လျှပ်စစ် ဓါတ်အား သုံးစွဲခြင်း အဆင်မပြေမှုရှိပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ

လျှပ်စစ်ဓါတ်အားသုံးစွဲမှု အချိန်ပြည့်ရရှိရန် ဆောင်ရွက်လျက်ရှိပြီး အဆင်မပြေမှုများရှိပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့က ရုပ်သံလိုင်းအချို့မှ တစ်ဆင့် ထုတ်ပြန် ကြေညာသည်။

လက်ရှိအုပ်စုသုံးစုခွဲ၍ အလှည့်ကျမီးပေးစနစ်ဖြင့် ဓါတ်အား ဖြန့်ဖြူးလျက်ရှိကြောင်း၊ အများပြည်သူ လျှပ်စစ်သုံးစွဲမှုနှင့် ပတ်သက်၍ အဆင်မပြေမှုများရှိပါက ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အား ပေးရေးအဖွဲ့ ဥက္ကဋ္ဌ ၊ ဖုန်း ၀၉-၅၀၅၅၉၇၁၊ ၀၉-၈၆၃၇၄၀၃၊ ဒုတိယဥက္ကဋ္ဌ၊ ဖုန်း -၀၉-၅၁၀၀၉၁၆၊ ၀၉-၈၆၀၀၆၉၇၊ အတွင်းရေးမှူးဖုန်း -၀၉-၅၁၀၀၉၁၇၊ ၀၉-၈၆၀၀၆၉၈၊ အင်ဂျင်နီယာချုပ်ဖုန်း -၀၉-၅၀၅၅၉၇၂၊ ၀၉-၈၆၀၀၁၃၆သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

၎င်းအပြင် ဒုတိယအင်ဂျင်နီယာချုပ် (ဓါတ်အားဖြန့်ဖြူးရေး) ၀၉-၈၆၀၀၂၈၈ နှင့် လက်ထောက်အင်ဂျင်နီယာ ချုပ် (ဓါတ်အားဖြန့်ဖြူးရေး) ၀၉-၈၆၃၇၂၆၉သို့ ဆက်သွယ် မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးများသို့လည်း ဆက်သွယ်မေးမြန်းနိုင်ရန် ဖုန်းနံပါတ်များကို ထုတ်ပြန်ထားသည်။ ၎င်းတို့မှာ ခရိုင်အုပ်ချုပ်ရေးမှူး (အရှေ့) ၀၉-၅၀၅၅၉၇၆၊ ၀၉-၈၆၀၀၆၉၂၊ ခရိုင်အုပ်ချုပ်ရေးမှူး (အနောက်) ၀၉-၅၀၅၅၉၇၅၊ ၀၉-၈၆၀၀၆၉၃၊ ခရိုင်အုပ်ချုပ်ရေးမှူး (တောင်) ၀၉-၅၀၅၅၉၇၄၊ ၀၉-၈၆၀၀၆၉၄၊ ခရိုင်အုပ်ချုပ်ရေးမှူး (မြောက်) ၀၉-၅၀၁၄၆၈၁၊ ၀၉-၈၆၀၀၆၉၅ သို့ ဆက်သွယ်မေးမြန်နိုင်သည်။ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးများမှာ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ (အရှေ့) ၀၉-၈၆၀၀၉၈၅၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ (အနောက်) ၀၉-၈၆၀၀၉၈၆၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာ (တောင်) ၀၉-၈၆၀၀၉၈၇၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ (မြောက်) ၀၉-၈၆၀၀၇၅၅ နှင့် ရုံးချုပ်တာဝန်မှူး ၀၁-၂၁၅၀၄၀၊ ၀၁-၂၂၉၁၄၄တို့ ဖြစ်ကြောင်း ရုပ်သံလိုင်းအချို့မှ ကြေညာချက်အရ သိရသည်။

လက်ရှိနိုင်ငံတော်အနှံ့လျှပ်စစ်မီးများ အမြန်ရရှိရေးနိုင်ငံတော် အစိုးရနှင့် အတူ ပြည်တွင်းပြည်ပ ပုဂ္ဂလိက များလည်း ပါဝင်ရင်းနှီးနိုင်ရန် ပုဂ္ဂလိက လျှပ်စစ်မီးထုတ်လုပ်ဖြန့်ဖြူးခြင်းအား ဖိတ်ခေါ်ထားကြောင်း၂၀၁၂ ခုနှစ် ဇွန်လ ၇ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 မှတ်ချက်များ for "လျှပ်စစ် ဓါတ်အား သုံးစွဲခြင်း အဆင်မပြေမှုရှိပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++