၂မိနစ်တည်းနဲ့ ချိုင်းမွှေးများ အပြောင်ရှင်းနည်း

“ချိုင်းမွှေးတွေရှိနေတာလေးက ချစ်ဖို့ကောင်းလိုက်တာ..”လို့ ပြောတဲ့အသံတွေ တစ်ခါမှ မကြားဖူးပါဘူးနော်။ ယောက်ျားလေးတွေဆိုရင် ကိစ္စသိပ်မရှိပေမယ့် မိန်းကလေးနဲ့ ချိုင်းမွှေးက ဘယ်လိုမှကို မအပ်စပ်လှပါဘူး။
ကြည့်ရလည်း ဆိုးပါတယ်။

 ချိုင်းမွှေးရိတ်ပြန်လျှင်လည်း အမွှေးကြမ်းတွေ ထွက်တတ်ပါတယ်။ နှုတ်မယ်ဆိုရင်လည်း ဇက်ကြောတက်တဲ့ ပြဿနာ မိန်းကလေးတော်တော်များများ ကြုံရပါတယ်။ ဒိတော့ တဖြေးဖြေးနဲ့ ချိုင်းမွှေးတွေ ပါးပြီး လုံးဝအပြောင်ရှင်းတဲ့အထိ ဖြစ်သွားနိုင်တဲ့ နည်းလမ်းလေးကို ဖော်ပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းကတော့ ၂မျိုးတည်းဖြစ်ပါတယ်။ သကြား လက်ဖက်ရည်ဇွန်း ၁ဇွန်း နှင့် သံပုယိုရည် လက်ဖက်ရည်ဇွန်း ၂ဇွန်း တို့ကိုသာ အဓိက လိုအပ်ပါတယ်။

ထိုပစ္စည်းနှစ်မျိုးကို ရောနှောပြီး ချိုင်းနှစ်ဖက်မှာ သုတ်လိမ်းလိုက်ပါ။ (လိမ်းပြီး ဖြစ်နိုင်လျှင် လက်ကို မချထားဘဲ မြှောက်ထားတာ ပိုပြီးအဆင်ပြေပါတယ် ) လိမ်းပြီးသွားလျှင် အနည်းဆုံး ၂မိနစ်ခန့် ကြာအောင် ထားလိုက်ပါ။

 ပြီးနောက် သန့်စင်သော အဝတ်ဖြင့် လိမ်းထားသော နေရာသို့ သုတ်ပြီး ရှင်းလင်းလိုက်ပါ။ ဒီနည်းလမ်းကို တစ်ပါတ် ၂ကြိမ်ခန့် ပြုလုပ်ခြင်းဖြင့် ချိုင်းမွှေးများ တဖြေးဖြေး နည်းပါးလာတာကို မြင်တွေ့ရမှာပါ။
ပုံမှန် လုပ်ဆောင်ခြင်းဖြင့် နောက်ဆုံးမှာ ချိုင်းမွှေး မရှိသလောက်ထိကို ကင်းစင်သွားနိင်မှာပါ။

1 မှတ်ချက်များ for "၂မိနစ်တည်းနဲ့ ချိုင်းမွှေးများ အပြောင်ရှင်းနည်း "

  1. Mr. Gamble Archives - Dr.Mcd
    › gambling 제천 출장샵 › jr-gamble 광주 출장샵 › gambling › jr-gamble Mr. 여수 출장마사지 Gamble · 원주 출장안마 Mr. Gamble · www.gambling.com · 동해 출장샵 Casino.eu · Mr Gamble. View our Casino section for latest news, promotions and ratings.

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++