အလှူငွေ လျော့ချ မှုကြောင့် နယ်စပ် ဘော်ဒါေ ဆာင်အချို့ ပိတ်ဖွယ်ရှိ


အလှူရှင်​တွေအလှူ​ငွေ​ လျော့ချဖြတ်​တောက်မှုရဲ့​ အကျိုး​ဆက်အဖြစ်ထိုင်း​-မြန်မာနယ်စပ်တ​လျောက် ​ဘော် ဒါ​ဆောင်​ကျောင်း​တွေ က ​ရွှေ့ပြောင်း​မြန်မာ က​လေး​ငယ်​တွေရဲ့​စား​သောက်​နေ ထိုင်​ရေး​ မ​ရေမရာဖြစ်မှုနဲ့ ကြုံတွ့​ နေရသလိုတချို့ကျာင်း​တွေ ပိတ်ရဖွယ်ရှိ​နေ ပါတယ်။

အလှူရှင် ​တွေနည်း​သွား​တာ​ကြောင့်​ ကရင်ပြည်နယ် တဖက်ကမ်း​ ထိုင်း​နိုင်ငံ တာ့​ခရိုင်မဲ​ဆောက်၊​ ဖိုး​ဖရ၊​ မယ်ရမ၊​ အုန်း​ဖန်း​ မြို့နယ်​တွေမှာရှိတဲ့​ ​ဘော်ဒါ​ဆောင် ထား​ ​ရွှေ့ပြောင်း ​မြန်မာ​ကျောင်း​ ၃၀ ​ကျော် အခက်အခဲ ကြုံနေကြရတာပါ။

ဒေါက်တာ စင်သီယာ​မောင်က “​ဘ္ဒောါ​ဆောင်ကို ​ပေး​တဲ့​အဖွဲအစည်း​တွေက​တော့​ နယ်သာလန်တိုအ​မေရိကား​တိုး​လုံး​ စုပြီး​တော့​ ​ပေး​ကြတဲ့​ အစီအစဉ်​ပေါ့​။ဒီ​ဘောဒါ​ဆောင်​တွေမှာရှိတဲ့​ ရိက္ခာဘက် ဂျက်က အခု မပြည့်​မီတဲ့​အတွက်​ကြောင့်ကြိုပြီးတော့ အ​ကြောင်း​ကြား​ထား​တာ​ပေါ့​။အလှူ​ငွေ​တွေက ၆ လစာပဲ ကျမတိုမှာ ရှိထား​တယ်။ကျန်တဲ့​ ၆ လအတွက်က​တော့​ စိတ်မချရ​သေး​ဘူး​။ ဒီနှစ်ထဲမှာ​တော့​ကျမတိုက တဦး​ချင်း​အလှူရှင်​တွေ နည်း​သွား​တယ်​ပေါ့​။ ပြည်တွင်း​ထဲကိုသွား​ကြရတာလည်း​ ဖြစ်နိုင်တယ်။

ဒါမှ မဟုတ်လည်း​ သူတိုစိတ်ဝင်စား​တဲ့​ တခြား​ကျောင်း​တို့၊ ​ဆေး​ရုံတိုအဲဒီလိုလုပ်ငန်း​စဉ်​တွေ ​ပြောင်း​တာလည်း​ ဖြစ်နိုင်တယ်။ ပုံမှန်အား​ဖြင့်​ အလှူရှင်ကြီး​ကြီး​တွေက လိုအပ်ချက်ရဲ့​ တဝက်ကို ပံ့​ပိုး​နိုင်ပြီး​ ကျန်တဲ့​တဝက်က​တော့​တဦး​ချင်း​အလှူရှင်နဲပဲ သွား​ရတယ်ဆို​တော့​ တဦး​ချင်း​အလှူရှင်​တွေရဲ့​ရန်ပုံ​ငွေ​တွေကလည်း​ ကျမတိုမပြည့်​မီတာလည်း​ ရှိတာ​ပေါ့​လိုပြောပါတယ်။

