တရုတ် ဆေးဝါး စက်ရုံ ဆယ် ရာခိုင်နှုန်းကျော် ဆေးဝါးများ အန္တရာယ်ရှိ

တရုတ်နိုင်ငံရှိ ဆေးဝါးစက်ရုံများ၌ ထုတ် လုပ်သော
ဆေးတောင့် များအနက် စက်ရုံ ၁၂ ဒသမ ၇ ရာခိုင်နှုန်း တွင် ထုတ်လုပ်သော ဆေးဝါး အတောင့် (Capsule) များမှာ လုံခြုံစိတ်ချရမှု မရှိကြောင်း တရုတ် အစားအ စာနှင့် ဆေးဝါး ကြည့်ကြပ်ရေး အဖွဲ့၏ ထုတ်ပြန်ချက်ကို CNA သတင်းတွင် ဖော်ပြထားသည်။

တရုတ် အစားအစာနှင့် ဆေးဝါး ကြည့်ကြပ်ရေး အဖွဲ့က

ဆေးဝါး ၁၁၅၆၁ အတွဲများကို တစ်လကြာ စောင့်ကြည့် စစ်ဆေးခဲ့ရာတွင် ၅ ဒသမ ၈ ရာခိုင်နှုန်းမှာ ခရိုမီယမ် (chromium) ပါဝင်မှု မြင့်မားလျက် ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါ အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ တရုတ်နိုင်ငံရှိ ဆေးဝါးစက်ရုံများတွင် စက်ရုံ ၂၅၄ ရုံမှ ထုတ် လုပ်သော
ဆေးဝါးများမှာ စိတ်ချလုံခြုံမှု မရှိသည်ကို တွေ့ရှိရသည်။

ခရိုမီယမ်ကို အများအပြား စားသုံးမိပါက ကင်ဆာရောဂါနှင့် အဆိပ်သင့်ခြင်းများ ဖြစ်ပွားစေနိုင်သည်။

0 မှတ်ချက်များ for "တရုတ် ဆေးဝါး စက်ရုံ ဆယ် ရာခိုင်နှုန်းကျော် ဆေးဝါးများ အန္တရာယ်ရှိ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++