သစ်တော ဥပဒေ ပါဝင်သင့် သော အချက်များ စာတမ်းပြုစု တင်ပြမည်

သစ်တော ဥပဒေ ပြင်ဆင်ရာတွင် ပြည်သူနှင့် ပုဂ္ဂလိက ပူးပေါင်း ပါဝင်မှု မြှင့်တင် လာစေရန် ရည်ရွယ်၍ ဥပဒေကြမ်းတွင် ပါဝင်သင့်သည်များကို အကြံပြုချက်များကို သဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်းရေး အဖွဲ့များက ရေးဆွဲထားသော စာတမ်းကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသို့ တင်ပြမည်ဖြစ်ကြောင်း MERN (Myanmar Environment Rehabilition- Conservation Network) မှ ဥက္ကဋ္ဌ ဦးကျော်တင့်က ပြောသည်။

MERN အဖွဲ့သည် ပြည်တွင်းရှိ သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး အဖွဲ့ပေါင်း ၁၇ ဖွဲ့ ပါဝင်သော အဖွဲ့အစည်း ဖြစ်သည်။ ယင်းစာတမ်းသည် သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး လုပ်ငန်းများနှင့် လူမှုဖူလုံရေး လိုအပ်ချက်များကို ကူညီရာ၌ လူသားနှင့် သစ်တော ထိန်းသိမ်းမှုအကြား ကြုံတွေ့ရသော ပဋိပက္ခများကို အဖြေရှာသည့် နည်းလမ်းများကို ရေးဆွဲ ထားသော စာတမ်းတစ်စောင် ဖြစ်သည်။

“ပြည်သူလူထု ပူးပေါင်း ပါဝင်လာအောင် လုပ်ဖို့အတွက် ဘယ်လို အခက်အခဲတွေ ရှိနေသလဲ ဆိုတာကို အဓိ ကထားပြီး CSO တွေ ဆွေးနွေးကြမယ်။ ဆွေးနွေးလို့ရတဲ့ ရလဒ်တွေကို အထင်မြင် မတိမ်းစောင်းစေတဲ့ သဘောနဲ့ တင်ပြမယ်” ဟု MERN မှ အတွင်းရေးမှူး ဦးဝင်းမျိုးသူက ပြောသည်။ သစ်တော ဥပဒေကို ၁၉၉၂ ခုနှစ်တွင် နောက်ဆုံး ရေးဆွဲခဲ့ပြီး ဆယ်စုနှစ် တစ်ခုကျော် ရှိခဲ့သော သစ်တောဥပဒေကို ပြန် လည်ပြင် ဆင် ရေးဆွဲရာ၌ ပြည်သူလူထု ပါဝင်သော သစ်တောထိန်းသိမ်းခြင်း အခန်းကဏ္ဍ မြှင့်တင် လာစေရန် ရည် ရွယ်ပြီး စာတမ်းပြုစုခြင်း ဖြစ်ကြောင်း ဦးဝင်းမျိုးသူက ပြောသည်။ ယင်းစာတမ်းကို ဇွန်လ နောက်ဆုံး အပတ် တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသို့ တင်ပြမည် ဖြစ်ကြောင်း MERN ဥက္ကဋ္ဌ ဦးကျော်တင့်က ပြောသည်။

0 မှတ်ချက်များ for "သစ်တော ဥပဒေ ပါဝင်သင့် သော အချက်များ စာတမ်းပြုစု တင်ပြမည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++