အမြဲ ခံနေရသော (ယာယီမဟုတ် ) နိုင်ငံကူး လက်မှတ်

ထိုင်းနိုင်ငံတောင်ပိုင်း ပူကစ်မြို့ စူပါချိပ်ကုမ္ပဏီ တွင်ယာယီနိုင်ငံ ကူးလက် မှတ်လုပ်ရန်အတွက် စူပါချိပ် ကုမ္ပဏီမှ တစ်ယောက်လျှင် ၅၀၀၀ ဘတ်ဖြတ် ထားပြီးပါပြီ။ ၂၀၁၀ ခုနှစ်တုန်းကပါ ၂၀၁၀ခုနှစ်တုန်းကဖြတ် ထားသော
လူတွေ လဲ့စူပါချိပ်ကုမ္ပဏီ မလုပ်ပေး၍အပြင်  အေးဂျင်းမှာ လုပ်ကြပါသည်။ 

အပြက်အေးဂျင်းမှာသွားမလုပ်ဘဲကျန်နေသောလူတွေ(အနည်းစုပါ) စူပါ ချိပ် ကုမ္ပဏီမှလုပ်ပေးပါသည်။၂၀၁၁ခုနှစ်တုန်းကလဲ့ဒီလိုဘဲဖြတ် ထားပြီး မလုပ်ပေးဘူးအပြင်အေးဂျင်းမှာ ဘဲလုပ်ကြပါတယ်။  အေးဂျင်းမှာ မလုပ်ဘဲကျန်နေတဲ့ (အနည်းစုပါ)လူတွေကို စူပါချိပ်ကုမ္ပဏီ   ပေးပါတယ်။ 

၂၀၁၂ခုနျစ်မှာလဲဒီလိုဘဲတစ်ခီူ့ လူတွေကအပြင်အေးဂျင်းမှာ လုပ်ကြပြန် တယ်။ မလုပ်ဘဲကျန်နေသော စူပါချိပ် ကုမ္ပဏီ အလုပ်သမား ၇၂ယောက်ကို ၃၀-၄-၂၀၁၂ရက်နေ့စွဲနဲ့ စူပါချိပ် ကုမ္ပဏီမှ စာကပ်ထားပါတယ်။ ဒီလူ ၇၂ယောက်ကို ၅၅၀၀ ဘတ်လက် ငင်းငွေရှင်းပြီး ဖီနွန်အိမ်ကုမ္ပဏီ (အေးဂျင်း) မှာလုပ်ရမယ်လို့ ကြေငြာ ထားပါတယ်။ 

၇၂ယောက်ကိုစူပါချိပ်ကုမ္ပဏီမှမလုပ်ပေးတော့ဘူးတဲ့၇၂ ယောက်မှာဖြတ်ထားသော၅၅၀၀ဘတ်ကိုworkpermit
(ဝဋ္ဋ်ပါမစ်) လုပ်ရန်အတွက်ဆိုပြီးကြောင်းပြပ်ါတယ်။ စူပါချိပ်ကုမ္ပဏီမှ work permit(ဝဋ္ဋ်ပါမစ်)ဖိုးဆိုပြီး ဒီ ၇၂   ယောက် မှာဖြတ်ထားပြီးပါပြီ။ ကျွန်တော်တို့မြန်မာ အလုပ်သမားများကို အလုပ်သမားအခွင့်ရေး အမျိုးမျိုး ချိုးဖောက် ခံနေရ တာတွေကို သမ္မတဦးသိန်းစီန်နဲ့တကွ မြန်မာ ဒုအလုပ်သမားဝန်ကြီး ဦးမြင့်သိန်း ပါဝင်တာဝန်ရှိသူ အားလုံး သိ ကြပါ။ သီအောင်လဲကဖြန်ဝေပေးကြပါ အစိမ်းနုရောင် စာအုပ်ထွက်ပြန်တော့မယ်။  

 မြန်မာရွှေပြောင်း အလုပ်သမားများကို ဘယ်လို့ထိုင်းရဲတွေလုပ် တာခံရအုန်းမယ်။ ယာယီနိုင်ငံကူး လက်မှတ်ထုပ်ပေး   မြန်မာအစိုးရကဘယ်လောက်ဝင်ငွေရတယ်ဆို တာမသိဘူး ။    မြန်မာရွှေပြောင်း အလုပ်သမားတွေခံရပြီး ထိုင်းတွေ ကတော့ အမြတ်ငွေအများစွာပါ။ မြန်မာအ စိုးရကတရားဝင်(၅၅၀)ဘတ်ပါ။ ကျွန်တော်တို့ပေးနေရတာက (၅၅၀၀) ဘတ်ပါ။ သမ္မတဦးသိန်းစိန်သိပါစေ ခင်ဗျား။ ရွှေပြောင်းမြန်မာ အလုပ်သမားတွေကိုယ်စားကျွန်တော် ဟန်ဝင်းမှ အသိပေးခြင်းပါခင်ဗျား။ ၆/လ လ န(နိုင်)၀၆၉၁၉၆ ကျွန်တော်ပို့လိုက်သော ဓာတ်ပုံမဖော်ပြလဲရပါတယ်။ သက်သေ တစ်ခုဖြင့်သိမ်းထားပါ။

0 မှတ်ချက်များ for "အမြဲ ခံနေရသော (ယာယီမဟုတ် ) နိုင်ငံကူး လက်မှတ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++