျောတွေ ကရောင်းတဲ့ ခရမ်းချည်သီး တွေဘာတွေ ပွဲရုံတွေကလည်း ပေးရမယ်။ စသည်ဖြင့်ပေါ့ဗျာ။ သဘာဝပတ်ဝန်း ကျင်ကို ဒီအင်းလေးကန်ကို အခြေပြုပြီးတော့ စီးပွားရှာတဲ့လူတွေက ၀န်ဆောင်မှုတွေအတွက် ပြန်ပေးရမယ်။ အဲဒါလည်း ကျနော်တို့မဖြစ် မနေတွန်းအားပေးရမယ်။ အလွန်ကျယ်ပြန့်ပါတယ်။ ဒါဟာ နေ့ချင်းညချင်း လုပ်လို့ မရပါဘူး။ နှစ်နဲ့ချီလုပ်ရမယ်။ နှစ်တောင်မှ ၁ နှစ် ၂ နှစ်နဲ့မရဘူး။ ၁၅ နှစ်၊ အနှစ် ၂၀ လောက် ဆက်လုပ်ရမှာ။”
အင်းလေကန် ရေနည်းပါးမှုကို ပြီးခဲ့တဲ့ ဧပြီလက နှစ် ၅၀ ကျော်မှာ ပထမဆုံး စတင်တွေ့ရှိခဲ့ပြီး အင်းလေးကန်ဒေ သဟာ ရက်ကန်းရုံ၊ ငွေထည်၊ ကြေးထည်အလုပ်ရုံ၊ အခြားလက်မှုလုပ်ငန်းတွေနဲ့ ဟိုတယ်လုပ်ငန်းတွေ အများဆုံး လုပ်ကိုင်တဲ့ ဒေသ တခုလည်းဖြစ်ပါတယ်။

0 မှတ်ချက်များ for "အင်းလေးကန် ရေရှည်တည်တံ့နိုင်ရေး ဆုံးဖြတ်ချက်များချမှတ်"