ရောဂါကြောင့် တစ်ကိုယ်လုံး အမွေးထူထပ်စွာ ဖုံးလွှမ်းနေသည့် ညီအစ်မသုံးဦး
လူပေါင်းတစ်ဘီလျံတွင် တစ်ဦးသာ ဖြစ်နိုင်ချေ ရှိသော အလွန်ရှားပါးသည့် ဝံပုလွေရော ဂါ ဟုခေါ်သော မျိုးဗီဇဆိုင်ရာ ရောဂါကြောင့် တစ်ကိုယ် လုံး အမွေးထူထပ်စွာဖုံးလွှမ်းနေသည့် ညီအစ်မ သုံးဦးသည် ယောက်ျား လိုချင်သောကြောင့်
အမွေးကင်းစင်သည့်ဘဝသို့ ရောက် လိုကြောင်း ဖေဖော်ဝါရီလ ၈ရက်နေ့တွင် DMသတင်းဌာနသို့ ပြောကြားခဲ့သည်။
တစ်ကိုယ်လုံး အမွေးဖုံးနေသည့် ညီအစ်မသုံးဦးမှာ ဆာဗီတာ (၂၃နှစ်)၊ မိုနီရှာ (၁၈နှစ်)၊ဆာဗီထရီ (၁၆နှစ်) တို့ဖြစ်ပြီး သူတို့သည်အိန္ဒိယနိုင်ငံအလယ်ပိုင်း
ပြွန်းမြို့အနီးရှိ ရွာငယ်လေး တစ်ရွာ၌ နေ ထိုင်ကြသည်။
သူတို့သည် တစ်နေ့နေ့၌
အထူးလေဆာ ကုထုံးကိုခံယူလျက် အမွေးများ ကင်းစင်သည့်ဘဝကို ခံယူကာ အိမ်ထောင်ပြုရန်အတွက် ရည်မှန်းချက် ထားရှိထားသည် ဟုဆိုသည်။ သူတို့သည်မွေးချင်း ညီအစ်မ ခြောက်ဦးရှိသည့်အနက် သုံးဦးမှာ ယခုကဲ့သို့ အမွေးထူရောဂါရနေခြင်းဖြစ်သည်။
ယင်းလေဆာကုထုံး ခံယူရန်အတွက် တစ်ဦးလျှင် အိန္ဒိယရူပီး၃၅ဝ,ဝဝဝ (အမေရိကန်ဒေါ်လာ ၆,၇၅ဝ) ကုန်ကျမည်ဟုဆိုသည်။

0 မှတ်ချက်များ for "ရောဂါကြောင့် တစ်ကိုယ်လုံး အမွေးထူထပ်စွာ ဖုံးလွှမ်းနေသည့် ညီအစ်မသုံးဦး"