ခွဲထွက်ရေးသူပုန်နဲ့ တိုက်ခိုက်တဲ့ ယူကရိန်းအစိုးရကို NATO စစ်ရေးလက်နက် စတင်ကူညီပေး

ရုရှားအစိုးရ ထောက်ပံ့ကူညီပေးတဲ့ ယူကရိန်း ခွဲထွက်ရေးသူပုန်ကို တိုက်ခိုက်ဖို့ NATO မဟာမိတ် အဖွဲ့ဝင်နိုင်ငံတွေက ယူကရိန်းအစိုးရကို ဒုံးကျည် ကာကွယ်ရေးစနစ် ပါဝင်တဲ့ စစ်ရေးလက်နက် ပစ္စည်းများ စတင်ထောက်ပံ့ပေးနေပါတယ်။

နိုင်ငံအရှေ့ပိုင်းမှာ ခွဲထွက်ရေးသူပုန်အဖွဲ့နဲ့ တိုက် ခိုက်နေတဲ့ ယူကရိန်းအစိုရတပ်ကို လက်နက် ကူညီ
ပေးဖို့ NATO ညွန့်ပေါင်းအဖွဲ့နဲ့ ပြုလုပ်ခဲ့တဲ့ လျှို့ဝှက်
ဆွေးနွေးပွဲမှာ သဘောတူညီခဲ့ကြပြီး ဒီအစီအစဉ်ကို စတင်အကောင်ထည်ဖော်နေတယ်လို့ ယူကရိန်းကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။ 

ဘယ်နိုင်ငံတွေက ဘယ်လိုလက်နက်တွေ ပေးပို့သလဲဆိုတာကို ကျနော်အတိအကျ မထုတ်ပြောလိုပေမဲ့ ဒီလက်နက်တွေဟာ ကျနော်တို့ဆီကို ရောက်လာနေပြီလို့ ယူကရိန်းကာကွယ်ရေးဝန်ကြီး Valery Heletey ပြောပါတယ်။

NATO ကလည်း ယူကရိန်းနိုင်ငံထဲမှာ ရုရှားစစ်သား ၁၀၀၀ကျော် ၀င်ရာက်ကျူးကျော်လှုပ်ရှားနေတာကြောင့် ယူကရိန်းအစိုးရဘက်မှာ အခိုင်အမာ ရပ်တည်မယ်လို့ ပြောကြားထားပါတယ်။

အမေရိကန်နဲ့ တခြားနိုင်ငံ ၁၄ နိုင်ငံကတပ်ဖွဲ့တွေကလည်း ငြိမ်းချမ်းရေးထိန်းသိမ်းမှုနဲ့တည်ငြိမ်ရေးကို ရည်ရွယ်တဲ့ Rapid Trident စစ်ရေးလေ့ကျင့်မှုကို ယူကရိန်းနိုင်ငံမှာ ၁၁ ရက်ကြာ ပြုလုပ်မယ်လို ဆိုပါတယ်။

ရုရှားလိုလာတဲ့ ယူကရိန်းခွဲထွက်ရေးသူပုန်နဲ့ ယူကရိန်းအစိုးရတပ်ဖွဲ့ကြား ၃ လနီးပါးကြာ တိုက်ပွဲဖြစ်ပွားပြီး ယခုလ အစောပိုင်းမှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ရရှိခဲ့တယ်လို့ ဆိုကြပေမယ့် အပြန်အလှန် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသမှာ တိုက်ပွဲများကြောင့် ဒေသခံ ၂၆၀၀ ကျော် သေဆုံးသွားပါတယ်။

0 မှတ်ချက်များ for "ခွဲထွက်ရေးသူပုန်နဲ့ တိုက်ခိုက်တဲ့ ယူကရိန်းအစိုးရကို NATO စစ်ရေးလက်နက် စတင်ကူညီပေး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++