လေဖြတ်ခြင်း အကြောင်း သိသင့်သည်များ

နှလုံးရောဂါပြီးရင် တတိယသေဆုံးမှုအ များဆုံး အကြောင်း ရင်းဖြစ်ပါတယ်။ လေဖြတ်တာက ခန္ဓာကိုယ်ပိုင်းဆိုင် ရာ မသန်စွမ်း မှုဖြစ်စေတဲ့ အထင်ရှားဆုံး အကြောင်းဖြစ်ပါတယ်။

လေဖြတ်တာက နှစ်စဉ် အမေရိကန် လူဦးရေ တစ်သိန်းမှာ ၁၈၀-၃၀ဝဦး ဖြစ် နှုန်းရှိပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဘဝနေထိုင်စားသောက်မှု ပုံစံကြောင့်
လေဖြတ်နိုင်ခြေဖြစ်နှုန်းက တိုးလာနေပါတယ်။

လေဖြတ်သူ သုံးဦးအနက် နှစ်ဦးဟာ အသက် ၆၀ကျော် သူတွေ ဖြစ်ကြပါတယ်။ လေဖြတ်သူ ငါးဦးအနက် တစ်ဦးဟာ တစ်လအတွင်း သေဆုံးနိုင်ခြေ ရှိပါ တယ်။ လေဖြတ်ပြီး အသက်ရှင်သူ တစ် ဝက်လောက်က ခန္ဓာ ကိုယ်ပိုင်း ဆိုင်ရာ မ သန်စွမ်းမှု ဖြစ်တတ်ပါတယ်။

 ဦးနှောက်ဘယ်ဘက်အခြမ်း ထိခိုက် မှုဖြစ်ရင် ခန္ဓာကိုယ်ရဲ့ ညာဘက်အခြမ်း ကို အကြောသေစေနိုင်ပြီး ဦးနှောက်ရဲ့ ညာဘက်အခြမ်း ထိခိုက်မှုဖြစ်ရင် ခန္ဓာ ကိုယ်ရဲ့ ဘယ်ဘက်အခြမ်းကို အကြော သေစေနိုင်ပါတယ်။

သွေးတိုးတာကြောင့် လေဖြတ်ခြင်း ဖြစ်နိုင်ခြေ ၃၀-၅၀ ရာခိုင်နှုန်း ရှိပါတယ်။ à ဆီးချိုသွေးချိုရောဂါ ရှိသူတွေက လေ ဖြတ်နိုင်ခြေ နှစ်ဆ-သုံးဆပိုများပါတယ်။  လေဖြတ်တာဟာ ဦးနှောက်သွေး ကြော ထိခိုက်မှုကြောင့် ဒါမှမဟုတ် သွေး ပံ့ပိုးမှု အနှောင့်အယှက်ရှိတာကြောင့် ဖြစ်နိုင်ပါတယ်။

0 မှတ်ချက်များ for "လေဖြတ်ခြင်း အကြောင်း သိသင့်သည်များ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++