ကျောင်းသား ခေါင်းဆောင် ဟောင်းများနှင့် ဦးရွှေမန်း ဆွေနွေး
အနာဂတ် မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး အတွက် အ သွင် ကူးပြောင်းရေး
ကာလကို မည်သို့ မည်ပုံ ဆောင် ရွက် နေသည်ကို အောက်လွှတ်တော် ဥက္ကဌ
ဦးရွှေမန်း သည်၊ (၈၈) ကျောင်း သား ခေါင်းဆောင်ဟောင်းများနှင့် ယမန်နေ့
မနက်ပိုင်း (9) နာရီတွင် ရန် ကုန်မြို့ရှိ ရွှေဂုံတိုင် တာဝါရှိ ပြည်သူ့
လွှတ်တော် ဥပဒေ ရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်
မရှင် ရန်ကုန် (ရုံးခွဲ) အစည်းအဝေး ခန်းမတွင် ကျင်းပ ခဲ့ပါ သည်။
ထိုဆွေးနွေးပွဲသို့ ၈၈မျိုး ဆက် ကျောင်းသားများ အဖွဲ့မှ မင်းကိုနိုင်၊
ကိုကိုကြီး၊ ပြုံးချို၊ မြအေး၊ ဂျင်မီနှင့် အံ့ဘွယ်ကျော် တို့
တက်ရောက်ခဲ့ကြပြီး အောက်လွှတ်တော်ဖက်မှ သူရဦးရွှေမန်း (ပြည်သူ့ လွှတ်တော်
ဥက္ကဌ)၊ ဦးမောင်မောင်သိမ်း (စီးပွားကူး သန်းရေးနှင့် ကုန်သွယ် လုပ်ငန်း
ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဌ)၊ သူရဦးအေးမြင့် (အားကစား၊
ယဉ်ကျေးမှုနှင့် ပြည် သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ ဥက္ကဌ)၊
ဦးဌေးမြင့် (ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှု လက်မှု ဖွံ့ဖြိုး တိုးတက်ရေး
ကော်မတီ ဥက္ကဌ)၊ သူရဦးအောင်ကို (တရားစီရင်ရေးနှင့် ဥပဒေ ရေးရာ ဆိုင်ရာ
ကော်မတီ ဥက္ကဌ)၊ ဦးအောင်သိန်းလင်း (ပြုပြင်ပြောင်းလဲရေးနှင့်
ဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေး ကော်မတီဥက္ကဌ)၊ ဦးခိုင်မောင်ရည် (ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ်) တို့ တက်ရောက် ခဲ့ကြပါသည်။
ဆွေးနွေးပွဲ မနက်
၉း၀၀ နာရီမှ ၁၀း၃၀ နာရီအထိ တစ်နာရီခွဲကြာ ဆွေးနွေးခဲ့ကြရာတွင်
အသွင်ကူးပြောင်းကာလ နှင့် ပတ် သက်သော အကြောင်းအရာ ကိစ္စရပ်များကို ဆွေးနွေး
ခဲ့ကြပြီး ၈၈ မျိုးဆက် ကျောင်းသားများက ယနေ့ နိုင်ငံေ တာ်၏ ဥပဒေ၊ နည်းဥပဒေ
ကိစ္စရပ်များ၊ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ရေး ကိစ္စနှင့် ပြည်ပရောက်
နိုင်ငံရေး အင်အားစုများ ပြန်လာနိုင်ရေး ကိစ္စရပ်များကို အဓိကထား
ဆွေးနွေးခဲ့ကြပါသည်။
Source -ရွှေဟင်္သာ

0 မှတ်ချက်များ for "ကျောင်းသား ခေါင်းဆောင် ဟောင်းများနှင့် ဦးရွှေမန်း ဆွေနွေး"