နယ်စပ်တ​လောက်မှာ ​ဘော်ဒါ​ဆောင်​နေ​ကျောင်း​သူ​ကျောင်း​သား​ပေါင်း​ ၃ ​ထောင်​လောက်ရှိပြီး​ ဒီက​လေး​တွေအတွက်လစဉ် ထိုင်း​ဘတ် ၉ သိန်း​လောက် ကုန်ကျ​နေတယ်လိုဆိုပါတယ်။
က​လေး​တ​ယောက်ကို ကျမတိုလျာထား​ချက်က​တော့​ ဆန်ဆိုရင် ၁၃ ကီလို၊​ ဆီဆိုရင် ကီလိုဝက်၊​ ​နောက် ပဲ၊​အချိုမှုန့်၊ ဆား​နဲပေါင်း​ရင်က​လေး​ တ​ယောက်အတွက်ကိုတလကို ဘတ် ၃၀၀ ရှိတယ်။ အခု က​လေး​ ၃၀၀၀ နီး​ပါး​လောက်ကို ကူညီတာဆို​တော့​ တလကို ၈သိန်းနဲ့ ​ ၉ သိန်း​ကြား​မှာ ကျမတိုရန်ပုံ​ငွေလိုအပ်တယ်။

မဲ​ဆောက်မြို့ ကွယ်က​ဘော ​ဘော်ဒါ​ဆောင်​ကျောင်း​ကဒါရိုက်တာ မန်း​ဗလစိန်က​တော့​ လာမယ့်​ ဇူလိုင်လမှာ ​ကျောင်း​ပိတ်ရမယ့်​အ​နေအထား​ဖြစ်​နေတယ်လိုပြောပါတယ်။

“​ဘော်ဒါ​ဆောင်ရှိတဲ့​ ​ကျောင်း​တွေကိုဇူလိုင်လကျရင် ကူညီ​နေတဲ့​ ပုဂ္ဂိလ်​တွေက ဆက်လက် မကူညီ နိုင်​တော့​ဘူး​ဆိုပြီး​အခုကတည်း​က ​ပြောလာ​တော့​​ကျောင်း​ကလည်း​ဖွင့်​ပီ၊​ ​နွေရာသီ​ကျောင်း​ပိတ်ရက်တုန်း​က ​ပြောတယ်ဆိုရင်ကျ​နော်တိုက ဒီနှစ်က ပိတ်ထား​ရင်လည်း​ ပိတ်ထား​ရမှာ။ အခုက ဖွင့်​နေပီ ဆို​တော့​ ​တော်​တော်ခက်တာ​ပေါ့​။ ဘာနဲစား​မလဲဒီအင်အား​က​ကျွေး​ဖိုကလည်း​ မလွယ်ဘူး​လေ။ အလှူရှင် က သူတိုအ​နေနဲက​တော့​ ရန်ပုံ​ငွေ​တွေမရှိ​တော့​လိုရပ်လိုက်တာ​ပေါ့​။

ကွယ်က​ဘော​ကျောင်း​မှာ​ကျောင်း​သား​ဦး​ရေ ၄၀၀ နီး​ပါး​ရှိပြီး​ အများ​စုက​တော့​ ပြည်တွင်း​က နယ်​မြေလုံခြုံမှု အရ​ကျောင်း​တက်နိုင်တဲ့​ အ​နေအထား​မရှိလို့ လာတက်ကြရတဲ့​ ​ကျောင်း​သူ​ကျောင်း​သား​တွေဖြစ် တယ်လို ​ပြောပါတယ်။

နယ်စပ်တ​လေ်ွာက်ရွှေ့ ​ပြောင်း​ မြန်မာကွန်မြနတီ​ကျောင်း​ပေါင်း​၇၅ ​ကျောင်း​ရှိပြီး​​ဘော်ဒါ​ဆောင် ဖွင့်​ ​ကျောင်း​တွေက​တော့​ ၃၀ ​ကျော်ရှိပါတယ်။

ဒီ​ကျောင်း​တွေကို ပုဂ္ဂလိက အလှူရှင်​တွေကပဲ စာ​ရေး​အ​ထောက်အကူ၊​ အစား​သောက်၊​​ကျောင်း​ဆရာ လစာ စတာ​တွေကို ကူညီကြ​နေ တာပါ။

0 မှတ်ချက်များ for "အလှူငွေ လျော့ချ မှုကြောင့် နယ်စပ် ဘော်ဒါေ ဆာင်အချို့ ပိတ်ဖွယ်ရှိ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++