တိုင်းရင်းသား ဒေသ ဆင်းရဲမွဲတေ မှုကြောင့် မတည်ငြိမ် တာတွေ ဖြစ်လာနိုင်
![]() |
| Mr.Stephem Groff |
မြန်မာနိုင်ငံက
တိုင်းရင်းသား ပြည်နယ်တွေမှာ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်း ကြီးမားလာနေတာဟာ လက်ရှိ မြန်မာအစိုးရက
ကြိုး ပမ်းနေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အဟန့် အတား
ဖြစ်စေနိုင် သလို လူထုအုံကြွမှုတွေ မငြိမ်မသက် မှုတွေ ဖြစ် လာနိုင် တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ဒီကနေ့  သတိပေး လိုက် ပါတယ်။
ဖြစ်စေနိုင် သလို လူထုအုံကြွမှုတွေ မငြိမ်မသက် မှုတွေ ဖြစ် လာနိုင် တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ဒီကနေ့  သတိပေး လိုက် ပါတယ်။
ဆင်းရဲမွဲတေမှု
အခြေအနေကို လေ့လာတဲ့အခါ မြန်မာနိုင် က ပြည် နယ်တွေရဲ့ ဖွံ့ဖြိုးမှု မညီမျှတဲ့အချက်ကို
ထါင့်သွင်းတွက်ချက်ရ ပါမယ်။
တခြားဆင်ရဲတဲ့ နိုင်တွေလိုပါပဲ။ မြန်မာနိုင်ငံက ဖွံ့ဖြိုးမှု
မညီမမျှ
ဖြစ်နေတဲ့ အခြေအနေဟာ တိုင်းပြည်ပြန်လည် ထူထောင်ရေး လုပ်ငန်း စဉ်တွေကို အဟန့်အတား ဖြစ်စေနိုင် တယ်လို့ အေဒီဘီ အဖွဲ့ရဲ့ ဒုတိယ ဥက္ကဌ Stephen Groff က မြန်မာနိုင်ငံကို လည် ပတ် အပြီး အပြန်မှာ အေးအက်ဖ်ပီ သတင်းဌာနကို ပြောခဲ့ပါတယ်။

ချင်း၊ ရခိုင်နဲ့
ရှမ်းပြည်နယ်တွေမှာ ရင်ဆိုင်နေရတဲ့ အလုပ်လက်မဲ့ ပြဿနာ၊ စိုက်ပျိုးရေး လုပ်ငန်းတွေ အထွက်နည်း တဲ့
အခြေအနေနဲ့ ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတွေမှု အများဆုံ လို့ အေဒီဘီက
သတ်မှတ်ထားပါတယ်။
စိုက်ပျိုးရေး
ကဏ္ဍမှာ အထွက်တိုးအောင် ရင်းနှီးမြုပ်နှံမှုတွေ များလာအောင် ဆောင်ရွက်နိုင် မယ် ပြည် တွင်း
ပြည် ပ ဈေးကွက်တွေကို တိုးပေါက်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ ဆင်းရဲမွဲတေ လျှာ့ချပေးနိုင်မယ့် အနေအ ထား ရှိနေပါတသေးတယ်လို့ လည်း အေဒီဘီ အကြီးအကဲက ပြောခဲ့ပါတယ်။

0 မှတ်ချက်များ for "တိုင်းရင်းသား ဒေသ ဆင်းရဲမွဲတေ မှုကြောင့် မတည်ငြိမ် တာတွေ ဖြစ်လာနိုင်"