Facebook ပရဟိတ Project အတွက် အင်ဂျင်နီယာ အယောက် ၁၀၀ ခန့်အပ်

Mark Zuckerberg နဲ့ သူ့ရဲ့ ဇနီးဖြစ်သူ Priscilla Chan တို့ဟာ ဒေါ်လာသန်းပေါင်း 45 ဘီလျံ နီးပါးကြွယ်ဝ ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ပရဟိတ လုပ်ဆောင်မှုကို အတိအကျ မဖော်ပြသေးပေမယ့် အင်ဂျင်နီယာ ၀န်ထမ်း အယောက် ၁၀၀ နီးပါးကို သူရဲ့ ပရဟိတ Project အသစ်အတွက် အမြန်ဆုံး အလုပ်ခန့်မယ်လို့ ပြောခဲ့ပါတယ်။

အလုပ်တွေအားလုံးနီးပါးကို Chang က ထောက်ပံ့လမ်းညွှန်ပေးမှာ ဖြစ်ပြီး CZI Project လို့ နာမည် ပေးထားပြီး  ပညာရေး၊ ဆေးဝါးနဲ့ အခြား နယ်ပယ်တွေမှာလည်း ဒီစုံတွဲကို မြင်လာရမှာပါ။ လွန်ခဲ့တဲ့  ၁၀  လလောက်ကတည်းက CZI အင်ဂျင်နီယာ Team အတွက် 93 ယောက် ပေါင်းထည့်ခဲ့ပါတယ်။ အဲဒါကို တိတ်တဆိတ်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခု အရေအတွက် ပိုတိုးလာတာဖြစ်ပါတယ်။

Product Engineer အတွက် ၂၇ ယောက်လောက်ကို အလုပ်ပေါ်မူတည်ပြီး ချက်ချင်းခန့်မှာဖြစ်ပါတယ်။ CZI Team အနေနဲ့ တကယ့်ကို အံ့သြဖွယ်ရာ ခေါင်းဆောင်မှုနောက်မှာ လျင်မြန်စွာ ကြီးထွား လာတာဖြစ်ပြီး အရင် က Team ရဲ့ Technology Chief ဖြစ်တဲ့ Brain Pinkerton ဟာ Chang နဲ့ မလုပ်ဆောင် လိုတဲ့အတွက် ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

CZI ရဲ့ ပထမဆုံးခြေလှမ်းအနေနဲ့ AI Company တခုမှာ Mapping,Developing Tools နဲ့ Presonalized Learning တွေ အခု လာမည့် ဇန်နဝါရီလထဲမှာ လုပ်ဆောင်လျက် ရှိပါတယ်။ အဲဒီ အင်ဂျင်နီယာတွေရဲ့ စိတ်ကူးစိတ်သန်းကောင်းမှုတွေ ဟာ အနာဂတ် ပရဟိတလောက နဲ့ လောကရဲ့ ကောင်းကျိုးတွေအတွက် ချောမွေ့လှပစေလာမှာ ဖြစ်ပါတယ်။
Ref: Buzzfeed

0 မှတ်ချက်များ for "Facebook ပရဟိတ Project အတွက် အင်ဂျင်နီယာ အယောက် ၁၀၀ ခန့်အပ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++