ဒီဇယ် မီးခိုးငွေ့ များကြောင့် ကင်ဆာဖြစ်စေနိုင်
ဒီဇယ် အင်ဂျင်တွေက ထွက်လာ တဲ့ မီးခိုးငွေ့တွေကို လူတွေမှာ ကင်ဆာဖြစ်
စေနိုင်တဲ့ အရာအဖြစ် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်းက သတ်မှတ်ခဲ့ပါတယ်။
ဒီဇယ်
အင်ဂျင်မီးခိုးနဲ့ လုံလောက်တဲ့ ထိတွေ့မှုဟာ အဆုတ်ကင်ဆာဖြစ်နိုင်တဲ့
အန္တရာယ်ကို မြင့်တက်စေ တယ်လို့ နိုင်ငံတကာ ကင်ဆာသုတေသန(IARC) က ဆိုခဲ့ပါတယ်။
ဒီဇယ်အင်ဂျင်မီးခိုးငွေ့ ကို ဆေးရွက်ကြီး ထုတ်ကုန်တွေ၊ ကျောက် ဂွမ်းမှုန့်၊
ဘန်ဇင်း၊ ခရမ်း လွန်ရောင်ခြည်နဲ့ တစ်ဆင့်ခံဆေးလိပ်ငွေ့စတာတွေလိုပဲ
ကင်ဆာဖြစ်စေတဲ့ နံပါတ်တစ်အရာ အ ဖြစ် IARC က သတ်မှတ်ထားပါတယ်။
ဒီဇယ်အင်ဂျင်မီးခိုးငွေ့နဲ့ ဆီးအိတ် ကင် ဆာဖြစ်နိုင်ခြေမြင့်တက်မှုအကြား
ဆက် စပ်မှုရှိနေတယ်လို့လည်း မှတ်ချက်ချထား ပါတယ်။ အမေရိကန်အမျိုးသားကင်ဆာ
တက္ကသိုလ်နဲ့ လုပ်ငန်းခွင်ဆိုင်ရာ ဘေး ကင်းရေးဌာနတို့က ဦးဆောင်တဲ့ လေ့
လာမှုကြီးတစ်ခုအရ ဒီဇယ်အင်ဂျင်က ထွက်တဲ့ မီးခိုးငွေ့နဲ့ ထိတွေ့တဲ့
တွင်းတူးအလုပ် သမားတွေဟာ အဆုတ်ကင်ဆာ နဲ့ သေဆုံးနိုင်ခြေ မြင့်မားတယ်ဆိုတဲ့
တွေ့ရှိချက်ကို တွေ့ထားပြီး အဲဒီရလဒ် ကို ၂၀၁၂ မတ်လက အမျိုးသားကင်ဆာ
တက္ကသိုလ်ဆိုင်ရာ ဂျာနယ်မှာ ဖော်ပြခဲ့ ပြီးပါပြီ။
လူတွေဟာ နေ့စဉ် လုပ်ငန်းခွင် ဒါမှ မဟုတ် ကား၊ ဘတ်စကား၊ ဒီဇယ်ရထား၊
ဒီဇယ်သင်္ဘောစတာတွေက ထွက်လာ တဲ့ လေကို ရှူရှိုက်ရာက ဒီဇယ်ဓာတ်ငွေ့ တွေနဲ့
ထိတွေ့နေရပါတယ်။ “တစ်ကမ္ဘာလုံးမှာ ဒီဇယ်ကထွက်တဲ့ အခိုး အငွေ့တွေ ထိတွေ့မှုကို
လျှော့ချ သင့်တယ်”လို့ အမျိုးသားပတ်ဝန်းကျင် ဆိုင်ရာ အေဂျင်စီ
ဒါရိုက်တာပေါ်တာက ဆိုပါတယ်။

0 မှတ်ချက်များ for "ဒီဇယ် မီးခိုးငွေ့ များကြောင့် ကင်ဆာဖြစ်စေနိုင်"