မြန်မာ့ဒီမိုကရေစီ ကူညီရန် ဗြိတိန်ကို ဒေါ်ေ အာင်ဆန်းစုကြည်ေ တာင်းဆို
ဗြိတိသျှ ပါလီမန်၏ သမိုင်းဝင် ၀က်စ်မင် စတာခန်းမ ၌ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ငြိမ်းချမ်းရေး နိုဗယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဒီမိုကရေစီ နိုင်ငံအနေဖြင့် မြန်မာ့နိုင်ငံကို ကူညီ ရန် ပြောကြားခဲ့သည်။
"ကျွန်မတို့ဟာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီပြန်လည်တည်ဆောက်နိုင်ဖို့ အခွင့်အရေး ရထားခဲ့ပါ တယ်။ ဒါဟာ ကျွန်မတို့ ဆယ်စုနှစ်များစွာ စောင့်မျှော်ခဲ့ရတဲ့ အခွင့်အရေးဖြစ်ပါတယ်။ ဒီအချိန်မှာ မှန်ကန်တဲ့ ကိစ္စတွေကို မလုပ်ရင် ဒါဟာ နောက်ထပ် အဲဒီလို အခွင့်အလမ်းတစ်ရပ် မပေါ်ခင်အထိ ဆယ်စုနှစ်များ ထပ်ကြာနိုင်ပါတယ်။
ကမ္ဘာ့သက်တမ်းအရင့်ဆုံး ပါလီမန် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအနေနဲ့ ဗြိတိန်ဟာ (မြန်မာရဲ့) ပါလီမန် ဒီမို ကရေစီစနစ် စတင်ကျင့်သုံးဖို့အရေး လိုအပ်တဲ့ အခြေခံကောင်းတွေ ဖြည့် ဆည်းပေးနိုင်ဖို့ ကျွန်မ တောင်း ဆိုလိုပါတယ်" ဟုဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဘုရင်မကြီး အယ်လိဇဘက်ပြီးနောက် ဗြိတိန်လွှတ်တော်နှစ် ရပ်စလုံး တက်သော ပါလီမန်သို့ မိန့်ခွန်းပြောကြားဖူးသည့် ဒုတိယမြောက် အမျိုးသမီးအဖြစ်လည်း မှတ်တမ်း ၀င်ခဲ့သည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၂၁ ရက်က ဗြိတိန်ပါလီမန်တွင် ပထမဆုံး မိန့်ခွန်းပြောကြားဖူးသည့် နိုင်ငံ့အကြီးအကဲမဟုတ်သော၊ အာရှ၏ ပထမဆုံးသောပုဂ္ဂိုလ်ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၂၁ ရက်က ဗြိတိန်ပါလီမန်တွင် ပထမဆုံး မိန့်ခွန်းပြောကြားဖူးသည့် နိုင်ငံ့အကြီးအကဲမဟုတ်သော၊ အာရှ၏ ပထမဆုံးသောပုဂ္ဂိုလ်ဖြစ်သည်။

0 မှတ်ချက်များ for "မြန်မာ့ဒီမိုကရေစီ ကူညီရန် ဗြိတိန်ကို ဒေါ်ေ အာင်ဆန်းစုကြည်ေ တာင်းဆို"