ခုနှစ်ရက် သားသမီးများ အတွက် (၂.၇.၁၂ ) မှ (၈.၇.၁၂) ထိတပတ်စာ ဗေဒင်ဟောစာတမ်း
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
မိမိကို အထင်ကြီး ခံနေရတတ်သည်။ အလုပ်ကောင်း၊ နေရာကောင်းရနေမည်။ အလုပ် အကိုင် တိုး တက်နေမည်။ ဆွေမျိုးသားချင်းများရောက်လာတတ်ခြင်း၊ မိတ်ဆွေ များရောက် လာခြင်းဖြစ်တတ်သည်။ ရွှေဝင်ခြင်း၊ ဘာသာရေးနှင့် ပတ်သက်သော ပုံတော် များရောင် လာခြင်းဖြစ်တတ်သည်။ ကောင်းသည်။ ထွက်ထားသော စက်ပစ္စည်း များပြန် ၀င်မည်။
မိမိ၏ လက်ဝတ် ရတနာ ပစ္စည်းကျောက်ထွက် တတ်သည်။ သတိထားပါ။ မိမိအိမ်ပြုပြင် ရတတ်သည်။ ကျန်းမာရေး။ ခံတွင်းနှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။ အချစ်ရေး။ ယောင်္ကျာဖြစ်က မိန်း ကလေးတဦးဒုက္ခပေးခြင်း၊ မိန်း ကလေးဖြစ်က အိမ်ထောင်ရှင်နှင့်ပတ်သက်ခြင်းဖြစ်နေတတ်သည်။ ယတြာ။ မွေးနေ့ နံနက်တွင် မိမိကိုး ကွယ်ရာ ဘာသာမှ ဘုရားသခင်အား ကြွေပုဂံပြားထဲတွင် ရှောက်သီးတလုံး ထည့်ပြီးကပ်လှူဆုတောင်းပါ။ အကျိုးပေးဂဏန်း ( ၆ ၄ ၆ ၃)

တနင်္လာသားသမီးများ၏ကံကြမ္မာ
နိုင်ငံခြားနှင့်ပတ်သက်သောလုပ်ငန်းများလုပ်ရခြင်း၊ နိုင်ငံခြားခရီးသွားရခြင်း၊ လူမျိုးခြားများ၏ ကူညီမှုရခြင်း၊
ရွှေလက်ကောက်ဝင်ခြင်း၊ အလှူလုပ်ရခြင်း၊ အလုပ်နေရာသစ်ပြောင်းရခြင်း၊ စီးပွားတိုးတက်ခြင်း များဖြစ်နေ မည်။ ကွန်ပြူတာထွက်ခြင်း၊ ဖုန်းထွက်ခြင်း၊ အဟောင်းအသစ်ပြောင်းရခြင်းဖြစ်တတ်သည်။ စက်ပစ္စည်းများပျက်ခြင်း၊ ထွက်ခြင်းဖြစ်တတ်သည်။ စီးပွားရေးအလွန်ကောင်းနေသည်။ အလှူအတန်းပြုလုပ်ပေးပါ။ ကျန်းမာရေး။ မျက်စိနှင့် ပတ်သက်သောရောဂါဖြစ်ခြင်း၊ သွေးလျံခြင်းဖြစ်တတ်သည်။ အချစ်ရေး။ စန်းအားကောင်းနေ သည်။ မိမိကို စိတ်ဝင် စားသူများနေမည်။ စိတ်ကြိုက်ရွေးချယ်ပါ။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာ ဘာသာမှဘုရားသခင်အား လိမ္မော်သီး (၇)လုံးကပ်လှူဆုတောင်းပါ။ အကျိုးပေးဂဏန်း ( ၂ ၀ ၆ ၆)
အင်္ဂါသားသမီးများ၏ကံကြမ္မာ
စက်ပစ္စည်းများဝင်ခြင်း၊ စာအုပ်စာပေနှင့်ပတ်သက်သောကိစ္စများအဆင်ပြေခြင်း၊ စာအုပ်ကောင်းများ လက်ဆောင် ရခြင်းဖြစ်တတ်သည်။ အိုးပိုင်အိမိပိုင်ဖြစ်တတ်သည်။ မြေထွက်ခြင်း၊ ပြန်ဝင်ခြင်းဖြစ်မည်။ ကားဝင်ခြင်း၊ ကား အဟောင်းမှအသစ်ဝင်ခြင်းဖြစ်မည်။ ငွေလူလိမ်ခံရတတ်သည်။ စီးပွားမတိုးချဲ့ပါနှင့်ဆုံးရှုံးမှုများမည်။ စာချုပ်စာတမ်း အာမခံခြင်းမလုပ်ပါနှင့်။ အစစအရာရာသည်းခံခြင်း၊ သတိထားခြင်းများနှင့်လုပ်ကိုင်ပါ။ ကျန်းမာရေး။ ခေါင်းမူးခြင်း၊
ခေါင်းကိုက်ခြင်း၊ အကြောနာခြင်းဖြစ်တတ်သည်။ အချစ်ရေး။ ကံကောင်းနေသည်။ ချစ်သူရည်းစားရမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားအုန်းသီးစိတ် ( ၄) စိတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃ ၃ ၃ ၁)

