ဘန်ကောက်မြို့က အမွေးအမှင်ထူတဲ့ ကလေးမ

ဂင်းနစ်စာအုပ်ထဲ ပါနေလို့ နာမည်ကြီးနေတဲ့ Supatra Sasuphan က ကျောင်းမှာလည်း အထင်ရှား ဆုံး ကျောင်းသူ ဖြစ်နေပါတယ်။ မွေးကတည်းက ခန္ဒာကိုယ် နေရာအများအပြားမှာ အမွေး အမှင်တွေပေါက်နေတဲ့သူ ကမ္ဘာတလွှားမှာ စုစုပေါင်း ၅၀ ၀န်းကျင် ရှိခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုတယ်။

အဲဒီထဲမှာ ဘန်ကောက်က အသက် ၁၂ နှစ်သမီး Supatra Sasuphan လည်း တယောက် အပါအ၀င်ပေါ့။
သူ့အကြောင်းကို http://www.thesun.co.uk/sol/homepage/news/3437543/Meet-the-Worlds-Hairiest-Girl.html မှာ ရေးထားပါတယ်။သူ့မျက်နှာ၊ နားရွက်၊ ခြေ၊ လက်၊ ကျောပြင်မှာ အမွေးတွေနဲ့။ 

ဒီအမွေးတွေက လေဆာကုထုံးနဲ့ ဖယ်ထုတ်တာတောင် မရဘူး၊ ပြန်ပေါက်လာတာ ဆိုပဲ။က်လုံးပေါ်ကအမွေးတွေကိုတော့ မေမေက ညှပ်ပေးရတယ်။ ဒါမှ အမြင်ရှင်းမယ်လေ။

အများနဲ့မတူ ထူးခြားနေတော့ လူတော မတိုး ဖြစ်တတ်ပေမယ့် ဒီကလေးမကတော့ သူ့ပတ်ဝန်းကျင်မှာ အဆင်ပြေပြေ နေနိုင်တယ်၊ ထင်ရှားတဲ့ ကလေးတယောက်လည်း ဖြစ်နေတယ် တဲ့။ အမွေးအမှင်အထူဆုံးကလေးမ အဖြစ် ကမ္ဘာ့စံချိန်တင်ထားသူပါ။

“ဂင်းနစ်ကမ္ဘာ့စံချိန်ထဲဝင်တဲ့အတွက် အရမ်း ၀မ်းသာတာပဲ။ အများအားဖြင့် လူတွေက အဲဒီ ဂင်းနစ်ကမ္ဘာ့စံချိန်ထဲ ရောက်ဖို့အတွက် မျိုးစုံ လုပ်ပြခဲ့ရတယ်။ ကျမကတော့ မေးခွန်းလေး နည်းနည်းပါးပါး ဖြေရုံနဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်ထဲ ၀င်သွားတာပဲ” လို့ သူက ဆိုပါတယ်။

“တချို့က ကျမကို မျောက်မျက်နှာနဲ့လူလို့ နောက်ပြောင်တာ ရှိခဲ့ဖူးတယ်။ ခုတော့ သူတို့ ကျမကို မပြောင်ကြတော့ပါဘူး” လို့လည်း ရှင်းပြပါတယ်။
အတန်းထဲမှာ အနိုင်ကျင့်မခံရတော့ဘူးလို့ ဆိုပါတယ်။

အခုတော့ ဒီအမွေးအမှင်တွေနဲ့ ကျင့်သားရနေပြီ၊ တနေ့နေ့မှာတော့ ဒီအမွေးတွေ မပေါက်အောင် ကုသနိုင်လိမ့်မယ် လို့ သူက မျှော်လင့်နေပါတယ်။

သူ့မှာ အမွေးအမှင် ထူလဗျစ် ဖြစ်နေပေမယ့် တခြား ကလေးမတွေလိုပဲ နေထိုင်ရှင်သန်တဲ့သူပါ။ သူငယ်ချင်းများနဲ့ လျှောက်လည်တယ်၊ သီချင်းနားထောင်တယ်၊ ကခုန်မယ်၊ ရေကူးမယ် ဆိုတာတွေက နေ့တိုင်း လုပ်တဲ့ အလုပ်တွေပါပဲ တဲ့။
မိသားစုဓာတ်ပုံမှာ အတူ တွေ့ရတာကတော့ ဖေဖေ Sammrueng, မေမေ Somphon နဲ့ ၁၆ နှစ်အရွယ် မမ Sukanya တို့ ဖြစ်ပါတယ်။ မိဘတွေကတော့ အသက် ၃၉ နှစ်စီ ရှိကြပါပြီ။

အသက်ငယ်ပေမယ့် သူ့မှာ အနာဂတ်ရည်မှန်းချက်တောင် ရှိနေပါတယ်။ အဲဒါကတော့ ဆရာဝန်တယောက် ဖြစ်လာဖို့ပဲ လို့ ဆိုပါတယ်။

“ကျမ ဆရာဝန်ဖြစ်ချင်တယ်။ အဲဒါဆိုရင် လူတွေ ဒဏ်ရာရတဲ့အခါ ကုပေးနိုင်မယ်။ ထိခိုက်ဒဏ်ရာရသူတွေ ကို ကူညီချင်တယ်။ ကုသပေးချင်တယ်” လို့ ၁၂ နှစ်သမီး Supatra Sasuphan က ဆိုပါတယ်။

မြန်မာပြည်မှာလည်း ဒီလို ထူးထူးခြားခြား အမွေးထူတဲ့သူတွေ ရှိခဲ့ဖူးပါတယ်။ သီပေါမင်းခေတ် က ပေါ်ပေါက် ခဲ့တဲ့ ဒီလိုအမွေးအမှင်ပေါများသူတွေဟာ နန်အတွင်းအထိ ရောက်ခဲ့တယ်၊ အနောက် နိုင်ငံသားတွေက သူတို့ကို ဥရောပ၊ အမေရိကရောက်အောင် ခေါ်သွားပြီး ဆပ်ကပ်တွေထဲ သွင်းခဲ့တယ်လို့ ဆိုတယ်။

0 မှတ်ချက်များ for "ဘန်ကောက်မြို့က အမွေးအမှင်ထူတဲ့ ကလေးမ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++