အယ်လ်ကိုဟောနှင့် ဆေးဝါးများ
အရက်တွေကို အလွန်အမင်း သောက်တာက ကျန်းမာရေး ပြဿနာ တွေကို ဖြစ်စေနိုင်ပါတယ်။ အရက်အ လွန်အမင်းသောက် တာကြောင့် အသည်း၊ နှလုံးနဲ့
ဦးနှောက်တွေကို ထိခိုက်စေနိုင် ပါတယ်။ ဒါ့အပြင် ကင်ဆာဖြစ်နိုင်ခြေကို
တိုးစေပြီး ကြွက်သားတွေကို ထိခိုက်စေ ကာ ကိုယ်ခံအား စနစ်ဆိုင်ရာ ဝေဒနာတွေ
ကို ဖြစ်စေနိုင်ပါတယ်။ လူအများစု၊ အထူး သဖြင့် အသက်ကြီးတဲ့သူတွေက ဆရာဝန်
ညွှန်ကြားတဲ့ဆေး၊ မိမိဘာသာ ဝယ်လို့ရ တဲ့ ဆေးနဲ့ ဆေးဖက် ဝင်ဆေးစတဲ့ ဆေး
တွေကို သောက်လေ့ရှိကြပါတယ်။
ဒီလို သောက်နေတဲ့ အသက်ကြီးသူအများစု အနေနဲ့ အရက်သောက်တာကြောင့် ဆေးတွေ
အာနိ သင်ပြည့်ပြည့်ဝ၀ အလုပ် မလုပ်တာဖြစ်နိုင်သလို ဆေးနဲ့ အရက် ဓာတ်ပြုပြီး
ကျန်းမာရေးဆိုးကျိုးရရှိတာ နဲ့ အသက်အန္တရာယ်ထိခိုက်တာတွေကို
ဖြစ်စေနိုင်ပါတယ်။ အများအားဖြင့် ဆေး ဝါးတချို့နဲ့ အရက်ကို တွဲသောက်မိရင်
အိပ်ငိုက်တာ၊ အသိစိတ်ပျောက်တာနဲ့ ကိုယ် ခန္ဓာဟန်ချက်မညီတာတွေကို ဖြစ်စေနိုင်
ပြီး မတော်တဆထိခိုက်မှုနဲ့ ထိခိုက်ဒဏ် ရာရရှိမှုတို့ ဖြစ်နိုင်ခြေရှိပါတယ်။
ဒါ့အပြင် ပျို့ချင်အန်ချင်ဖြစ်တာ၊ အန်တာ၊ ခေါင်း ကိုက်တာနဲ့
တခြားကျန်းမာရေးပြဿနာ တို့ ဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟောနှင့်
တွဲမသောက် သင့် သော ဆေးဝါးအချို့  ဆေးဝါးတချို့က အယ်လ်ကိုဟော နဲ့
ဓာတ်ပြုမှုဖြစ်စေပြီး ဆိုးကျိုးတွေ ဖြစ် လာနိုင်ပါတယ်။ ဥပမာတချို့ကို ပြောပြ
လိုပါတယ်။
- အက်စ်ပရင်ဆေး ဒါမှမဟုတ် အဆစ် ရောင်နာကုသဆေးတွေနဲ့ အယ်လ်ကို ဟောကို
တွဲသောက် တာကြောင့် အစာ အိမ်မှ သွေးထွက်နိုင်ခြေကို တိုးစေနိုင်ပါ တယ်။
- အရက်သောက်ပြီး ပါရာစီတမော အကိုက်အခဲပျောက်ဆေးကို ပမာဏ များ
များသောက်ရင် အသည်း ထိခိုက်မှုကို ပိုဆိုးစေနိုင်ပါတယ်။ à အင်တီဟစ်တာမင်း
(Antihistamines)ပါဝင်တဲ့ အအေးမိပျောက်ဆေး နဲ့ ဓာတ်မတည့်မှုပျောက်ဆေးတွေကို
သောက်ရင် အိပ်ငိုက်စေနိုင်ပါတယ်။
ဒီ ဆေးတွေသောက်ပြီး အရက်သောက်ပါ က
ပိုမိုအိပ်ငိုက်စေပြီး ခန္ဓာကိုယ်ဟန် ချက်ထိန်းချုပ်နိုင်စွမ်းကို
ထိခိုက်စေနိုင်ပါ တယ်။ à အရက်နဲ့အတူ အိပ်ဆေး၊ အကိုက် အခဲပျောက်ဆေး၊
စိတ်ကျရောဂါ ကုသ ဆေးစတာတွေကို တွဲသောက်ရင် ပိုမို အိပ်မောကျသွားစေပြီး
ခန္ဓာကိုယ်ဟန် ချက်ထိန်းနိုင်စွမ်းကို လျော့ကျစေပါတယ်။
- အရက်နဲ့အတူ သွေးတိုးကျဆေး၊ ဆီး ချိုရောဂါကုသဆေး၊ အစာအိမ်အနာကု သဆေး၊
ဂေါက်အ ဆစ်ရောင်နာကုသ ဆေးနဲ့ နှလုံးရောဂါကုသဆေးတွေကို တွဲ သောက်ရင်
ရောဂါအခြေအနေကို ပိုမို ဆိုးရွားစေနိုင်ပါတယ်။
ဆေးဝါးတွေက ခန္ဓာကိုယ်ထဲမှာ နာရီပေါင်းများစွာအထိ ကျန်နေနိုင်ပါတယ်။
ဒါကြောင့် ဆေး သောက်ပြီး နာရီပေါင်းများစွာ ကြာပြီဆို ကာ အရက်သောက်လိုက်ရင်
ကျန်းမာ ရေးပြဿနာဖြစေ် စနိုင်ပါတယ။်
ဒါကြောင့် ဆေးဝါးတွေကို မသောက်ခင်
အညွှန်းကို အရင်ဖတ်ပြီး ညွှန်ကြားချက်အတိုင်း လိုက်နာ သင့်ပါ တယ်။
ဆေးအများစုမှာ ဆေးသောက်နေချိန် အရက်မသောက် ရဆိုပြီး ညွှန်ကြားချက်မျိုး
ပါရှိတတ်ပါ တယ်။
တကယ်လို့ မသေချာရင် ဆေး တချို့သောက်နေတုန်း အရက်သောက်
နိုင်သလား၊ မသောက်နိုင်ဘူးလား ဆိုတာ ကိုသိနိုင်ဖို့ ဆရာဝန်၊
ဆေးဝါးကျွမ်းကျင် သူ ဒါမှမဟုတ် တခြား ကျန်းမာရေးဝန် ထမ်းကို
မေးမြန်း သင့်ပါတယ်။
0 မှတ်ချက်များ for "အယ်လ်ကိုဟောနှင့် ဆေးဝါးများ"