တောင်ကြီး အာဏာပိုင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ ပိတ်ပင်
ယနေ့တွင်
ပြုလုပ်ရန် စီစဉ်ထားသည့် တောင် ကြီး မြို့ ရေးအေးကွင်းရပ်ကွက် ကမ္ဘောဇလမ်းရှိ ဟုတ်ကြန့်
ဘုံကျောင်းတွင် ပြုလုပ်မည့် ဘာသာရေးပေါင်းစုံ ငြိမ်း ချမ်းရေးဆုတောင်းပွဲအား ရှမ်းပြည်နယ်
အစိုးရအဖွဲ့က ကျင်းပခွင့်မပြုဘဲ ပိတ်ပင်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရ၏
ခွင့်မပြုကြောင်းကို တောင်းကြီးမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင် မှတစ်ဆင့်
ရေအေး ကွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးအား အကြောင်းကြား ခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့်
ဘာသာရေးပေါင်းစုံဖွဲ့ခေါင်းဆောင်များကို အကြောင်းကြားရန် အဆင့်ဆင့် ညွန်ကြားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
ခွင့်မပြုကြောင်း ရုံးတွင် စာမထွက် ခင်ကတည်းက တောင်း ကြီးမြို့ နယ် ရဲတပ်ဖွဲ့က ခွင့်မပြုကြောင်း ခေါ်ယူပြော ဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ခွင့်မပြုကြောင်း ရုံးတွင် စာမထွက် ခင်ကတည်းက တောင်း ကြီးမြို့ နယ် ရဲတပ်ဖွဲ့က ခွင့်မပြုကြောင်း ခေါ်ယူပြော ဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဘာသာပေါင်းစုံ
ငြိမ်းချမ်းရေးဆုတောင်းပွဲ ကျင်းပနိုင်၇န် ၇ှမ်းပြည်နယ် အမျိုးသားဒီမိုကေ၇စီအဖွဲ့ချုပ်(လူငယ်) နှင့်
(၈၈)မျိုးဆက်ကျောင်းသား (ရှမ်းပြည်နယ်)အဖွဲ့က ဦးဆောင်ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ယခုလ (၁၇)ရက် တွင် တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် အခမ်းအနားကျင်းရန်
ဆွေးနွေးညှိနိုင်းမှူပြုလုပ်ခဲ့ပြီး ၂၀ ရက်တွင် အခမ်းအနား ပြုလုပ်ရန် သတ်မှတ်ခဲ့သော်လည်း
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရုံးက ပြည်နယ် ၀န်ကြီး ချုပ်နေပြည်တော် သွားရောက်နေသဖြင့် တာဝန်ယူ
ကျင်းပခွင့်မပေးခဲ့သောကြောင့် (၃၀)ရက်နေ့ကို ရက်ရွှေ့ဆိုင်း ခဲ့ရသည်ဟု သိရသည်။ ကျင်းပရန်
တစ်ရက်အလိုတွင် ယခုကဲ့သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုချင်းမရှိဘဲ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်တောင်ကြီးမြို့တွင်
ဘာသာပေါင်းစုံ ခေါင်းဆောင်များမှ နိုင်ငံတွင် အေးချမ်းသာယာရေး၊ သာသာပေါင်း စုံ ညီညွတ်ရေး၊
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရးတို့အတွက် ဆုတောင်းပွဲအခမ်းအနားကျင်းပရန်သာ ရည်ရွယ် ခဲ့ခြင်းဖြစ်ကြောင်း
စုံစမ်းသိရသည်။ ယင်းအခမ်းအနားတွင် အလှူငွေပေးအပ်ပွဲပါ ပူးတွဲကျင်းပရန် စီစဉ်ထားသည်ဟု
သိရသည်။


0 မှတ်ချက်များ for "တောင်ကြီး အာဏာပိုင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ ပိတ်ပင်"