လီတာ ရေပုလင်းကို မီးသီးအဖြစ်သုံးပုံ(ရုပ်/သံ)
မြန်မာနိုင်ငံလို
လျှပ်စစ်မီး မလုံလောက်ပဲ အလင်း ငတ်လင့်နေတဲ့ နိုင်ငံတွေအတွက်
အလွန်သင့်တော် တဲ့ နည်းပညာတခုပါ။ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းမှုဆိုင်ရာ
နည်းပညာ တခုဖြစ်တဲ့ ၂ လီ တာ ရေပု လင်းတွေ ထဲ ရေထည့်၊ မျက်နှာကျက်မှာ လျှပ်စစ်
အလင်းအစားသုံးတဲ့ နည်းစနစ်တခု Green Cupboards အွန်လိုင်း သတင်းမှာ
ဖော်ပြ ထားပါ တယ်။
ဖိလစ်ပိုင် နိုင်ငံက အိမ်တွင်းလုပ် နည်းပညာ တခုလည်းဖြစ်ပါတယ်။ နေရောင်ခြည်စွမ်းအင်ကို အပြည့် အ၀ သုံးပြီး ပုလင်း တလုံးကို ၆၀ Watt လျှပ်စစ်မီးသီးတွေလို အသုံးပြုနိုင်တာလည်းဖြစ်ပါတယ်။ အလင်းယိုင်ခြင်း သဘောကို ထူးခြားစွာ အလင်းအတွက် အသုံးပြုနိုင်တာလည်းဖြစ်ပါတယ်။
၂ လီတာ ရေပုလင်းထဲကို ရေအပြည့်ထည့် အဖုံးပိတ်ပြီး အိမ်ခေါင်မိုးမှာ ရေပုလင်းရဲ့ ၃ ပုံ ၁ ပုံကို ဖော် ထားပြီး ကျန် အပိုင်း ကို အိမ်ရဲ့ အတွင်းပိုင်းမှာ မီးသီးအဖြစ် ထားလိုက်တာပါ။ အိမ်တလုံးမှာ အခန်းအကျယ် အ၀န်းအပေါ် မူတည်ပြီး ပုလင်း အရေအတွက်ကို သုံးလို့ ရပါတယ်။ ဒီနည်းစနစ်ကိုပဲ “A litre of Light” လို့ ခေါ်ဆိုပါတယ်။
ဒါကြောင့် ဒီနည်းစနစ်ဟာ မြန်မာနိုင်ငံအတွက် အလွန်အသုံးတည့်ပါတယ်။ အမေရိကန် GE ကုမ္ပဏီကြီး ဆီက မီးစက်ကြီး တွေ ၀ယ်စရာလည်း မလိုဘူး။ နောက်မီတာခလည်း ပေးဆောင်စရာမလိုဘူး။ မီးဖြတ်မှာ၊ အလှည့် ကျပေးတာကို စောင့်ရ မှာလည်း မလိုဘူး။
ဒါပေမယ့် ဒီနည်းစနစ်က အဲယားကွန်းတွေ၊ ကွန်ပျူတာ၊ အင်တာနက်သုံးဖို့ လျှပ်စစ်ဓာတ်အားကိုတော့ မထုတ်ပေးနိုင်တာ ကြောင့် ဒါမျိုးတွေပါ သုံးလို့ရမယ့် နည်းစနစ်တခုကို မြန်မာများ တီထွင်နိုင်လိမ့် မယ်လို့မျှော်လင့်တယ်။
ဂျပန်တွေဟာ လောကဓံကို ခံစားရရင် အံတုဘို့ နည်းပညာတွေ တီထွင်နိုင်ကြတယ်။ မြန်မာတွေလည်း အားကျမခံ အမှောင်ထဲက အလင်းရဖို့ အခု ဖိလစ်ပိုင်ထက်သာတဲ့ နည်းပညာသစ်တခု ကို နှစ်ပေါင်း များစွာကြာ လာပေမယ့် အခုထိ မတီထွင်နိုင်သေးတာ စဉ်းစားစရာပါ။

0 မှတ်ချက်များ for "လီတာ ရေပုလင်းကို မီးသီးအဖြစ်သုံးပုံ(ရုပ်/သံ)"