ဆန္ဒပြ ဆွာဇီလန် ကျောင်းဆရာများကို ဖိနှိပ်မှု EI ရှုတ်ချ

တောင်ပိုင်းအာဖရိကတိုက်ရှိ EI ကျောင်းဆရာ သမဂ္ဂ ၁၉ ခုမှ ကိုယ်စားလှယ်များ၏ Johanne sburg မြို့ အစည်းအဝေး တွင် ဆန္ဒပြ ဆွာဇီ လန် ကျောင်းဆရာများအပေး ရက်စက်စွာ တိုက်ခိုက်ခြင်းနှင့် ဖမ်းဆီး ထောင် ချခြင်းတို့ကို
ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချလိုက်သည်။

သမဂ္ဂ ခေါင်းဆောင်များက အကြမ်းဖက်မှုကို ချက်ခြင်းရပ်တန့်ရန်နှင့် ဖမ်းဆီးထားသူများ ကို ပြန်လွှတ်ပေး ရန် တောင်းဆိုထားသည်။

ဆွာဇီလန် အမျိုးသားကျောင်းဆရာအစည်းအရုံး (SNAT) က ကျောင်းဆရာလစာ ၄ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်ပေးရန် တောင်းဆိုထားသည်။ ဇွန်လ ၁၃-၁၄ ရက်နေ့ ဆန္ဒပြပွဲများတွင် ကျောင်း ဆရာ ခြောက်
ထောင်ကျော် ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဆွာဇီလန်၊ တောင်အာဖရိက၊ ဇင်ဘာဘွေ၊ ဇမ်ဘီးယား၊ နမ်မီဘီးယား၊ လီဆိုသို၊ ဘော့ဆ၀ါန၊ အင်ဂိုလာနှင့် မိုဇမ်ဘစ် စသည့် တောင်ပိုင်း အာဖရိကနိုင်ငံတို့မှ Education International EI အဖွဲ့ဝင်များ၏ ပထမဆုံး အကြိမ် အစည်းအဝေး ကို ကျင်းပခဲ့ကြခြင်းဖြစ်သည်။

ဒေသတွင်း ကျောင်းဆရာများ၏ စည်းလုံးညီညွတ်မှုနှင့် ဆရာများသမဂ္ဂတို့၏ ပူးပေါင်း ဆောင်ရွက်မှုတို့ အတွက် ဆွေးနွေးခဲ့ ကြသည်။

0 မှတ်ချက်များ for "ဆန္ဒပြ ဆွာဇီလန် ကျောင်းဆရာများကို ဖိနှိပ်မှု EI ရှုတ်ချ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++