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
လူပင်ပမ်းခြင်း၊ စိတ်ပင်ပမ်းခြင်းဖြစ်နေမည်။ နိုင်ငံရပ်ခြားခရီသွားရခြင်း၊ နိုင်ငံရပ်ခြားမှလက်ဆောင်ပစ္စည်းရခြင်း၊ စာမေးပွဲထူးချွန်စွာအောင်မြင်ခြင်း၊ အင်တာဗြူးများ အဆင်ပြေခြင်း ဖြစ်မည်။ အလုပ်အကိုင်တွင် စိတ်တိုင်းမကျခြင်း၊ မိမိကိုယ်တိုင်စိတ်တိုင်းမကျခြင်း၊ သူတပါးကိုစိတ်တိုင်းမကျခြင်းများဖြစ်မည်။ လက်အောက်ငယ်သားကြောင့် စိတ်ညစ် စရာဖြစ်တတ်သည်။ ငွေဝင်သော်လည်း အထွက်များနေမည်။ ထီပေါက်တတ်သည်။ ကျန်းမာရေး။ ဗိုက်အောင့်နေ မည်။ အစားအသောက်သတိထားပါ။ အချစ်ရေး။ မိမိကိုအဆက်အသွယ်ဖြတ်ထားသောကြောင့် အသဲကွဲသလိုဖြစ်နေ မည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားပန်းသစ်တော့သီး ( ၃)လုံးကပ်လှူ ဆုတောင်းပါ။ အကျိုးပေးဂဏန်း ( ၀ ၅ ၄ ၄ )

ကြာသပတေးသားသမီးမျာ၏ကံကြမ္မာ
အမိနိုင်ငံပြန်ရတတ်ခြင်း၊ လုပ်ငန်းတိုးချဲ့ရန်အကြောင်းပေါ်လာခြင်း၊ လုပ်ငန်းတွင်အောင်မြင်နေမည့်အချိန်ဖြစ်သည်။ စီးပွားတက်နေမည်။ အလုပ်တွင်နာမည်ကောင်းရနေမည်။ အလှူအတန်းလုပ်ရခြင်း၊ ဘာသာရေးနှင့်ပတ်သက်သော ကိစ္စများလုပ်ကိုင်ရခြင်းဖြစ်နေမည်။ ပြည်တွင်းပြည်ပခရီးသွားရတတ်သည်။ စာရွက်စာတမ်း အာမခံခြင်းမလုပ်ပါနှင့်။
အရေးကြီးစာရွက်စာတမ်းပျောက်တတ်သည်။ သတိထားပါ။ ကျန်းမာရေး။ လေထိုးလေအောင့်ခြင်း၊ အစားမှားခြင်းဖြစ် တတ်သည်။ အချစ်ရေး။ မင်္ဂလာပွဲလုပ်ရတတ်သည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာ ဘာသာမှဘုရား သခင်အားမင်းဂွတ်သီး ( ၉) လုံးကပ်လှူဆုတောင်းပါ။ အကျိုးပေးဂဏန်း( ၂ ၀ ၃ ၃ )

သောကြာသားသမီးများ၏ကံကြမ္မာ
မျက်မှန်ဝင်ခြင်း၊ ဆိုင်ကယ်ဝင်ခြင်း၊ဆိုင်ခန်းဝင်ခြင်းဖြစ်မည်။ အလုပ်တွင်အတိုက်အခံနှင့်ရင်ဆိုင်နေရ တတ်သည်။
ငွေဝင်ကောင်းနေမည်။သိုသော်ငွေထွက်လည်းများနေမည်။ ပျော်ရွှင်သောခရီးသွားရတတ်သည်။ ရွှေပြင်ခြင်း၊
ရွှေထွက်ခြင်းဖြစ်တတ်သည်။ အိမ်ပြင်ခြင်း၊ အိမ်ပြောင်ခြင်းပြုလုပ်ရတတ်သည်။ လူမျိုးခြားများ၏ကူညီမှုရမည်။
ကျန်းမာရေး။ နားနှင့်ပတ်သက်သောရောဂါ၊ ဒူးနှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။ အချစ်ရေး။ စိတ်ချမ်း သာမှုများနှင့်ပျော်ရွှင်စရာများဖြစ်နေမည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာ ဘာသာမှ ဘုရားသခင် အားပန်းသီး ( ၆)လုံးကပ်လှူဆုတောင်းပါ။ အကျိုးပေးဂဏန်း ( ၂ ၇ ၆ ၅ )

စနေသားသမီးများ၏ကံကြမ္မာ
ထီပေါက်ခြင်း၊ အပိုဝင်ငွေရခြင်း၊ လစာတိုးခြင်း၊ ၀င်ငွေတိုးခြင်း၊ အလုပ်ပြောင်းရွှေ့ရခြင်း၊ လုပ်ငန်းသစ်လုပ်ရန်ဖြစ်ခြင်း များဖြစ်နေမည်။ စီးပွားတက်နေမည်။ အပျော်အပါးသတိထားပါ။ အပျော်လွန်ပြီးဆုံးရှုံးမှုများတတ်သည်။ သတိထား ပါ။ ကိုယ်ပိုင်လုပ်ငန်းလုပ်လျှင်လဲအောင်မြင်သောအချိန်ဖြစ်သည်။ အစစအရာရာအဆင်ပြေမည့် အချိန်ဖြစ်နေသည်။
ကျန်းမာရေး။ လက်ကိုက်ခြင်း၊ အကြောနာခြင်းဖြစ်နေမည်။ အချစ်ရေး။ စိတ်ချမ်း သာမှုများနှင့်ပြည့်စုံနေမည်။
ယတြာ။ မွေးနေ့န့နက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားကြက်မောက်သီး ( ၁၀ )လုံး ကပ်လှူ ဆုတောင်း ပါ။ အကျိုးပေးဂဏန်း ( ၇ ၅ ၅ ၄)

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း +6016 6903 513 / +6018 2250 510

0 မှတ်ချက်များ for "ခုနှစ်ရက် သားသမီးများ အတွက် (၂.၇.၁၂ ) မှ (၈.၇.၁၂) ထိတပတ်စာ ဗေဒင်ဟောစာတမ်း"