တစ်နေ့လျှင် နှစ်ရာကျပ်ဖြင့် ဖုန်းများတွင် G-mailကို ၂၄ နာရီ အသုံးပြုနိုင်မည်
တစ်နေ့ ကျပ်နှစ်ရာဖြင့် အင် တာနက်ဝန်ဆောင်မှု အသုံးပြုထား သည့် ဖုန်းများအားလုံး G-mail 24
နာရီ အသုံးပြုနိုင်မည့်စနစ်ကို အသုံး ပြုနိုင် မည်ဖြစ်ကြောင်း အဆိုပါစနစ် ပြုလုပ်သည့် ရတနာပုံ Call Center မှ သိရသည်။
" အခုပြုလုပ်နေတာက mobile ဖုန်းထဲကနေ E-mail ပို့တဲ့စနစ်ပါ။ G-mail နဲ့
အသုံးပြုရမှာပါ။ သာမန် အင်တာနက် အသုံးပြုတဲ့သူတွေအ တွက်က ဖုန်းနဲ့ အင်တာနက်
ဖွင့် ထားရင် တစ်မိနစ်ကို နှစ်ကျပ်၊ လေး ကျပ် ပေးနေရတဲ့အတွက် ကုန်ကျစ
ရိတ်များမှာပါ။ ဒါ့ကြောင့် ကျွန်တော် တို့အနေနဲ့ တစ်ရက်ကို နှစ်ရာသာ
ကောက်ခံပြီး ဖုန်းနဲ့မေးလ်ပို့နိုင်၊ မေးလ် လက်ခံနိုင်တဲ့စနစ်ကို
ပြုလုပ်ခဲ့တာပါ။E-mail ဘယ်နှစောင်ပဲလာလာ၊ ဘယ်နှစောင်ပဲပို့ပို့ ရပါတယ်။
ဒီစနစ် ကို အသုံးပြုဖို့အတွက် အင်တာ နက်အသုံးပြုနိုင်တဲ့ Dataဖွင့်ထားတဲ့
ဖုန်းတွေ လိုအပ်ပါတယ် "ဟု Call Center မှ တာဝန်ရှိသူတစ်ဦးက ဆို သည်။
အဆိုပါ မိုဘိုင်း Call Center ကို အသုံပြုပါက G-mail Application
တစ်ခုတည်းသာ အသုံးပြု ခွင့်ရမည်ဖြစ်ပြီး Face bookနှင့် အခြားApplication
များကို အသုံး ပြုလိုပါက အင်တာနက် အသုံးပြုခ နှုန်းထား ထပ်မံကောက်ခံသွားမည်
ဟု သိရသည်။ " ကျွန်တော်တို့ဆီက အသုံးပြုခွင့်ပေးထားတဲ့ E-mailတစ် ခုတည်းကို
သုံးရင်တော့ အင်တာနက် Charges မကောက်ပါဘူး" ဟု ယင်းက ပြောသည်။ ယခု
မိုဘိုင်းဖြင့် G-mail အသုံး ပြုသည့် စနစ်အတွက် Call Center မှ Filter
လက်ခံထားခြင်း မရှိဘဲ နိုင်ငံတကာမှာ အသုံးပြုသည့် အတိုင်း ကိုယ့်ရဲ့ G-mail
password ကို မိုဘိုင်းဖုန်းထဲတွင် တိုက်ရိုက်ထည့်ရ မည်ဖြစ်သည်။
အဆိုပါမိုဘိုင်းအင် တာနက်ဖြင့် G-mail အသုံးပြုသည့် စနစ်ကို ၁၆-၆-၂၀၁၂
မှစ၍ ဇွန်လ လကုန်အထိ Call Center တွင် အခမဲ့ သုံးစွဲခွင့်ပေးထားပြီး
အင်တာနက်လိုင်း ရရှိပြီး အင်တာနက် အသုံးပြုနိုင်သည့် Data ရှိသည့်
ဖုန်းများဖြင့် စမ်းသပ်သုံး စွဲနိုင်ကြောင်း သိရသည်။

0 မှတ်ချက်များ for "တစ်နေ့လျှင် နှစ်ရာကျပ်ဖြင့် ဖုန်းများတွင် G-mailကို ၂၄ နာရီ အသုံးပြုနိုင်မည်"