နည်းပညာေ ကျာင်းများ၏ အကြို စာေ မးပွဲ မေးခွန်း ဗဟိုမှ ထုတ်မည်

နည်းပညာ ကျောင်းသားများ၏ အကြို စာမေး ပွဲ မေးခွန်း များကို ဗဟိုမှထုတ်၍ စစ်ဆေး သွားမည် ဟု သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။

အာဆီယံ ဒေသတွင်း စီးပွားရေး အသိုက်အမြုံ အတွင်းသို့ ၂၀၁၅ ခုနှစ်တွင် မြန်မာ ဝင်ရောက်ရမည် ဖြစ်ရာ အိမ်နီးချင်း နိုင်ငံများနှင့် တန်းတူ ယှဉ်ပြိုင်နိုင်ရေး အတွက် ပြင်ဆင်မှု အနေဖြင့် ထိုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ် သည်ဟု ၎င်းက ဆိုသည်။ တက္ကသိုလ် စာသင်နှစ် တစ်နှစ်အတွင်း လေးကြိမ် ဖြေဆိုရသည့် အကြိုစာမေးပွဲ ဟု ခေါ်သော (Pre-Text) စာမေးပွဲ မေးခွန်းကို ယခင်က နည်းပညာ တက္ကသိုလ်များ မှ မေးခွန်းပုံစံများ ကို တောင်းယူ၍ ဗဟိုမှ ဆုံးဖြတ် သတ်မှတ်ပေးခဲ့သော်လည်း ယခုနှစ်တွင် ထိုကဲ့သို့ မတောင်းတော့ဘဲ ဗဟိုကသာ တိုက်ရိုက်ထုတ်ခြင်း ဖြစ်သည်ဟု ၎င်းထံမှ သိရသည်။

ပြည်တွင်းရှိ လုပ်ငန်းခွင်များ အတွင်း နည်းပညာ လုပ်သားများ အရည်အသွေး မပြည့်မီဟု ဝေဖန် သုံးသပ်နေ မှုများ ရှိနေရာ စာသင်နှစ်များ အတွင်း စာတွေ့၊ လက်တွေ့ သင်ပေးခြင်းဖြင့် ထိုအခက် အခဲများကို ပြေ လည်အောင် ဖြေရှင်းပေးနိုင်ရန် အစီအစဉ်တစ်ခု ဖြစ်ကြောင်း ၎င်းက ပြောသည်။စာမေးပွဲ အအောင်၊ အရှုံး ဆုံးဖြတ်ပေးမှုအပေါ် အကျိုးသက်ရောက်မှု ပေးနိုင်သည့် ထို Pre-Text မေးခွန်းအား နိုင်ငံတွင်းရှိ နည်းပညာ တက္ကသိုလ်နှင့် ကောလိပ် ၄၂ ခုတို့အတွက် ဗဟိုအဆင့်က ထုတ်ပေးမည်ဟု သိရသည်။ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး၌ နည်းပညာ တက္ကသိုလ် ကျောင်းသား ၈၀၀၀၀ နီးပါးခန့် ရှိသည်ဟု စာရင်းများအရ သိရသည်။

0 မှတ်ချက်များ for "နည်းပညာေ ကျာင်းများ၏ အကြို စာေ မးပွဲ မေးခွန်း ဗဟိုမှ ထုတ်မည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++