အီဂျစ်တွင် အာဏာရှင်စနစ် အဆုံးသတ်ပြီဟုဆို

အီဂျစ်သမ္မတ ရွေးကောက်ပွဲ ဒုတိယအကျော့တွင် မိမိ တို့ပါတီ ကိုယ်စားပြု သမ္မတလောင်း မိုဟာ မက်မော်ဆီ သည် ဝန်ကြီးချုပ်ဟောင်း အာမက်ရှာ ဖစ်အား အနိုင်ရ ခဲ့ပြီး ဆယ်စုနှစ် ခြောက်စုတာမျှ စစ်အာဏာရှင် အုပ်ချုပ်ရေးကို အဆုံးသတ်နိုင်ခဲ့ပြီဟု မွတ်ဆလင်ဘရား သားဟုဒ် အဖွဲ့က ဇွန်လ ၁၇ ရက်တွင် ထုတ်ပြန်ကြေ ညာခဲ့သည်။

သို့ရာတွင် သမ္မတ ရွေးကောက်ပွဲ ဒုတိယအကျော့ မတိုင်မီ နှစ်ရက်အလို ဇွန်လ ၁၄ ရက်တွင် အီဂျစ် လွှတ်တော်မှာ တရားမဝင်တော့ကြောင်း၊ တရားရုံးချုပ်က ကြေညာခဲ့ပြီး ဒုတိယအကျော့ရလဒ် မကြေညာ မီတွင်ပင် ယခုအချိန်အထိ တိုင်းပြည်အုပ်ချုပ်ရေးအာဏာ ရယူထားသော စစ်ဘက်ကောင်စီက ၎င်းတို့သည်သာ ဥပဒေပြုအာဏာ အပြည့်အဝရှိသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ကြေညာခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲမည့် အဖွဲ့အား ၎င်းတို့ကိုယ်တိုင် အဖွဲ့ဝင် ၁၀၀ ဖြင့် ဖွဲ့စည်းသွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ကြောင့် လွှတ်တော် မရှိ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိသေးသည့် နိုင်ငံတွင် သမ္မတတစ်ဦးက မည်ကဲ့သို့ အုပ်ချုပ်စီမံရမည်မှာ မေးခွန်းထုတ်ဖွယ် ဖြစ်လာပြီး စစ်ဘက်ကောင်စီက အာဏာမစွန့်လို၍ ရည်ရွယ် လုပ်ဆောင်ခဲ့သည်ဟူသော ဝေဖန်မှုများ ရှိနေသည်။ Brotherhood's Freedom and Justic Party (BFJP) ၏ တရားဝင် ဝက်ဘ်ဆိုက်တွင် “မိုဟာမက်မော်ဆီက အီဂျစ်ရဲ့ လူထုက ရွေးချယ်တဲ့ ပထမဆုံး သမ္မတတစ်ဦးပါ” ဟု ဖော်ပြထားသော်လည်း အာမက်ရှာဖစ်ကဲ့သို့သော မူဘာရက် အစိုးရ အဖွဲ့ဝင်ဟောင်းများ ကမူ ရွေးကောက် ပွဲကို ပြန်ပေးဆွဲခံရခြင်းဟု ဝေဖန်ကြသည်။

သမ္မတဟောင်း မူဘာရက် အစိုးရ ပြုတ်ကျပြီးချိန်မှစ၍ ယခုအချိန်အထိ အုပ်ချုပ်ရေးအာဏာ ရယူထားသော စစ်ဘက်ကောင်စီက အခြေခံဥပဒေကို ငါးလအတွင်း အပြီး ရေးဆွဲသွားမည်ဖြစ်ပြီး လွှတ်တော်တွင် အတည်ပြု ကာ ဒီမိုကရေစီစနစ်သစ်ဆီသို့ အခြေခံဥပဒေသစ်နှင့်အညီ ကူးပြောင်းသွားမည်ဟု ထုတ်ပြန်ကြေညာ ထားသော်လည်း နိုင်ငံတစ်ဝန်းမှ လူထုများက ထိုထုတ်ပြန်ချက်အား မကျေနပ်ကြသောကြောင့် ဆန္ဒပြပွဲများ ပြန် လည်ဖြစ်ပွားလာနိုင်ခြေ ရှိသည်ဟု ကျွမ်းကျင်သူတို့က သုံးသပ်သည်။ အဆိုပါ ထုတ်ပြန်ကြေညာ ချက်နှင့် ပတ်သက်၍ မွတ်ဆလင် ညီရင်းအစ်ကိုများအဖွဲ့က ကျောထောက်နောက်ခံပြုထားသော BFJP ပါတီက မည်သည့်မှတ်ချက်မျိုးမှ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

0 မှတ်ချက်များ for "အီဂျစ်တွင် အာဏာရှင်စနစ် အဆုံးသတ်ပြီဟုဆို"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++