ဇွန်လ (၂၂) ရက်နေ့က ဘရာဇီးနိုင်ငံ ရီအိုဒီဂျနေးရိုး (Rio de Janerio) မြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ ညီလာခံကို အဆုံး သတ်လိုက်ပါပြီ။

ဒီညီလာခံကို တက်ရောက်လာခဲ့ကြတဲ့ နိုင်ငံပေါင်း ၁၉၀ ကျော်က ကိုယ်စားလှယ်တွေက၊  ကမ္ဘာကြီးအတွက် ဆက်လက်ဆောင်ရွက်နေ တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အဆင့်မြှင့်ကြဖို့နဲ့ သန်းပေါင်းထောင်
ေ ပါင်းများစွာသော ဆင်းရဲမွဲတေနေကြတဲ့ လူသားတွေကို ဆင်းရဲတွင်းထဲကနေ ဆွဲထုတ်ကြဖို့ ကတိပြုခဲ့ကြပါတယ်။

မကြာသေးခင်က ကျင်းပပြီးစီးသွားခဲ့တဲ့ စက်မှုထွန်းကားပြီး G 20 နိုင်ငံ (၂၀) ထိပ်သီးအစည်းအဝေးက ကိုယ်စားလှယ်တွေပါ တက်ရောက်ခဲ့ကြတဲ့ ရီအိုဒီဂျနေးရိုး က ဒီညီလာခံရဲ့ တတိယနဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ မနေ့က၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hilary Clinton) က၊ ကမ္ဘာကြီးရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အရင်းအမြစ်တွေကို ဆက်ပြီး ထိန်းသိမ်းစောင့်ရှောက်ကြဖို့အတွက် အရင်နဲ့ မတူကွဲပြားခြားနားတဲ့ တွေးခေါ်စဉ်းစားမှု အသစ်တွေ ဖေါ်ထုတ်ကြဖို့ တောင်းဆိုလိုက်ပါတယ်။

ဒါဟာ မပျက်မကွက်လုပ်ဆောင်ကြရမယ့် ကိစ္စရပ်လည်း ဖြစ်တယ်လို့၊ ၀န်ကြီး ကလင်တန် က ဒီညီလာခံ တက်ရောက်လာကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။ 

ပတ်ဝန်းကျင်ထိန်း သိမ်းရေး တက်ကြွလှုပ်ရှားသူတွေက ရီအိုဒီဂျနေးရိုး က ဒီညီလာခံဟာ အားပျော့ပြီး တိုးတက်မှုလည်းမရှိ  ကတိက၀တ်တွေကလည်း ခိုင်မာမှု မရှိဘူးလို့ အပြစ်တင်ကြပြီးတော့၊ ၀န်ကြီး ကလင် တန်ကတော့ အာဖရိကတိုက်မှာ စွမ်းအင်ဆိုင်ရာ သန့်ရှင်းရေး ဆောင်ရွက်ဖို့အတွက် အမေရိကန်က ဒေါ်လာ သန်း(၂၀) ထောက်ပံ့မယ်လို့ ကြေညာခဲ့ပါတယ်။