ကလို့ထူးဘော ဒီကေဘီအေ အဖွဲ့ကုတင် ၂၀ ဆန့်ကျေးလက် ဆေးပေးခန်းတစ်ခုဖွင့်
ဒေသအတွင်းရှိပြည်သူများအတွက် အခမဲ့ ကျန်းမာရေး ၀န်ဆောင်မှုပေးနိုင်ရန် ကုတင်
၂၀ ဆန့် ကျေးလက် ဆေး ပးခန်း တခုကို ကလို့ထူးဘောဒီကေဘီအေ အဖွဲ့ က
ကရင်ပြည်နယ်မြ၀တီခရိုင်ဝေါ်လေဒေသရှိ တာအုပ် ထာ့ကျေးရွာတွင်ဖွင့်လှစ်ခဲ့သည်။
ထိုင်း-မြန်မာနယ်စပ် အခြေစိုက်
မြန်မာနိုင်ငံဆေး ပညာ ရှင်များအသင်း BMA (ပြည်ပ)အဖွဲ့၏ ပံ့ပိုး မှုဖြင့် စနေနေ့ ကဖွင့်လှစ်ခဲ့သည့်
ဆေးခန်းကို ကလို့ထူးဘော ဒီကေ ဘီအေ စစ်ဦးစီးချုပ်ဗိုလ်ချုပ်စောလားပွယ်နှင့်ဒေသ
အခြေစိုက် စကခ ၁ ၉ နည်းဗျူဟာ ၁ မှ ဗျူဟာမှူးတို့တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
အခြေစိုက် စကခ ၁ ၉ နည်းဗျူဟာ ၁ မှ ဗျူဟာမှူးတို့တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဒီကေဘီအေစစ်ဦးစီးချုပ်ဗိုလ်ချုပ်စောလားပွယ်က"ဒေသအတွင်းမှာရှိတဲ့ပြည်သူလူထုတွေကိုကျန်းမာရေးဆိုင်ရာ
စောင့်ရှောက်မှုပေးဘို့အတွက် ဒီဆေးခန်းကိုဖွင့်လှစ်ပေးရတာဖြစ်တယ်"ဟု အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ သည်။
စောင့်ရှောက်မှုပေးဘို့အတွက် ဒီဆေးခန်းကိုဖွင့်လှစ်ပေးရတာဖြစ်တယ်"ဟု အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ သည်။
မြ၀တီခရိုင်ဝေါ်လေဒေသ တွင် တာအုပ်ထာ့ဆေးခန်းအပါ အ၀င် ကလို့ထူးဘောဒီကေဘီအေအဖွဲ့မှ ဖွင့်လှစ်ထား သည့် ဆေးရုံနှင့်ဆေးပေးခန်း ၅ ခုရှိသည်ဟု အဖွဲ့၏ ဆေးမှူးချုပ်စောထွန်းမြင့်အောင်ပြောကြားပြီး လက်ရှိတွင်ဒေသ အတွင်းရှိ ရွာပေါင်း ၂၀ ကျော်မှ ဒေသခံလူထု ၈၀၀၀ ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်ဟုဆိုသည်။

0 မှတ်ချက်များ for "ကလို့ထူးဘော ဒီကေဘီအေ အဖွဲ့ကုတင် ၂၀ ဆန့်ကျေးလက် ဆေးပေးခန်းတစ်ခုဖွင့်"