ကျောက်ကပ် ရောဂါ အကြောင်း သိသင့်သည့် အချက်များ

(၁) ကျောက်ကပ် ထိခိုက်မှု ဒါမှမဟုတ် နာတာ ရှည်ကျောက် ကပ်ရောဂါဖြစ်နိုင်ခြေက လွန် ခဲ့တဲ့ ၁၅နှစ်နဲ့ ယှဉ်ရင် နှစ် ဆမြင့်တက်နေပါတယ်။

(၂) ကျောက်ကပ်ဆေးပြီး အသက်ရှင် တဲ့ လူတွေက တစ်ကမ္ဘာလုံးမှာ တစ်သန်း ကျော်ရှိတယ်လို့ လတ် တလောမှာ ခန့် မှန်းထားပါတယ်။

(၃) ဆီးချိုသွေးချိုရောဂါဟာ ကျောက် ကပ်ရော ဂါဖြစ်စေတဲ့ အရေးကြီးတဲ့ အ ကြောင်းရင်းဖြစ်ပြီး ဆီးချိုရောဂါဖြစ်နှုန်း ဟာ အနောက်နိုင်ငံနဲ့ ယှဉ်ရင် အာရှမှာ ငါးဆ ပိုများပါတယ်။

(၄) သွေးတိုးရောဂါကလည်း ကျောက် ကပ်ပျက်စီးစေတဲ့ အရေးကြီးတဲ့ အ ကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်။ ကမ္ဘာ ကျောက်ကပ်ရောဂါဖြစ်နှုန်းက မြင့်တက် လာနေပါတယ်။ သွေးတိုးရော ဂါကြောင့် ကျောက် ကပ်ထိခိုက်နိုင်ခြေက အာရှမှာ လူဖြူတွေနဲ့ ယှဉ်ရင် နှစ်ဆပိုများပါတယ်။

(၅) ကျောက်ကပ်ပျက်စီးမှု ၆၆ ရာခိုင် နှုန်းနီးပါးဟာ သွေးတိုးရောဂါ ဒါမှမ ဟုတ် ဆီးချိုသွေးချိုရော ဂါကြောင့် ဖြစ် တတ်ပါတယ်။

(၆) အိန္ဒိယမှာ နာတာရှည်ကျောက်ကပ် ရောဂါခံစားနေရသူဦးရေမှာ ၇ဒသမ၈၅ သန်းနီးပါး ရှိပါတယ်။

(၇) အမေရိကန်မှာ နာတာရှည်ကျောက် ကပ်ရောဂါဖြစ်သူဦးရေက ၁၁သန်းနဲ့ သန်း ၃၀ ကြားမှာ ရှိတယ်လို့ တွက်ချက် ခန့်မှန်းထားပါတယ်။

(၈) အမေရိကန်မှာ ကျောက်ကပ်အစား ထိုးကုသမှုခံယူတာကြောင့် ကုန်ကျစရိတ် က ၂၀၁၀မှာ အမေရိကန် ဒေါ်လာ ၂၈ ဘီလီယံ ရှိပါတယ်။

(၉) အိန္ဒိယမှာ ကျောက်ကပ်ရောဂါခံစား နေရသူ လူနာ ၉၀ ရာခိုင်နှုန်းဟာ ကုသ မှုအတွက် ကုန်ကျစရိတ်ကို မတတ်နိုင် ကြပါဘူး။

(၁၀) ကျောက်ကပ်ပြတ်လပ်မှုဟာ ကမ္ဘာ လုံးဆိုင်ရာ ပြဿနာဖြစ်နေပြီး အာရှ တိုင်းပြည်တွေမှာ အဆိုးဆုံးဖြစ်ပါတယ်။ ၂၀ဝ၇ အကုန်မှာ လေ့လာထားတဲ့ စစ် တမ်းအရ အမေရိကန်မှာ ကျောက်ကပ် အစားထိုးဖို့ စောင့်ဆိုင်းနေသူ လူနာတွေ က ခုနစ်သောင်းခွဲကျော်ရှိပါတယ်။

1 မှတ်ချက်များ for "ကျောက်ကပ် ရောဂါ အကြောင်း သိသင့်သည့် အချက်များ"

  1. ကျောက်ကပ်ရောင်းစားရင်းတောင် သူဋ္ဌေးဖြစ်နိုင်တာပေါ့နော်
    ဒါပေမယ့် လူတစ်ယောက်ရဲ့ မူလအတိုင်းမရှိတော့တဲပကျော်က်ကပ်အတွက် တော့ တစ်ခုခုချွန်ယွင်းလာမှာ အသေချာပါပဲ..... ပိုက်ဆံဟာ ကျန်းမာရေး၇ဲ့ အဓိက အရေးကြီးတဲ့အရာပါလို့ပြောချင်ပါတယ်

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++