ချင်းပြည်နယ် ပလက်ဝမှာ တပ်မတော်နဲ့ ရခိုင့်တပ်မတော် တိုက်ပွဲဖြစ်။

စက်တင်ဘာ ၁ ၂၀၁၇။ ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုလားတန်မြစ် အနောက် ဖက်အခြမ်း၊ "ကန်သရက်" တောင်တန်း ပေါ်မှာ မြန်မာ့ တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွါး ခဲ့ပါတယ်။

တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်ဘက်က ထိခိုက်မှုတွေများပြားသလို ရခိုင်တပ်မတော် ဘက်က စစ်လက်နက်ပစ္စည်းတွေ အများပြားသိမ်းဆီးရခဲ့တယ်လို့ ရခိုင်တပ်မတော်ဘက်က ပြောပါတယ်။

ရခိုင့်တပ်မတော်ဘက်က တိုက်ပွဲအတွင်း မြန်မာတပ်မတော် အလောင်း (၆)လောင်း အပါအ၀င် ပစ္စတို(၁)လက် လက်နက် ကြီး ၆၀ မမ (၁) လက် MA-2 စစ်သေနတ် (၁) လက် MA -ချေမှုန်းရေးရိုင်ဖယ် (၄) လက်MA-4 ၄၀ မမဗုံးပစ် လောင် ချာတွဲ(၁) လက် အပါအဝင် RPG အသီး ၄၀- မမလောင်ချာအသီးနဲ့ ၊စစ်အသုံးအဆောင်ပစ္စည်း ခဲယမ်းမီး ကျောက် အများအပြားကိုသိမ်းဆည်းရမိတယ်လို့ ရခိုင်တပ်မတော် သတင်းနှင့်ပန်ကြားရေး တာဝန်ခံ ခိုင်သုခကပြောပါတယ်။

လက်ရှိရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောဒေသမှာ ARSA အစွန်းရောက် အကြမ်းဖက်သမားများ ရှင်းလင်းရေးဆိုပြီး မြန်မာ့တပ်မတော်က အင်အားအလုံးအရင်းနဲ့ အကြမ်းဖက်သမားတွေ မရှိတဲ့ပလက်ဝမြို့နယ်ဘက်ကို လမ်းမှားထိုးစစ်လာလို့ ခြောက်လှန့် ပစ်ခတ်တဲ့သဘောပါ လို့လည်း ဆိုပါတယ်။

"ရခိုင်ကို ကယ်ဖို့ မြန်မာတပ်လမ်းမှားနေကြောင်း သိအောင်လို့ နည်းနည်းလေး ခြောက်လှန့် ပစ်လိုက်ရုံပါ" မောင်းတောကို ရိက္ခာပို့တဲ့တပ်က စစ်တွေကနေ ပလက်ဝ၊ ပလက်ဝကနေ ဘူးသီးတောင်၊ ဘူးသီတောင်ကနေ မောင်းတော ကွေ့ပတ်ပြီး ထမ်းသွားနေရရင် ဖတ်ဖတ်မောနေမှာ စိုးလို့ပါ။ ခိုင်သုခကပြောပါတယ်။

 ရခိုင့်တပ်မတော် AAဟာ NCAအပစ်ရပ်လက်မှတ်ရေးထိုးဖို့ မြန်မာ တပ်မတော်ဘက်က လက်မခံသေးသလို စစ်ရေးတင်းမာ နေဆဲ အခြေအနမှာရှိနေပါတယ်။

ရခိုင်တပ်မတော်ဟာ UWSP ၀ပြည်သွေးစည်းညီညွတ်ရေးပါတီကနေ ဦးဆောင်တဲ့ မြောက်ပိုင်းဒေသတိုင်းရင်းသား လက်နက်ကိုင် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေးကော်မတီ FPNCCအဖွဲ့ဝင် တခုဖြစ်ပါတယ်။

0 မှတ်ချက်များ for "ချင်းပြည်နယ် ပလက်ဝမှာ တပ်မတော်နဲ့ ရခိုင့်တပ်မတော် တိုက်ပွဲဖြစ်။"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++