အောင်ပန်းသို့ ေ ရာက္ရွိေ နေသာ မိုးပြာဂိုဏ်း (အဓ္ဓမ၀ါဒီ)
(၁၆-၅-၂၀၁၂)ရက် ည(၈း၀၀)နာရီအချိန် ရှမ်းပြည် နယ်တောင် ပိုင်း၊ အောင်ပန်းမြို့၊ အမှတ်(၁)ရပ်ကွက် တွင် နေ ထိုင်သော ဒေါ်နွဲ့နွဲ့ဌေး နေအိမ်တွင် (၁၃-၅-၂၀၁၂)ရက်နေ့ ကတည်းက ရောက်ရှိနေသော မိုးပြာဂိုဏ်း(အဓ္ဓမ၀ါဒီ)
ခေါင်းဆောင်ဦးဥာဏ ၏တပည့်ရင်းဖြစ်သူ ဦးဥတ္တမ(၁၂/မဂဒ(သ)၀၀၀၉၅၆) ရွှေဥမင်ဓမ္မသု ခကျောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး နေသူအား မြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်များက အောင်ပန်းမြို့ မြို့မပြင်သာ ကျောင်းတိုက်သို့ခေါ်ဆောင်ပြီး ...နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့၏ ညွှန်ကြားလွှာအမှတ်(၉၅) (၀ိ-မှုခင်း လုပ်ထုံး) နှင့် အညီ...လုပ်ကိုင်ဆောင်ရွက် ခဲ့ပါသည်။ မြို့နယ်သံဃနာယက အဖွဲ့ဆရာတော်တို့မှ လည်း....ပြည်နယ် သံဃနာယက အဖွဲ့ဆရာတော်၏ ညွှန်ကြား ချက်အရ လည်းကောင်း၊ ပြည်နယ်သာသနာရေး ဦးစီးဌာန၏လျှောက်ထားချက်အရ လည်းကောင်း၊ မြို့နယ်သာ သနာရေးဦးစီး ဌာနနှင့် ပူးပေါင်းကာ အောင်ပန်းမြို့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး
ဦးဆောင် ကာလည်းကောင်း၊ အဆိုပါ အဓ္ဓမ၀ါဒီမိုးပြာဂိုဏ်းခေါင်းဆောင် ဦးဥတ္တမ အား လူဝတ်လဲပေးလိုက်ကြောင်း သိရပါသည်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဗဟိုဌာနချုပ်မှ ညွှန်ကြားလွှာအမှတ်(၉၅) အရ နိုင်ငံတော် ၀ိနည်း ဓိုရ်အဖွဲ့အမှတ်(၁၇/၂၀၁၁)က မိုးပြာဝါဒသည် အဓ္ဓမ၀ါဒ ဟုဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။
မိုးပြာဝါဒခေါင်းဆောင် ဦးဥာဏ သည် သံဃအဖွဲ့အစည်းဆိုင်ရာ ဥပဒေဖြင့် လည်းကောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေဖြင့်လည်းကောင်း အပြစ်ဒဏ်ကျခံနေ ရပြီးဖြစ်ကြောင်း သိရှိရပါသည်။
သို့ဖြစ်၍ ၄င်း ဦးဥာဏ၏ တပည့်ရင်းဖြစ်သူ ဦးဥတ္တမ ကိုလည်း လူဝတ်လဲပြီးနောက် သံဃအဖွဲ့ အစည်းဆိုင်ရာဥပဒေဖြင့်လည်းကောင်း၊ ပြစ်မှုဆိုင်ရာဥပဒေဖြင့်လည်းကောင်း ပြစ်မှုဆိုင်ရာဥပဒေ
ပုဒ်မ-၂၉၅(က) အရ ဘာသာသာသနာကို စော်ကားစေမှုအဖြစ် အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

0 မှတ်ချက်များ for "အောင်ပန်းသို့ ေ ရာက္ရွိေ နေသာ မိုးပြာဂိုဏ်း (အဓ္ဓမ၀ါဒီ)"