လစ်ဗျား မျိုးနွယ်စုများကြား တိုက်ခိုက် မှုများကြောင့် လူ ၁၀၅ ဦး သေဆုံး
လစ်ဗျားနိုင်ငံ အနောက်ပိုင်းတွင် မကြာသေးမီ ရက်များ အတွင်း ဖြစ်ပေါ်ခဲ့သော
မျိုးနွယ်စုများအကြား တိုက်ခိုက်မှု များကြောင့် လူ ၁၀၅ ဦး သေဆုံးပြီး ၅၀၀
ခန့် ထိခိုက်ဒဏ် ရာ ရရှိခဲ့ကြောင်း လစ်ဗျားအစိုးရက ပြောကြားသည်။
အစိုးရစစ်တပ်များ ချထားပြီး နောက်ပိုင်းတွင်မူ တောင် တန်းထူထပ်ရာ
မျိုးနွယ်စုများ ဒေသတွင် တိုက်ခိုက်မှုများ မရှိတော့ဟု အစိုးရ
ပြောရေးဆိုခွင့်ရှိသူ နာဆာအယ်လ် မာနာက ပြောသည်။
တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ရာ
ဒေသများတွင် လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီ တောင်ဘက် မိုင် ၉၀ သာ
ကွာဝေးသော ကင်တန်၊ မစ်ဒါနှင့် ရှီဂေဂါမြို့နယ်များလည်း ပါဝင်ခဲ့ ပြီး
နိုင်ငံတွင်း၌ အာဏာတည်ရန် ရုန်းကန်နေရသော အစိုးရသစ်အား စမ်းသပ်ခဲ့ကြောင်း
ဘီဘီစီသတင်း တွင် ဖော်ပြ သည်။ ရက်သတ္တပတ် တစ်ပတ်ခန့် ကြာမြင့်ခဲ့သော
တိုက်ခိုက်မှုများမှာ ဇင်တန်နှင့် မစ်ဒါမြို့မှ လက်နက်ကိုင်များနှင့်
အခြားမျိုးနွယ်စု တစ်မျိုးက ထောက်ခံသည့် ရှီဂေဂါမြို့မှ
လက်နက်ကိုင်များအကြား ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း ဘီဘီစီ သတင်းတွင်
ရေးသားသည်။ ယမန်နှစ်ကစ၍ အာဏာရယူခဲ့သော လစ်ဗျားအမျိုးသား အသွင်
ကူးပြောင်းရေး ကောင် စီ (NTC)သည် ကဒါဖီအား ဖြုတ်ချရေး ကြိုးပမ်းမှု
ပဋိပက္ခကြောင့် လက်နက်များ ပေါများစွာ ရှိနေသည့် နိုင်ငံအား တည်ငြိမ်
အေးချမ်းမှုရှိအောင် လုပ်ဆောင်နေရသည်။
Ref:BBC

0 မှတ်ချက်များ for "လစ်ဗျား မျိုးနွယ်စုများကြား တိုက်ခိုက် မှုများကြောင့် လူ ၁၀၅ ဦး သေဆုံး"