တပ်မတော်သား ကိုယ်စားလှယ်အချို့ အစားထိုးပြောင်းလဲ

ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရှိ တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းတင် သွင်း ထားသည့် တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ်များ အား အစားထိုးပြောင်းလဲ လိုက်ကြောင်း သိရသည်။

ပာင်းလဲလိုက်သော တပ်မတော်ကိုယ်စားလှယ်များ မှာ ချင်းပြည်နယ် လွှတ်တော်တွင် ဗိုလ်မှူးသက် လွင် (ကြည်း ၂၈၂၆၇) အစား ဗိုလ်မှူး/ ဗိုလ်ကြီး တင်အောင် မိုး(ကြည်း ၃၄၇၂၄)၊ စစ်ကိုင်းတိုင်းဒေ သကြီး လွှတ်တော်တွင် ဗိုလ်မှူး အောင်ဇေငြိမ်း (ကြည်း ၃၃၄၈၃) အစား ဗိုလ်မှူးကျော်မင်းထွဋ်(ကြည်း ၂၁၀၈၂)၊ မွန်ပြည်နယ်လွှတ်တော်တွင် ဗိုလ် မှူးဇော်ထက်(ကြည်း ၂၉၄၀၈ ) အစား ဗိုလ်မှူးဇော်လင်းအောင်(ကြည်း ၂၈၀၄၃)၊ ရခိုင်ပြည်နယ် လွှတ်တော် တွင် ဗိုလ်ကြီး သိန်းထွန်းဦး(ကြည်း၂၅၅၅၀)အစား ဗိုလ်မှူးအောင် ဇင်သန်း(ကြည်း၂၈၃၇၅)တို့ဖြစ်သည်။

အဆိုပါတပ်မတော်သား ကိုယ်စားလှယ်များပြောင်းလဲမှုအတွက် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည် နယ် လွတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၃ နှင့် အညီ အကြောင်းကြားချက်အရ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က စီစစ်ပြီး အစားထိုးပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း ဇွန်လ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်။

0 မှတ်ချက်များ for "တပ်မတော်သား ကိုယ်စားလှယ်အချို့ အစားထိုးပြောင်းလဲ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++