တိုက်လေယာဉ် ပစ်ချခံရပြီးနောက် တူရကီ က နေတိုးအဖွဲ့ အစည်းအဝေးခေါ်ယူ

ဇွန်လ၂၂ ရက်တွင် ဆီးရီးယားနိုင်ငံက တူရကီ တိုက်လေ ယာဉ် တစ်စီးအားပစ်ချခဲ့ခြင်း အတွက် ၎င်း တို့၏ တုံ့ပြန်မှု အကြောင်း ဆွေးနွေးရန် တူရကီနိုင်ငံ က နေတိုး အဖွဲ့ ဝင်
နိုင်ငံများနှင့်အစည်းအဝေး တစ်ရပ် ခေါ်ယူ လိုက် သည်။ 

တူရကီနိုင်ငံက နေတိုးတပ်ဖွဲ့၏ ပဋိညာဉ် အချက် (၄) ကို ကိုးကား၍ ယင်းအချက်အရ မဟာမိတ်အဖွဲ့ဝင် နိုင်ငံ တစ်
 နိုင်ငံ အနေဖြင့် ၎င်းတို့နိုင်ငံ၏ လုံခြုံရေး ခြိမ်းခြောက် ခံရ သည်ဟု ခံစားရပါက အစည်းအဝေးတစ် ရပ် ခေါ် ယူနိုင် ကြာင်း ဖော်ပြထားသည်ဟု အရာရှိများက ပြော သည်။

စောစောပိုင်းတွင်လည်း တူရကီ နိုင်ငံခြားရေးဝန်ကြီးက ပစ်ချခံရသော F-4 Phantom တိုက်လေယာဉ် သည် နိုင်ငံတ ကာ လေကြောင်းပိုင်နက်အတွင်း ရှိနေကြောင်း ပြောကြားသည်။ ဆီးရီးယားနိုင်ငံကမူ အဆိုပါလေယာဉ်သည် ဆီးရီးယား လေကြောင်းပိုင်နက်အတွင်း ဝင်ရောက်ခဲ့သည်ဟု အခိုင်အမာ ပြောကြားသည်။ ထို့အပြင် ဆီးရီး ယားနိုင်ငံဘက်မှ ရန်လိုသော ရည်ရွယ်ချက် မရှိခဲ့ကြောင်း ပစ်ချခံရသော တိုက်လေယာဉ်မှာ တူရကီလေ ယာဉ်ဖြစ်ကြောင်း သိရှိရသည်နှင့် လေယာဉ်မှူး နှစ်ဦးအား ကယ်ဆယ်ရန် ဆီးရီးယား ရေတပ်က တူရကီရေ တပ်နှင့်အတူ ပူးတွဲလုပ်ဆောင်ခဲ့ကြောင်း ဆီးရီးယား အာဏာပိုင်များက ပြောကြားသည်။ သို့သော် နေတိုးအဖွဲ့ဝင် မဟာမိတ်များ နိုင်ငံများက ယင်းလုပ်ရပ်အတွက် ဆီးရီးယားနိုင်ငံအား ဝိုင်းဝန်းရှုတ်ချ ပြောဆိုခဲ့ကြသည်။
Ref: BBC

0 မှတ်ချက်များ for "တိုက်လေယာဉ် ပစ်ချခံရပြီးနောက် တူရကီ က နေတိုးအဖွဲ့ အစည်းအဝေးခေါ်ယူ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++